မန္တလေး-မူဆယ် ဂုတ်တွင်းလမ်းတွင် တံတားသစ်တစ်စင်းတည်ဆောက်ရန်လေ့လာ
တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး၏ အဓိကလမ်း ကြောင်းဖြစ်သော မန္တလေး-မူ ဆယ်လမ်းပိုင်းတွင် ယာဉ်ကြော ကျပ်တည်းပိတ်ဆို့မှုပြဿနာကို ဖြေရှင်းနိုင်ရေး ဂုတ်တွင်း၌ တံ တားသစ်တစ်စင်း တည်ဆောက် ရန် အကြိုလေ့လာမှုများပြုလုပ် နေကြောင်း Oriental Highway ကုမ္ပဏီမှ သတင်းရရှိသည်။
ဂုတ်တွင်း၌ တံတားသစ် တည်ဆောက်ရန် နိုင်ငံခြားသား အင်ဂျင်နီယာများပါဝင်သည့်အ ဖွဲ့က အကြိုလေ့လာနေခြင်းဖြစ် သည်ဟု Oriental Highway ကုမ္ပဏီ၏ဒါရိုက်တာ ဦးမြင့်ဦးက ပြောသည်။
‘‘အခု ပထမအဆင့်အနေနဲ့ Survey လုပ်တာပေါ့။ အဓိက တော့ ဂုတ်တွင်းမှာ ယာဉ်ကြော ကျပ်တာတွေ ဖြေရှင်းနိုင်ဖို့အ တွက်ပါ။ တံတားတည်ဆောက် နိုင်ဖို့ကတော့ အချိန်ယူရဦးမှာပါ။ အခုမှ အစပဲရှိပါသေးတယ်’’ဟု ဦးမြင့်ဦးက ပြောသည်။
ဂုတ်တွင်းတံတားသစ်ကို တရုတ်နည်းပညာဖြင့် တည်ဆောက် နိုင်ရန် စီစဉ်ထားပြီး မန္တလေး-မူဆယ်လမ်းပိုင်းကို BOT (တည်ဆောက်-ပြုပြင်-လွှဲပြောင်း) စနစ်ဖြင့် လုပ်ကိုင်ခွင့်ရထားသည့် Oriental Highway ကုမ္ပဏီက အဓိက တာဝန်ယူတည်ဆောက် မည်ဟုဆိုသည်။
မန္တလေး-မူဆယ်လမ်းပိုင်း ကျောက်မဲမြို့နယ်တွင် တည်ရှိ သည့် ဂုတ်တွင်းဒေသ၌ လမ်း ကြောကျဉ်း၍ အကွေ့အကောက် များသဖြင့် ကားကြီးများ သွားလာ ရခက်ခဲပြီး ယာဉ်ကြောပိတ်ဆို့ ခြင်းများ မကြာခဏ ဖြစ်ပွားနေ သည်။ ယာဉ်ကြောပိတ်ပြဿနာ ကို ဖြေရှင်းနိုင်ရန် Oriental Highway ကုမ္ပဏီသည် တန် ၇၀ ခံနိုင်ရည်ရှိ လေးလမ်းသွား ဂုတ်ထိပ်တံတားသစ်စီမံကိန်းကို သုံးနှစ်အတွင်း အပြီးတည်ဆောက် ရန် စီစဉ်နေကြောင်း ၂၀၁၆ တွင် ကုမ္ပဏီတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့သည်။
သို့သော် တည်ဆောက်ရေး လုပ်ငန်းများ စတင်နိုင်ခြင်း မရှိ သေးဘဲ ဖြစ်နိုင်ခြေ လေ့လာနေ ကြောင်းနှင့် တွေ့ရှိချက်များအ ပေါ် မူတည်ကာ ဝန်ကြီးဌာနထံ တင်ပြ အတည်ပြုချက် ရယူရဦး မည်ဟု ဦးမြင့်ဦးက ပြောသည်။
ကိုလိုနီခေတ်ကတည်းက တည်ဆောက်ခဲ့သည့် သက်တမ်း တစ်ရာကျော်ပြီဖြစ်သော နာမည် ကျော် ဂုတ်ထိပ်တံတားသည် ကား လမ်းမပါရှိဘဲ ရထားများသာ ဖြတ်သန်းသွားလာနိုင်သည်။ မန္တလေး-မူဆယ်လမ်းပိုင်းတွင် နေ့စဉ်ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ် ၆,၀၀၀ ကျော်ရှိ ကြောင်း Oriental Highway ကုမ္ပဏီမှ သတင်းရရှိသည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment