Latest News

Monday, May 1, 2017

ဗိုလ်ချုပ်အောင်ဆန်းတံတားဟုအမည်ပေးခြင်းအပေါ် အဆုံးစွန်အ ထိ ကန့်ကွက်သွားမည်ဟုဆို

ဗိုလ်ချုပ်အောင်ဆန်းတံတားဟုအမည်ပေးခြင်းအပေါ် အဆုံးစွန်အ
ထိ ကန့်ကွက်သွားမည်ဟုဆို


မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ချောင်းဆုံတို့ကို ဆက်သွယ်
ထားသည့် တံတားကြီးကိုဧပြီ ၂၇ ရက်ကဖြတ်သန်းသွားလာ
ခွင့်ပြုခဲ့ပြီးဗိုလ်ချုပ်အောင်ဆန်း တံတားဟုအမည်ပေးခဲ့ခြင်းအ
ပေါ် ဒေသခံများကဥပဒေဘောင်အတွင်းမှ အဆုံးစွန်အထိဆက်
လက်ကန့်ကွက်သွားမည်ဖြစေ် ကြာင်း သံလွင်တံတား(ချောင်း ဆုံ)
ဆိုင်ရာလှုပ်ရှားမှု ကော်မတီမှဦးဆောင်သူ မင်းအောင်မွန်က ပြော
ဆိုသည်။

ဒေသခံများကန့်ကွက်သည့်ကြားမှ ဗိုလ်ချုပ်အောင်ဆန်းတံတား
ဟုဧပြီ ၂၆ ရက်ညပိုင်းက တိတ်တဆိတ်ဆိုင်းဘုတ်တင်ခဲ့ပြီးဒေ
သခံများ၏ တောင်းဆိုမှုကို လျစ်လျူရှုခဲ့သည့်အတွက် ဆက်လက်
ကန့်ကွက်သွားရန်ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ၎င်းင်းက ပြောဆို
သည်။

"တော်လှန်ရတဲ့အထိမစဉ်းစားပါဘူး။ ဒါကို ဥပဒေဘောင်အတွင်း
က ကန့်ကွက်လို့ရတဲ့ပုံစံတွေနဲ့ အဆုံးစွန်အထိကို ကျွန်တော်တို့
ကန့်ကွက်သွားမယ်။ နည်းလမ်းကုန်သွားပြီဆိုရင်တော့ ပြည်သူ့စ
ကားနားမထောင်တဲ့အစိုးရလို့ပဲ သတ်မှတ်ရတော့မှာပေါ့" ဟုမင်း
အောင်မွန်က ပြောဆိုသည်။

ထို့ပြင် ပြည်ထောင်စုအစိုးရအနေဖြင့်တိုင်းရင်းသားလူမျိုးတို့၏
ဆန္ဒကိုလက်မခံဘဲဆောင်ရွက်ခဲ့မှုကိုဒီမိုကရေစီနည်းလမ်းဖြင့်
အနိုင်ကျင့်သည်ဟုသာသတ်မှတ်ပြီး ဌာနေတိုင်းရင်းသားအခွင့်
အရေးများဆုံးရှုံးရသည့်အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်
ရေးပြိုကွဲစေသည့်အဆင့်အထိ ရောက်သွားနိုင်ကြောင်း သံလွင်
တံတား (ချောင်းဆုံ) ဆိုင်ရာလှုပ်ရှားမှု ကော်မတီမှ ဦးဆောင်သူ
မင်းအောင်မွန်က သုံးသပ်ပြောဆိုသည်။

"ဒေသခံတွေသဘောကျတဲ့နာမည်ကိုမပေးတော့ စိတ်မချမ်းသာ
ဘူး။ တံတားကိုဖြတ်သွားတိုင်းဒီဟာနဲ့ ပတ်သက်တဲ့အနာတရတစ်
ခုက အမြဲတမ်းဖြစ်နေတယ်။ အဓိကပြောရရင် မြန်မာမှုသိပ်ဆန်
လွန်းတာကိုတို့လုံးဝဆန့်ကျင်တယ်" ဟုမော်လမြိုင်မြို့ ဈေးချိုရပ်
ကွက် ဓာတုမာလာကျောင်းဆရာတော်ဦးပညိန္ဒက ၎င်းင်း၏သဘော
ထားကိုမိန့်ကြားသည်။

လက်ရှိတွင် တံတားအားမူလအမည်ပေးရေးသဘောထားလက်
မှတ်စုစုပေါင်း ၁၂၀၀၀၀ခန့်ရရှိထားပြီးမေလဆန်းပိုင်းတွင် တိုင်း
ရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနိုင်
သက်လွင်ထံ ပေးပို့သွားမည်ဖြစ်ပြီး လိုအပ်ပါက နိုင်ငံတော်
သမ္မတထံသို့လည်း ပေးပို့သွားမည်ဖြစ်သည်။

The Myanmar Times

No comments:

Post a Comment