ဦးပိန်တံတား ပြင်ဆင်ထိန်းသိမ်းရန် အလှူငွေ လက်ခံမည်
နှစ်ပေါင်း ၁၆၀ ကျော် သက်တမ်းရှိသည့် ဦးပိန်တံတား ပြင်ဆင်ထိန်း သိမ်းမှု လုပ်ငန်းများအတွက် ပြင်ပအလှူရှင်များ ရှိပါက လှူဒါန်းငွေများကို လက်ခံမည် ဖြစ်ကြောင်း ပြုပြင်ထိန်းသိမ်းရေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာဇာခြည်မင်းက ပြောကြားသည်။
ဦးပိန်တံတားကို ရှေးမူမပျက် ရေရှည်တည်တံ့စေရန်အတွက် ဂျာမနီ နိုင်ငံရှိ TH Gerog Agricola Bochum University နှင့် နည်းပညာ တက္ကသိုလ် (မန္တလေး) တို့ ပူးပေါင်း၍ ပြုပြင်ထိန်းသိမ်းမည်ဖြစ်ရာ လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို မန္တလေးတိုင်းဒေသကြီး အစိုးရထံ တင်ပြထားကြောင်းလည်း ၎င်းက ပြောဆိုသည်။
“အဓိကကတော့ ဘတ်ဂျက်နဲ့ လိုအပ်တဲ့ကျွန်းသစ် လုံလုံလောက် လောက်ရဖို့ အရေးကြီးပါတယ်။ ဂျာမနီနိုင်ငံဘက်က ကူညီမယ် ဆိုပေမယ့် နည်းပညာပိုင်းဆိုင်ရာကိုပဲ မျှော်လင့်ထားပါတယ်။ တိုင်းအစိုးရဆီမှာ ဘတ်ဂျက်ရှိတယ်လို့ ဆိုပေမယ့် အလှူရှင်တွေ ပါဝင်လာရင် ပိုအဆင်ပြေသွားမှာပါ” ဟု ဒေါက်တာဇာခြည်မင်းက ရှင်းပြသည်။
ဂျာမနီ ပညာရှင်များနှင့် နည်းပညာတက္ကသိုလ် (မန္တလေး) တာဝန်ရှိသူ တို့သည် မေလ ၇ ရက်မှစ၍ ၁၁ ရက်အထိ ဦးပိန်တံတား၏ ပျက်စီးနေ မှုများ၊ ပြင်ဆင်ထိန်းသိမ်းရမည့် အပိုင်းများကို သွားရောက်လေ့လာခဲ့ ကြရာ မန္တလေးတိုင်းအစိုးရ၏ ခွင့်ပြုချက်ရလျှင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ လတွင် ပြုပြင်ထိန်းသိမ်းမှုများ စတင်လုပ်ဆောင်မည် ဖြစ်သည်။
ဦးပိန်တံတား ထိန်းသိမ်းရာတွင် ကွန်ကရစ်ဖြင့် အစားထိုးထားသည့် အစိတ်အပိုင်းများကိုပါ ကျွန်းသစ်ဖြင့် ပြန်လည်ပြင်ဆင်ရန် ဂျာမနီ နိုင်ငံရှိTH Gerog Agricola Bochum University နှင့် နည်းပညာ တက္ကသိုလ် (မန္တလေး) တို့က စီစဉ်ထားသည်။
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment