မြောက်ကိုရီးယား အမျိုးအမည်မသိ ဒုံးကျည်ပစ်လွှတ်။ ကိုရီးယားကျွန်းဆွယ်တင်းမာမှု့ အမြင့်ဆုံးသို့ရောက်ရှိနေစဉ် မြောက်ကိုရီးယားက ခုနစ်ကြိမ်မြောက်ဒုံးကျည်စမ်းသပ်ပစ်လွှတ်
( မေ-၁၄၊ ၂၀၁၇ ) အမျိုးအမည်ခွဲခြားအတည်ပြုနိုင်ခြင်းမရှိသော ဒုံးကျည်ကို မြောက်ကိုရီးယားနိုင်ငံက ယနေ့ပစ်လွှတ်လိုက်ကြောင်း နိုင်ငံတကာမီဒီယာများတွင်ဖော်ပြသည်။
တိုင်ချင်းပစ်ဒုံးကျည်ဟုယူဆရသော ဒုံးကျည်ကို မြောက်ကိုရီးယားက ( ဒေသစံတော်ချိန် ) တနင်္ဂနွေနေ့နံက်စောစောပိုင်း နိုင်ငံအရှေ့မြောက် ကူဆောင်ဒေသမှ ပစ်လွှတ်ခဲ့ရာ ဂျပန်ပိုင်နက် ပင်လယ်ပြင်သို့မကျရောက်မီ မိနစ် ၃၀ ခန့် ပျံသန်းခဲ့ပြီး အကွာအဝေး ကီလိုမီတာ ၇၀၀ ( မိုင်-၄၃၀) ခန့်ရောက်ရှိခဲ့သဖြင့် တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခြင်းဖြစ်သည်ဟု စစ်ဖက်ကျွမ်းကျင်သူများအား ကိုးကား၍ သတင်းတွင်ဖော်ပြသည်။
တောင်ကိုရီးယားတွင် သမ္မတသစ်ရွေးကောက်တင်မြှောက်ပြီးချိန်နှင့်တိုက်ဆိုင်လျှက် မြောက်ကိုရီးယား၏ ခုနစ်ကြိမ်မြောက်ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခြင်းသည် အမြင့်ဆုံးသို့ရောက်ရှိနေသော ကိုရီးယားကျွန်းဆွယ်စစ်ရေးတင်းမာမှု့အား ပိုမိုအရှိန်တိုးမြှင့်ပေးရာရောက်စေမည်ဖြစ်သည်။
Htay Oung
Sunday, May 14, 2017
မြောက်ကိုရီးယား အမျိုးအမည်မသိ ဒုံးကျည်ပစ်လွှတ်။ ကိုရီးယားကျွန်းဆွယ်တင်းမာမှု့ အမြင့်ဆုံးသို့ရောက်ရှိနေစဉ် မြောက်ကိုရီးယားက ခုနစ်ကြိမ်မြောက်ဒုံးကျည်စမ်းသပ်ပစ်လွှတ်
မြောက်ကိုရီးယား အမျိုးအမည်မသိ ဒုံးကျည်ပစ်လွှတ်။ ကိုရီးယားကျွန်းဆွယ်တင်းမာမှု့ အမြင့်ဆုံးသို့ရောက်ရှိနေစဉ် မြောက်ကိုရီးယားက ခုနစ်ကြိမ်မြောက်ဒုံးကျည်စမ်းသပ်ပစ်လွှတ်
Reviewed by Ar Ti
on
8:57 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment