သာသနာရေးဝန်ကြီးနှုတ်ထွက်ဖို့ဆန္ဒပြပွဲ ထောက်ပံ့ကြေးမရသူ
တရာကျော်ရှိ
သာသနာရေးဝန်ကြီး သူရဦးအောင်ကို နှုတ်ထွက်ပေးဖို့ နေပြည်တော်ကောင်စီနယ်မြေ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တွေထဲက ထောက်ပံ့ကြေးမရသူတွေနဲ့ နေရပ်ပြန်ဖို့ ငွေကြေးအခက်အခဲ တွေ့ခဲ့သူ အယောက်တရာ ကျော်လောက်က ဝန်ကြီးဌာနကို အကြောင်းကြားလာတယ်လို့ သိရပါတယ်။
ဝန်ကြီးဌာနကို ဖုန်းဆက်ပြော တာ၊ E-mail ကတဆင့် ပြောတာတွေကို ရရှိထားပြီး မှန်ကန်အောင်စိစစ်နေတယ်လို့ သာသနာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောပါတယ်။
ဆန္ဒပြပွဲမှာပါဝင်ပြီး နစ်နာခဲ့သူတွေအနေနဲ့ ဝန်ကြီးဌာနကို အသိပေးအကြောင်းကြားနိုင်ကြောင်း မေလ ၂၃ ရက် နေ့က ကြေညာခဲ့ပြီးနောက် သုံးရက်အတွင်းမှာ အခုလို ဆက်သွယ်ပြောဆိုလာကြတာလို့ ဆိုပါတယ်။
မြန်မာ ဗုဒ္ဓဘာသာ နိုးကြားရေးအသင်း-ရန်ကုန်က ဦးဆောင်ပြုလုပ်ခဲ့တဲ့ အဲဒီဆန္ဒပြပွဲအတွက် ငွေကျပ်သိန်း ၈ ထောင် ကျော်သုံးစွဲခဲ့ပြီး တက်ရောက်သူတွေကို ငွေကြေးထောက်ပံ့ပေးခဲ့တယ် ဆိုတဲ့သတင်းတွေ ကြားသိနေရ ကြောင်း သာသနာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ထောက်ပံ့ကြေးမရကြောင်း အသိပေး အကြောင်းကြားလာတာတွေကို စိစစ်ပြီး ဝန်ကြီးဌာနက ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။
RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment