Latest News

Wednesday, May 17, 2017

ဒီချုပ်နာယကဦးတင်ဦး သတိပြန်ရလာသော်လည်း စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေသေး

ဒီချုပ်နာယကဦးတင်ဦး သတိပြန်ရလာသော်လည်း
စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေသေး

ရန်ကုန် -မေ ၁၈

ဒီချုပ်နာယက သူရဦးတင်ဦးဟာ သတိပြန်ရလာပေမယ့် အသက်အရွယ်နဲ့ ရောဂါအခံတွေရှိနေတာကြောင့် စိုးရိမ်ရတဲ့အခြေအနေရှိနေသေးတယ်လို့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

'' လက်ရှိမှာ အထူးကြပ်မတ်ဆောင်မှာ ဂရုတစိုက်ကုသပေးနေပါတယ်။ဦးတင်ဦးကအသက် ၉၁ နှစ်ရှိပြီ ။ သွေးတိုးနဲ့နှလုံးရောဂါအခံရှိနေပါတယ် ။ ဦးနှောက်ကိုသွားတဲ့သွေးကြောပိတ်တာပါ ။ ငယ်ရင် ပြောလို့ ရပေမယ့် အခုကတော့ ယတိပြတ်မပြောနိုင်သေးပါဘူး ၊ စိုးရိမ်ရတဲ့အခြေအနေရှိနေပါသေးတယ်'' လို့ ဒေါက်တာအေးကိုကို ကပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နာယက သူရဦးတင်ဦးဟာ မနေ့က (မေလ ၁၇) ရက်နေ့ ည ၁၁ နာရီကျော်ကျော်မှာ သူ့ရဲ့ နေအိမ် ရေချိုးခန်းထဲမှာ ချော်လဲကာ ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် ရန်ကုန်ဆေးရုံကြီးမှာ ကုသနေရပြီး လတ်တလောတော့ ပြန်လည်သတိရလာပြီဖြစ်ပါတယ်။

ဒီကနေ့ ညနေ ၃ နာရီမှာတော့ ရွှေ့တိဂုံစေတီတော်၊စနေထောင့်မှာ ဦးတင်ဦးကျန်းမာရေး ပြန်လည်ကောင်းမွန်လာစေဖို့  ဆုတောင်းပွဲပြုလုပ်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဦးမြင့်ဌေးကပြောပါတယ်။ အဆိုပါ ဆုတောင်းပွဲကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းပါ တက်ရောက်ဖွယ်ရှိနေတယ်လို့ သူကပြောပါတယ်။

ဖြိုးထက်အောင်
ဓာတ်ပုံ -ကိုသန့်ဇင်
PopularNews

No comments:

Post a Comment