Latest News

Thursday, May 25, 2017

မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌနဲ့ သီးသန့်တွေ့ဆုံ

မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌနဲ့ သီးသန့်တွေ့ဆုံ

"ဝ" တပ်ဖွဲ့ ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့ဟာ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ ဖွင့်ပွဲရက်ကို တက်ရောက်ပြီး ညီလာခံ ဒုတိယနေ့ကို တက်ရောက်ခြင်းမရှိဘဲ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌနဲ့ တစ်ဖွဲ့ချင်းစီ သီးသန့်တွေ့ဆုံခဲ့ကြပါတယ်။
 
တွေ့ဆုံဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကိုတော့ မီဒီယာတွေထံ ပြောကြားခဲ့ခြင်း မရှိပါဘူး။  
               
မြောက်ပိုင်းမဟာမိတ်အဖွဲ့အနေနဲ့ တရုတ်နိုင်ငံအစိုးရရဲ့တိုက်တွန်းမှုကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံဖွင့်ပွဲကို အထူးကိုယ်စားလှယ်အနေနဲ့ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့ ကိုယ်စားလှယ်တွေဟာ မနက်ဖြန်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံသွားမှာဖြစ်ပြီး ဘာတွေဆွေးနွေးမယ် ဆိုတာကိုတော့ မသိရပါဘူး။

နေပြည်တော် MICC - 2 မှာ ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံဖွင့်ပွဲကို လက်မှတ်ရေးထိုးတားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့အပြင် NCA လက်မှတ်မထိုးထားတဲ့ UWSA ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်၊ KIA  ကချင်လွတ်မြောက်ရေး တပ်မတော်၊  SSPP ရှမ်းပြည်တိုးတက်ရေးပါတီ၊ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်၊ NDAA မိုင်းလားအဖွဲ့ ၊MNDAA ကိုးကန့်အဖွဲ့၊  AA ရက္ခိုင့်တပ်မတော် စတဲ့မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့လည်း တက်ရောက်ခဲ့ကြတာပါ။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံဒုတိယအကြိမ် အစည်းအဝေးမှာ စီးပွားရေး၊နိုင်ငံရေး၊ လူမှုရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်၊ လုံခြုံရေးစတဲ့ အကြောင်းအရာအလိုက် ဆွေးနွေးနေကြတာဖြစ်ပြီး NCA လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ပါဝင်ဆွေးနွေးခွင့် မရှိပါဘူး။

Photo: Win Ko Ko Latt/RFA

No comments:

Post a Comment