အပူအန္တရာယ် သတိရှိနိုင်ကြစေဖို့
၎-၅-၂၀၁၇
နံနက်(၄း၅၂)နာရီ။
နှစ်စဉ် ဧပြီလ နဲ့ မေလ တွေမှာ အပူချိန်တွေမြင့်တက်နေတဲ့အပြင် လေထုမှာ ရေငွေ့တွေကလည်း ရော နှောပါဝင်လာပြီဖြစ်တယ်။ ဒီအခါ လေအပူချိန် နဲ့ ရေငွေ့အပူချိန် နှစ်ရပ်ပေါင်းကို ခန္ဓာကိုယ်ကခံစားလာရတဲ့အခါ ခံစားရတဲ့အပူချိန်(င်္ Feel Temperature) တွေဟာ ခန္ဓာကိုယ်က ခံနိုင်ရည်ထက် ကျော်လွန်လာတဲ့ပြီး၊ ကျန်းမာရေးဆိုင်ရာ အန္တရာယ်ရှိလာလေ့ရှိပါတယ်။
သာမန်အားဖြင့် အမြင့်ဆုံးအပူချိန် အနည်းဆုံး 28°C(82°F) နဲ့ အထက် နဲ့ လေထုစိုထိုင်းဆ(Relative Humidity) ၄၀% ကျော်လွန်လာတာနဲ့ အပူအန္တရာယ်ကို သတိပြုနေထိုင်ဖို့လိုအပ်လာပြီဖြစ်ပါတယ်။ ဆိုလိုတာကတော့ အပူချိန် 28°C(82°F) ကျော်လာရင် စိုထိုင်းဆ ၄၀% ကျော်မကျော်ကြည့်ဖို့နဲ့ စိုထိုင်းဆ ၄၀% ကျော်လာရင် အပူချိန် 28°C(82°F) ကျော်မကျော် သတိပြုနေထိုင်ကြဖို့လိုပါတယ်။
အပူချိန် 30°C(85°F) မှစတင်ပြီး စိုထိုင်းဆ ၉၀% ကျော်တာနဲ့ အန္တရာယ်ရှိတဲ့အဆင့်ကိုရောက်လာပါပြီ။ အပူချိန် 32°C(90°F) မှ စတင်ပြီး စိုထိုင်းဆ ၉၅% ကျော်တာနဲ့ အန္တရာယ် အလွန်ကြီးတဲ့အဆင့်ကို ရောက်ရှိသွားစေပါတယ်။
ဆိုးတာက အမြင့်ဆုံးအပူချိန် အနည်းဆုံး 28°C(82°F) နဲ့ အထက် နဲ့ လေထုစိုထိုင်းဆ(Relative Humidity) ၄၀% ကျော်လွန်လာတာနဲ့ အပူချိန်ချင်းတူရင် စိုထိုင်းဆများတာက ပို အန္တရာယ်ကြီးတတ်သလို၊ အပူချိန်မြင့်လာရင် စိုထိုင်းဆလျော့ပေမယ့်လည်း အန္တရာယ်ပိုတိုးလာတတ်တဲ့ သဘာဝဖြစ်ပါတယ်။
ဇယားလေးမှာ အပူချိန် နဲ့ စိုထိုင်းဆကိုလိုက်လို့ ခံစားရတဲ့ အပူအန္တရာယ်တွေ ပြောင်းလာပုံကို မိတ်ဆွေတို့ သတိပြုနေထိုင်ကြဖို့ တိုက်တွန်း အကြံပေးလိုပါတယ်။ အထူးသဖြင့် ကလေးသူငယ်များရှိကြတဲ့မိဘများနဲ့ သက်ကြီးရွယ်အိုမိဘများရှိကြတဲ့သားသမီးများ ကျန်းမာရေးစောင့်ရှောက်မှုပေး ကြရာမှာ အထူးသတိထားဖစချင်ပါတယ်။
ဒေါက်တာထွန်းလွင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment