Latest News

Monday, May 22, 2017

အစွန်းရောက်တိုက်ဖျက်ရေးတွင် မွတ်စလင်နိုင်ငံများ ဦးဆောင်ရမည်ဟု ဒေါ်နယ်ထရမ့် ပြော

အစွန်းရောက်တိုက်ဖျက်ရေးတွင် မွတ်စလင်နိုင်ငံများ ဦးဆောင်ရမည်ဟု ဒေါ်နယ်ထရမ့် ပြော

မွတ်စလင်နိုင်ငံတွေက အစွန်းရောက်မှု တိုက်ဖျက်ရေးမှာ ဦးဆောင်ရမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ပြောလိုက်ပါတယ်။

အစ္စလာမ္မစ် အစွန်းရောက်ဝါဒကို တိုက်ဖျက်ရာမှာ တာဝန်ကို မျှဝေထမ်းဆောင်ကြဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မွတ်စလင်ခေါင်းဆောင်တွေကို မေလ ၂၁ ရက်ေန့မှာ ဆော်သြလိုက်ပါတယ်။

မတူခြားနားတဲ့ ဘာသာတရားတွေကြားမှာ ညီညွတ်ကြဖို့ တိုက်တွန်းရင်း စစ်သွေးကြွအုပ်စုတွေကို နှိမ်နင်းရေး အရှေ့အလယ်ပိုင်းဒေသက တာဝန်ယူဖို့ ပြောလိုက်တာပါ။

ဒေါ်နယ်ထရမ့်ဟာ အမေရိကန်နိုင်ငံအတွင်း မွတ်စလင်အများအပြား ဝင်ရောက်ခွင့်ကို ပိတ်ပင်ဖို့ တွန်းအားပေးခဲ့လို့ အငြင်းအခုန်တွေ ဖြစ်စေခဲ့သူပါ။

အစွန်းရောက်ဝါဒကို တိုက်ခိုက်တာဟာ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းချင်း ပဋိပက္ခ ဖြစ်တာမျိုးထက်စာရင် ဓမ္မနဲ့ အဓမ္မကြားက တိုက်ပွဲအဖြစ် ဒေါ်နယ်ထရမ့်က ရည်ညွှန်း ပြောဆိုပါတယ်။

“ဒီနေ့နှောင်းပိုင်းမှာ အစွန်းရောက် အတွေးအခေါ် သဘောတရားတွေ နှိမ်နင်းရေး ကမ္ဘာ့ဌာနအသစ်ကို အစ္စလာမ္မစ်ကမ္ဘာရဲ့ ဗဟိုချက်မှာ ဖွင့်ပြီး သမိုင်းတွင်အောင် ထပ်လုပ်မယ်၊ တမူထူးခြားပြီး အားကောင်းတဲ့ ခေါင်းဆောင်မှုနဲ့ ပြင်းပြတဲ့ သာဓကအတွက် ဆော်ဒီဘုရင် ဆယ်လ်မန်ကို ကျေးဇူးတင်ကြောင်း ပြောချင်တယ်” လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

ဒီမိန့်ခွန်းဟာ မွတ်စလင်ကမ္ဘာနဲ့ ဆက်ဆံရေးကို ပြန်ပြီးကောင်းအောင်လုပ်ဖို့ အားထုတ်မှု အစိတ်အပိုင်း ဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ သူ့မဲဆွယ်ပွဲတလျှောက်မှာ မွတ်စလင်တွေကို မကြာခဏ တိုက်ခိုက် ပြောဆိုခဲ့ပါတယ်။

သူ့ရဲ့ချဉ်းကပ်မှုဟာ အမေရိကန်သမ္မတဟောင်း အိုဘားမားနဲ့ မတူကွဲပြားအောင် ပုံစံထုတ်ထားပါတယ်။

အိုဘားမားကတော့ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေကို တိုက်ခိုက်ရာမှာ ကိုင်တွယ်မှုပုံစံအတွက် ဒေါ်နယ်ထရမ့်ရဲ့ ဝေဖန် ပြစ်တင်တာကို ခံခဲ့ရပါတယ်။

DVB

No comments:

Post a Comment