မြောက်ကိုရီးယားနဲ့ စစ်ဖြစ်နိုင်ချေများတယ်လို့ တောင်ကိုရီးယားသမ္မတပြော
မြောက်ကိုရီးယားနဲ့ စစ်မက်ပဋိပက္ခဖြစ်ပွားဖို့ ဖြစ်နိုင်ချေ ကြီးကြီးမားမားရှိတယ်လို့ တောင်ကိုရီးယား သမ္မတသစ် မွန်းဂျဲအင်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
တောင်ကိုရီးယားနိုင်ငံအနေနဲ့ မြောက်ကိုရီးယားဘက်က တိုက်ခိုက်လာခဲ့ရင် တန်ပြန်တိုက်ခိုက်ဖို့ အသင့်ရှိတယ်လို့လည်း သူက ပြောပါတယ်။
မြောက်ကိုရီးယားဟာ အမေရိကန်ရဲ့ ကျူးကျော်တိုက်ခိုက်မှုကို တန်ပြန်နိုင်ဖို့ နူကလီယားနဲ့ ဒုံးကျဉ်လက်နက် လိုအပ်တယ်လို့ ပြောထားပြီး၊ ကုလသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့ ဖိအားပေးမှု အသစ်နဲ့လည်း ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။
တောင်ကိုရီးယားကတော့ မြောက်ကိုရီးယားနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ပြန်ဖွင့်လှစ်လိုတဲ့ ဆန္ဒရှိကြောင်း ပြောထားပြီး၊ ဒဏ်ခတ်ပိတ်ဆို့မှုနည်းလမ်းရော တွေ့ဆုံဆွေးနွေးရေးနည်းလမ်းပါ မူဝါဒလမ်းကြောင်းနှစ်ခုလုံး ချမှတ်ကျင့်သုံးသွားမယ်လို့ ပြောပါတယ်။
ဒီအတောအတွင်း ပြီးခဲ့တဲ့သတင်းပတ်က တာဝေးပစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှုအသစ်အပါအဝင် တခြားဖိအားတွေပါမယ့်ဆုံးဖြတ်ချက်ချနိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တံခါးပိတ်အစည်းအဝေးတစ်ခုကို မနေ့က ပြုလုပ်ခဲ့ပါတယ်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးကမြောက်ကိုရီးယားကို ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်တခုချနိုင်ဖို့ တရုတ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ အမေရိကန်ပြည်ထောင်စု ကုလသမဂ္ဂ ကိုယ်စားလှယ်ကပြောပါတယ်။
နောက်ထပ် ဒုံးကျည်စမ်းသပ်ပစ်လွှတ်တာတွေမလုပ်ဖို့၊ ဒါဟာ နိုင်ငံရေးအရကစားပွဲမဟုတ်ဘူး ဆိုတဲ့အကြောင်းနဲ့ ဒီလိုခြိမ်းခြောက်တာကိုလဲလက်ခံမှာမဟုတ်ဘူးဆိုတဲ့အကြောင်း မြောက်ကိုရီးယားကို မိမိတို့အားလုံးသတိပေးမယ်လို့လည်း ကုလသမဂ္ဂဆိုင်ရာအမေရိကန်ကိုယ်စားလှယ်က ပြောပါတယ်။
တရုတ်အစိုးရရဲ့ ထောက်ခံမှုနဲ့ တနင်္လာနေ့က ထုတ်ပြန်ချက်မှာတော့ မြောက်ကိုရီးယားရဲ့ဒုံးကျည် စမ်းသပ်မှုကို ပြင်းပြင်းထန်ထန်ရှုံ့ချထားပြီး၊ နောက်ထပ်အရေးယူတာတွေလုပ်သွားမယ်လို့ ဖော်ပြထားပါတယ်။ အရေးယူမှုမှာ ရေနံတင်ပို့မှုပိတ်ဆို့တာ၊ ကုန်သွယ်ရေးပိတ်ဆို့တာနဲ့ မြောက်ကိုရီးယားအာဏာပိုင်တွေနဲ့ စီးပွားရေးသမားတွေ၊ ကုမ္ပဏီတွေကို ပစ်မှတ်ထားစိစစ်ပိတ်ဆို့တာတွေဖြစ်လာမယ်လို့ သိရပါတယ်။
RFA
Wednesday, May 17, 2017
မြောက်ကိုရီးယားနဲ့ စစ်ဖြစ်နိုင်ချေများတယ်လို့ တောင်ကိုရီးယားသမ္မတပြော
မြောက်ကိုရီးယားနဲ့ စစ်ဖြစ်နိုင်ချေများတယ်လို့ တောင်ကိုရီးယားသမ္မတပြော
Reviewed by Ar Ti
on
9:14 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment