ပြည်လမ်းမရှိ ဘီအိုစီ မှတ်တိုင်အနီးတွင် မိသားစုလိုက် ခြိမ်းခြောက်လုယက်ခံရမှု ဖြစ်ပွား
ပြည်ပသို့သွားရောက်မည့် သားဖြစ်သူအား လေဆိပ်သို့လိုက်ပို့ပြီး အပြန်လမ်း၌ ပြည်လမ်း (ဘီအိုစီ)မှတ် တိုင် အနီးတွင် မိသားစုလိုက် ခြိမ်းခြောက်လုယက်ခံမှုတစ်ခု မေလ ၂ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ အသိုင်းအ၀ိုင်းမှ သိရ သည်။
ခြိမ်းခြောက်လုယက်ခံခဲ့ရသည့် မိသားစုသည် ပဲခူးတိုင်းဒေသကြီးတွင် နေထိုင်သူများဖြစ်ကာ သားဖြစ်သူ ကိုရီးယားနိုင်ငံသို့ သွားရောက်ရန်အတွက် မိသားစုဝင်များက ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ လိုက်ပိုပေးခဲ့ပြီးနောက် လေဆိပ် မှ ည ၁၁ နာရီခွဲအချိန် အပြန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်လေဆိပ်မှအပြန် ပြည်လမ်း(ဘီအိုစီ)မှတ်တိုင် အနီးသို့အရောက်တွင် မိသားစုဝင်တစ်ဦး ကအပေါ့သွားချင်သဖြင့် ကားအားခေတ္တရပ်ပေးစဉ် ကားနောက်မိုးဖွင့်ထားသည့် အဖြူရောင်ဗင်ကားတစ်စီး ကအရှေ့မှပိတ်ရပ်ကာ လူ လေး ဦးဆင်းလာခဲ့ပြီး သုံးဦး၏လက်ထဲတွင် ဓားတို၊ ဓားရှည်များကိုင်ဆောင်ထားကြောင်း ရန် ကုန်တိုင်းဒေသကြီး အတွင်းရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။
ယင်းနောက် အဆိုပါ ပုဂ္ဂိုလ်များထဲမှ အမျိုးသားတစ်ဦးက မိသားစုဝင်တစ်ဦးကို ဓားဖြင့်ထောက်ကာ ပါရှိသည့်ပစ္စည်း များအကုန်ထုတ်ပေးရန် စတင်ပြောဆိုခြိမ်းခြောက်ပြီး လုယက်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ ရဲတပ်ဖွဲ့ဝင်က ပြောသည်။
အဆိုပါ ခြိမ်းခြောက်လုယက်မှုတွင် လက်ဝတ်ရတနာများ အပါအဝင် ဖုန်းနှင့်ငွေသား ကျပ်စုစုပေါင်း တန်ဖိုးကျပ် ၄၁ သိန်းကျော်ပါရှိသွားခဲ့ပြီး မင်္ဂလာဒုံမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၉၂/၁၁၄ ဖြင့်အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း ရဲအသိုင်းအဝိုင်းထံမှသိရသည်။
(7Day News)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment