ဒေသအချို့ နေရာကွက်မိုးကြီးနိုင်ကမ်းရိုးတန်းဒေသများ လေပြင်းအန္တရာယ် သတိထားရန်လို
မိုးရွာနိုင်သော တိမ် တိုက်များ တိုးဝင်လာ၍ ဒေသအ ချို့နေရာကွက်မိုးကြီးနိုင်ပြီး လေ ဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ကမ်းရိုးတန်းဒေသများ လေပြင်း အန္တရာယ်သတိပြုရန် ဒေါက်တာ ထွန်းလွင်က အသိပေးထားသည်။
မြန်မာနိုင်ငံမြောက်ပိုင်း ဒေသများသို့ အနောက်ဘက်မှ ရွေ့လျားလာသော အနောက် လေပွေလှိုင်းတစ်ခုတိုးဝင်လာပြီး မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ သို့ အနောက်တောင်မုတ်သုံ လေဦးတိုးဝင်လာ၍ တနင်္သာရီ တိုင်းဒေသကြီး အပါအ၀င် မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၌ နေရာကွက် မိုးကြီးနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ပြောကြား သည်။ မေလ ၁၃ ရက်က စတင် ဖြစ်ပွားခဲ့သော လေဖိအားနည်း ရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး ကမ်းရိုးတန်းဒေသများတွင် လေပြင်းနှင့် လှိုင်းအန္တရာယ် ဂရု ပြုရန် သတိပေးထားသည်။
မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက လေဖိ အားနည်းရပ်ဝန်း သတင်းကို မေလ ၁၅ ရက် နံနက်တွင် ပထမ ဆုံးအကြိမ် ထုတ်ပြန်ပြီး ကမ်းရိုးတန်းဒေသများတွင် တစ်နာရီလျှင် လေတိုက်နှုန်း ၃၅ မိုင်မှ မိုင် ၄၀ ကြားတိုက်ခတ်နိုင်ကြောင်း သ တင်းထုတ်ပြန်ထားသည်။ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံဒေသအနှံ့ မိုးရွာနိုင်ကာ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။ မေလ ၁၄ ရက်နှင့် ၁၅ ရက်က ရွာသောမိုးကြောင့် မန္တလေးတိုင်းဒေသကြီး မြို့နယ်အချို့တွင် ရေကြီးနစ်မြုပ်မှု ရင်ဆိုင်ခဲ့ရသည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment