မ ဘ သ အမည် ပြောင်းပြီ
တနင်္ဂနွေ နေ့ က ထုတ်ပြန်သော ကြေငြာချက်တွင်
၎င်းတို့ အသင်းကြီး၏ အမည်ကို ဗုဒ္ဓဓမ္မ အကျိုးတော်
ဆောင် ဖေါင်ဒေးရှင်း (Buddha Philanthropy Foundation) ဟု ပြောင်းလဲလိုက်ပြီ ဖြစ်ကြောင်း
ဖေါ်ပြ ပါရှိတာ တွေ့ရပါတယ်။
၎င်းတို့ အသင်းအား နိုင်ငံတွင် အမြင့်ဆုံး သာသနာပိုင် အဖွဲ့ အစည်းမှ ဆရာတော်ကြီး ၄၇ ပါး စလုံးက တော်လောက်သင့်ပြိဟု
ယူဆကာ ရပိတန်းက ရပ်ကြဖို့ အမိန့် ထုတ်ပြန် လိုက်
ပြီး နောက် ယခုကဲ့သို့ ပြောင်းလဲလိုက်ခြင်း ဖြစ်
ပါတယ်။
ယခုလို ဆရာတော်ကြီးများရဲ့ အမိန့် ကိုပြောင်
ပြောင်တင်းတင်း ဆန့် ကျင်လိုက်တဲ့ အတွက်
သံဃ အဖွဲ့ အစည်း ၂ ခြမ်း ကွဲသွားပြီ ဖြစ်
သည်ဟု ယူဆစရာ တွေ ဖြစ်လာနေပြီး အဖွဲ့ အစည်း
သာမက ထေရ၀ါဒ ဗုဒ္ဓဘာသာမှပင် ခွဲထွက်လာ
နေပြီဟု ယူဆရပါတယ်။ မကြာခင်က တရားပွဲ များ
မှာ အမျိုးသမီးများ အား ခွေး နဲ့ ပေးစားခြင်း။ သံဃာ
တော်များပါ လိုအပ်လျင် စေလွှတ်ပေးမည် ဖြစ်
ကြောင်း ရိုင်းစိုင်း ကြမ်းကြုပ်စွာ ဟောကြားခဲ့ပြီး
နောက် ယခုလို ယူဆစရာတွေ ဖြစ်လာနေပါတယ်။
သို့ဖြစ်၍ ၎င်းတို့ အဖို့ ဆက်လက် လှုပ်ရှားခွင့် ရနေ
ခြင်းသာ ဖြစ်ပါတယ်။ "လူတွေကို ကယ်တင်ဖို့ လုပ်
နေပေမယ့် ရန်သူ့လက်ထဲတွင် ခွေးသေ ၀က်သေ သေချင်နေကြသူ အများအပြား ရှိနေကြောင်း" ဦးဆောင် ဆရာ
တော် တပါး က ဆိုပါတယ်။
နှစ်ပေါင်းများစွာ.စနစ်ဆိုးကြီး အောက်တွင် နေထိုင်
ခဲ့ရသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျင်ပင် လူ ချင်းတူတူ သူချင်းမျ မျ မနေနိုင်ခဲ့ရသည့် အဖြစ်ဆိုး ကြီး
မှ ရုန်းထွက်နိုင်ရေး မနည်း ကုန်းရုန်းထနေရသော အချိန်ကြီးမျိုးတွင် လူထုကြီး အား အဆိုပါ စနစ်ကြီး
အောက်တွင်ပင် ဆက်လက် သာယာ မိန်းမောနေကြ
ရန် ဘာသာရေး ကို အကြောင်းပြုပြီး ခရိုနီ များ နဲ့ လက်မဲကြီး များက အားထုတ်လာကြပါတယ်။
ကျန် အိမ်နီချင်း နိုင်ငံများတွင်တော့ မြန်မာပြည်လို
မျူိး ယခုလို အဖြစ်ဆိုးနဲ့ ကြုံရခြင်း မရှိ၍ အားသွန်
ခွန်စိုက် စီးပွားတက်အောင် လုပ်ကိုင်နေကြပါတယ်။
ဘင်္ဂလားဒေ့ရှ်ပင် ရေငုပ်သင်္ဘော ၂ စီး ၀ယ်ယူ အသုံး
ပြုနေကြပြီး နောငိတချိန် တွင် ယိုးဒယားကဲ့သို့ ထိုနိုင်ငံ သို့ သထိုနိုင်ငံသို့ ပင် မြန်မာတို့ သွားရောက် လုပ်ကိုင်
နေကြရလည်း ဦးဆောင်သံဃာများကတော့ ပန်းပန်
လျက်ပင် ရှိနေအုန်းမည်သာ ဖြစ်ပါတယ်။
ယခုပင် ဦးဆောင် ဆရာတော်များ အနီးတွင် ရောင်စုံ ခရိုနီများက ၀ိုင်းရံ
ချည်းကပ်လာကြပါတယ်။ သို့ အတွက်လည်း အဖွဲ့ဝင် ဆရာတော်တပါး၏ လင်းကြက်တွန်ချိန် တွင် ရိုက်ကူး
ထုတ်လွှင့်ခဲ့သော ဗီဒီယို ဖိုင်တွင် သိန်း တထောင်
ကျော်ခန့် ဘဏ်စာရင်းတွင် ရှိနေပြီဟု ထုတ်ဖေါ် ပြော
ဆို သွားခဲ့ပါတယ်။
သို့အတွက် အချို့သော ဆရာတော်များက မ ဘ သ ကို
မည်သည့် နည်းနှင့်မျ လက်လွှတ်လိုကြခြင်း မရှိပေ။
မ ဘ သ အဖွဲ့ အနေဖြင့် လှုပ်ရှားက လောကုတ္တရာ တရားများကို အားထုတ်စရာပင်မလို လူ ကဲ့သို့ ပင်
ကျင့်ကြံ နေထိုင်နိုင်ပြီး လာဒ်လာဘ များကလည်း အထူးပေါများ ရွင်လန်းလျက် ရှိနေသောကြောင့်ပင်။
ယင်းသည်ကား အဓိက အကြောင်းပင် ဖြစ်တော့
သည်။
အဆိုပါ ကျောင်းထိုင် ဆရာတော်များသာ မ ဘ သ
ခေါင်းစဉ်ဖျောက်ပြီး နေထိုင်ကြရမည် ဆိုက နာမည်
လည်း ထင်ရှားလာစရာ မရှိသဖြင့် လာဒ်လာဘ များ
လည်း မရွှင်၊ တပည့်တပန်းဒကာများလည်း အနားတွင် ၀ိုင်းမနေ ကားကြီးလည်း တ၀ီဝီ လုပ်မနေနိုင်။ ယခု ဆို ကာ
ကွယ်ရေး ဦးစီးချူပ် ကဲ့သို့ အဆင့်ရှိသူ၏ ဆွမ်းကပ်လှု
ဒါန်းခြင်းပင် ခံခဲ့ရသည် မဟုတ်ပါလော။
ဤသည်ကား ခါးသီးလှသော အမှန်တရားပင် ဖြစ်
သည်။
သို့အတွက် သာသနာ ဦးသျောင် ဆရာတော်ကြီး
များရဲ့ အမိန့်ကို ၎င်းတို့က အသက်နှင့် လဲ၍ ကာကွယ်ကြ မည်ဟု ဆိုလာပါကလည်း က္ဈန်တော့် အနေဖြင့် မည်သို့ မျ အံ
အားတသင့် ဖြစ်မိမည် မဟုတ်ပေ။
Brain Wave (ဥဏ်လှိုင်း)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment