မန္တလေးမြို့ဝင် ဂိတ်လေးဂိတ်ကို တိုင်ကြားမှုများလာ၍ ကောက်ခံခွင့်ပေးထားသူများကို ခေါ်ယူသတိပေးမည်
မန္တလေးမြို့တော် စည် ပင်သာယာရေးကော်မတီက လုပ် ကိုင်ခွင့် လေလံပေးထားသည့် မြို့ဝင် ဂိတ်လေးဂိတ်နှင့်ပတ်သက်ပြီး တိုင်ကြားမှုများရှိနေ၍ လမ်း အသုံးပြုခကောက်ခံခွင့်ရရှိထား သော လုပ်ငန်းရှင်နှင့် တစ်ဆင့်ပြန် လည်လုပ်ကိုင်နေသူများကို ခေါ်ယူသတိပေးမည်ဟု မြို့တော် စည်ပင်ကော်မတီဝင် ဦးကျော်ဇော အောင်က ပြောသည်။
မန္တလေးမြို့ဝင် ဂိတ်လေး ဂိတ်ဖြစ်သည့် ရွှေကျင်၊ အောင် ပင်လယ်၊ ထုံးဘို-မြစ်ငယ်နှင့် ရွှေ ကြက်ယက်ဂိတ်တို့တွင် အသုံးပြု ခ ပိုမိုကောက်ခံခြင်းနှင့် အခြား ကိစ္စများ တိုင်ကြားမှု များလာ၍ သီးသန့်ခေါ်ယူတွေ့ဆုံကာ အရေးယူအပြစ်ပေးရန်ရှိကြောင်း ၎င်း က ပြောသည်။
‘‘ကနဦးအနေနဲ့ သတိပေး တာပေါ့။ ဒါမှ ဆက်ပြီးတော့ စည်းကမ်းဖောက်ဖျက်ရင်တော့ ဒဏ် ငွေတွေရိုက်မယ်။ နောက်ဆုံးလုပ် ကိုင်ခွင့်လိုင်စင်ပါ ပြန်သိမ်းသည် အထိ အရေးယူဆောင်ရွက်မယ်’’ ဟု ဦးကျော်ဇောအောင်က ပြော ကြားသည်။
လမ်းအသုံးပြုခကောက်ခံရ မည့် နှုန်းထားများကို မြို့ဝင် ဂိတ် လေးဂိတ်တွင် ဗီနိုင်းများဖြင့် မြင် သာအောင် ဖော်ပြခြင်းများ ပြုလုပ်ခိုင်းထား၍ မြို့တော်ဝန်နှင့် ကော်မတီဝင်များက ရှောင်တခင်ဝင် ရောက်စစ်ဆေးသလို သက်ဆိုင်ရာ အခွန်ဌာနမှ အရာရှိများက လည်း စစ်ဆေးမှုနေကြောင်း၊ ပိုမို ကောက်ခံ၍ တိုင်ကြားမှုများစွာ ရရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
မန္တလေးမြို့တော် စည်ပင် အခွန်ဌာနနှင့် လေလံအောင် သည့် လုပ်ငန်းရှင်များ မေလ ပထမပတ်အတွင်းက တွေ့ဆုံခဲ့ ရာတွင် လမ်းအသုံးပြုခ ပိုမိုကောက်ခံခြင်းမပြုရန်နှင့် ယဉ် ကျေးချိုသာစွာ ဆက်ဆံရန် အထူးမှာကြားခဲ့သည်။
အဆိုပါဂိတ်များတွင် လမ်း အသုံးပြုခံ ကောက်ခံရမည့် နှုန်း ထားများသည် ယာဉ်-ကုန်အလေးချိန်တန် ၂၀ အထိ တစ်တန်လျှင် ၁၅၀ ကျပ်၊ ယာဉ်-ကုန်အ လေးချိန် တန် ၂၀ ထက်ပိုသော ကားများအတွက် ပိုသည့်တန်များ ကို တစ်တန်လျှင် ၃၀၀ ကျပ် ကောက်ခံရန် သတ်မှတ်ထား၍ သတ်မှတ်နှုန်းထားထက် ပိုမို ကောက်ခံပါက မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသို့ တိုင်ကြားနိုင်ကြောင်း သတင်း ထုတ်ပြန်ထားသည်။
မြို့ဝင်ဂိတ်လေးဂိတ်အ တွက် မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီက လမ်းအ သုံးပြုခ ကောက်ခံရန် မတ်လအတွင်းတွင် လေလံခေါ်ယူခဲ့၍ ယခုဘဏ္ဍာနှစ်အတွက် ကျပ်သန်း၁၄,၀၁၀ ဖြင့် လေလံအောင်မြင်ခဲ့ သည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment