နော်ဝေးကုမ္ပဏီ တစ်ခုနှင့် စင်ကာပူအခြေစိုက်ကုမ္ပဏီ ပူးပေါင်း၍ ပြည်တွင်း၌ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရန်ရှိ
စင်ကာပူအခြေစိုက် Yoma Strategic ကုမ္ပဏီက နော်ဝေးအစိုးရပိုင်ကုမ္ပဏီနှင့် ပူး ပေါင်းပြီး မြန်မာနိုင်ငံတွင် လျှပ် စစ်စွမ်းအားဖြန့်ဖြူးမှုလုပ်ငန်းများ လုပ်ကိုင်မည်ဖြစ်ကြောင်း သ တင်းရရှိသည်။
ကျေးလက်ဒေသများတွင် လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းများ နှင့် ဆက်သွယ်ရေးတာဝါတိုင်များ အတွက် လျှပ်စစ်ဓာတ်အားပေး စက်ရုံများနှင့် လျှပ်စစ်မီးပေးစက် များ တည်ထောင်မည်ဖြစ်ကြောင်း Yoma Strategic ကုမ္ပဏီက ထုတ်ပြန်ကြေညာသည်။
အဆိုပါလုပ်ငန်းကို Yoma Strategic နှင့် နော်ဝေးအစိုးရပိုင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်သည့် Norfund တို့က Yoma Micro Power Pte.Ltd အမည်ဖြင့် ဖက် စပ်ကုမ္ပဏီတစ်ခု ထူထောင်လုပ် ကိုင်မည်ဖြစ်သည်။ လုပ်ငန်း စတင်ရန် အမေရိကန်ဒေါ်လာ နှစ်သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး Yoma Strategic က အမေရိကန်ဒေါ်လာ တစ်သန်းထည့်ဝင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီစတင်ရန်နှင့် စစ်ကိုင်းဒေ သအတွင်း ကနဦးလေ့လာစမ်း သပ်မည်ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
လက်ရှိ လျှပ်စစ်မီးမရရှိ သေးသည့် ဒေသများတွင် နေ ရောင်ခြည်သုံးစွမ်းအင်စနစ်များ၊ ဒီဇယ်ဆီသုံးမီးအားပေးစက်များ နှင့် စွမ်းအင်သိုလှောင်မှုစနစ်တို့ ဖြင့် ပူးပေါင်းဆောက်လုပ်ထား သည့် လျှပ်စစ်ဓာတ်အားပေးစက် ရုံများ တည်ဆောက်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
Yoma Micro Power Pte.Ltd တွင် Yoma Strategic နှင့် Norfund တို့က ၄၇ ဒသမ ၅ ရာ ခိုင်နှုန်းစီပိုင်ဆိုင်ပြီး ကျန်သည့် ရှယ်ယာ ၅ ရာခိုင်နှုန်းကို ယခု စီမံ ကိန်းဦးဆောင်သူက ပိုင်ဆိုင် ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။
7Day News Journal
Tuesday, May 9, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment