Latest News

Sunday, May 7, 2017

ဧရာဝတီတိုင်းငွေကြေးကိစ္စ စိစစ်ဆဲသာဖြစ်

ဧရာဝတီတိုင်းငွေကြေးကိစ္စ စိစစ်ဆဲသာဖြစ်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဟောင်းက လက်ရှိတိုင်းအစိုးရကို လွှဲပြောင်းပေးဖို့ ရှိနေတဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်းပေါင်းငါးသောင်းရှိတယ်လို့ သတင်းတွေထွက်နေပေမယ့် ငွေပမာဏ ကို အတည်မပြုနိုင်သေးကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးဝင်းဌေးက ပြောပါတယ်။

အခုမှစိစစ်ဆောင်ရွက်နေတာဖြစ်တာကြောင့် ပမာဏကိုတိတိကျကျပြောဖို့ ခက်ခဲနေတယ်လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်စွမ်းအင် ၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌးကပြောပါတယ်။

"စိစစ်ဖို့အဆင့်ပဲ ရှိပါသေးတယ်ဘယ်လောက်လွှဲပြောင်းပေးရမယ်ဆိုတာတို့ မဟုတ်သေးပါဘူး၊စာရင်းဇယားအတိအကျဘယ်လိုဆိုတာတော့ ကျနော်တို့ပြောလို့မရသေးဘူး"

ဧရာဝတီတိုင်းဒေသကြီးရဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေအသုံးပြုပြီး ဘာတွေဆောင်ရွက်ခဲ့လဲဆိုတာနဲ့ပတ်သက်ပြီး ပြည်သူလူထုသိအောင်ချပြပေးဖို့ ဖျာပုံမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဇေယျာသိမ်းက တိုင်းဒေသကြီး လွှတ်တော်မှာ ၂၀၁၆ ခုနှစ် ဇူလိုင်လ တစ်ရက်နေ့က မေးခွန်း မေးမြန်းခဲ့တာဖြစ်ပါတယ်။

အဲဒီမေးခွန်းပေါ်မှာ အစိုးရဟောင်းကနေ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေနဲ့ပတ်သက်ပြီး လက်ရှိ မကွေးတိုင်း အစိုးရအဖွဲ့ကို လွှဲပြောင်းပေးခဲ့ခြင်းမရှိကြောင်းနဲ့ အဲ့ဒီကိစ္စကို တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးကို စစ်ဆေးဆောင်ရွက်စေမယ်ဆိုပြီး အစိုးရအဖွဲ့တာဝန်ရှိသူက၀န်ကြီးတစ်ဦးက ပြန်လည်ဖြေကြား ခဲ့တာဖြစ်ပါတယ်။

အစိုးရ အကူးအပြောင်းမှာ စာရင်းဇယားလွှဲပြောင်းမပေးခဲ့တဲ့အတွက် အခက်အခဲဖြစ်ခဲ့ရတာကြောင့် အခုအချိန်မှာမှ ပြန်လည် စိစစ်ရမှာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။

"အဲဒီကာလတုန်းက စာရင်းစစ်ကပြောတာကတော့ ဒီသက်ဆိုင်တဲ့အဖွဲ့အစည်းတွေက စစ်ဆေးဖို့ စာရင်းဇယားကိုမပေးတာတို့ဘာတို့ပေါ့ ။အဲဒီလိုအနေအထားမျိုးနဲ့ ကြုံရတယ်ဆိုပြီးတော့ ပြန်လည် တင်ပြတာရှိတယ်၊ပြန်လည်တင်ပြတာရှိတော့ အဲဒီစာရင်းဇယားတွေမပြီးတဲ့အပေါ်မှာ ဆက်လက် ဆောင်ရွက်ဖို့က ရှေ့မတိုးဘူးဖြစ်နေတာပေါ့၊ရှေ့မတိုးတဲ့လုပ်ငန်းစဉ်ကိုအခုမှပြန်တိုးရတဲ့ သဘောဖြစ်နေတယ် မေးမြန်းစုံစမ်းနေတုန်းအဆင့်ပဲရှိပါသေးတယ်"

လွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့တဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဇေယျာသိမ်းကတော့ အရင်တိုင်းဒေသကြီးအစိုးရဟောင်းက လက်ရှိအစိုးရသစ်ကို လွှဲပြောင်းပေးရမယ့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေက ကျပ်သိန်းငါးသောင်းနဲ့ ကျပ်သိန်း ၇ သောင်း ကြားမှာရှိတယ်လို့ အာအက်ဖ်အေကို သူကခန့်မှန်းပြောဆိုပါတယ်။

RFA

No comments:

Post a Comment