Latest News

Wednesday, May 31, 2017

ဒီပဲယင်းအကြမ်းဖက်မှု ၁၄ နှစ်ပြည့်ခဲ့ပြီ ပါဝင်ကျူးလွန်ခဲ့သူများ ဝန်ခံတောင်းပန်သင့်

ဒီပဲယင်းအကြမ်းဖက်မှု ၁၄ နှစ်ပြည့်ခဲ့ပြီ

ပါဝင်ကျူးလွန်ခဲ့သူများ ဝန်ခံတောင်းပန်သင့်

မေလ၃၀ ရက်နေ့ရောက် တိုင်း မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန် မဲဆန္ဒနယ်က  လွှတ်တော်အမတ် ဦးကျော်စိုးလင်း တစ်ယောက် အတိတ်ကို ပြန်လည်အောက်မေ့နေမိသည်။ ဘဝတွင် တစ်သက်တာ အမှတ်ရစရာ တစ်ခုကို ရင်ထဲကဘယ်လိုမျှ ဖျောက်ဖျက်၍မရ။

ဦးကျော်စိုးလင်း ပြန်လည် အမှတ်ရနေသော အဖြစ်အပျက် က ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်က ဖြစ်ပျက်ခဲ့သည့် ဒီပဲယင်း အရေး အခင်းပင်ဖြစ်၏။ ထိုစဉ်က မန္တလေး တက္ကသိုလ်တွင် ဥပဒေဒုတိယနှစ် ကျောင်းသား တစ်ဦးအဖြစ် ပညာသင်ကြားနေသည့် ဦးကျော် စိုးလင်းသည် ဒီပဲယင်းဖြစ်စဉ်၌ ယခု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကား ကို မောင်းနှင်သူဖြစ်ခဲ့သည်။

ထိုအချိန်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက အထက်မြန်မာပြည်အတွင်း ပါတီ ရုံးများ ဖွင့်လှစ်ပြီး လူငယ်စည်းရုံး ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင် ဟောပြောပွဲများကို တစ်မြို့ ပြီးတစ်မြို့ လုပ်ဆောင်နေသည့် အချိန်ဖြစ်သည်။

၂၀၀၃ ခုနှစ်က အထက်မြန်မာပြည် စည်းရုံးရေး ခရီးစဉ်အတွင်း မိုးကုတ်မြို့သို့ ဒေါ်အောင်ဆန်းစုကြည် ဆိုက်ရောက်လာစဉ် (ibiblio.org)

ဦးကျော်စိုးလင်း၏ ဖခင် သည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တွင် မန္တလေးတိုင်းတာဝန်ခံ အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်၍ အဖွဲ့ချုပ်ခေါင်းဆောင် များ လာလျှင် ဦးကျော်စိုးလင်းတို့ ညီအစ်ကိုများက ကားများ လိုက် လံမောင်းနှင်ကာ ပို့ဆောင်ပေးကြ ရသည်။

‘‘၂၀၀၃ ခုနှစ်ပေါ့။ လေးလ ပိုင်းလောက်မှာ အန်တီရဲ့ တတိ ယ ခရီးစဉ်ပေါ့။ (အထက်မြန်မာ ပြည်)ခရီးစဉ်မှာ ကားမောင်းသမားလိုတဲ့အခါကျတော့ အထက်မြန်မာပြည်မှာ ကားမောင်းကျွမ်းကျင်တဲ့သူ ရှာတယ်။ အဲဒီမှာကျွန်တော့်ကိုရွေးတယ်။ စိတ်ချရတဲ့သူလည်းဖြစ်တယ်ဆိုပြီးတော့ ကျွန်တော်က ပါလာတာပေါ့’’ဟု ဦးကျော်စိုးလင်းက ဒေါ်အောင်ဆန်းစုကြည် လိုက်ပါ စီးနင်းမည့် ကားအား မောင်းနှင်ဖြစ်ပုံကို ပြောပြသည်။

လူငယ်တစ်ဦးဖြစ်သည်နှင့် အညီ နိုင်ငံ့ခေါင်းဆောင်တစ်ဦး ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် ကို မောင်းနှင်ပို့ဆောင်ရ၍ဂုဏ်ယူမဆုံးဖြစ်ခဲ့ရ၏။ ဒေါ်အောင် ဆန်းစုကြည်သည် မြစ်ကြီးနား၊ ဝိုင်းမော်တို့တွင် ပါတီရုံးခန်းဖွင့် လှစ်ခြင်း၊ ဟောပြောပွဲများပြုလုပ် ခြင်း စသည့် ခရီးစဉ်များအတွက် တစ်ရက်ပြီးတစ်ရက်၊ တစ်မြို့ဝင် တစ်မြို့ ထွက်ဖြင့် ဦးကျော်စိုးလင်း က Double 4 Wheels ကားဖြင့် မောင်းနှင်လိုက်ပို့ပေးခဲ့ရသည်။

‘‘ကျွန်တော်တို့ အထက်မြန် မာပြည်က မြစ်ကြီးနားကနေ ဝိုင်း မော်၊ ဗန်းမော်၊ ဗန်းမော်ကနေပြီး တော့ ရွှေကူ၊ ရွှေကူကနေပြီးတော့ မိုးမိတ်၊ မိုးကုတ်ကိုသွားတယ်။ မိုးကုတ်ကနေပြီးတော့ ပြန်လာတဲ့ အချိန်မှာ ပြင်းပြင်းထန်ထန် နှောင့်ယှက်မှုတွေ ကြုံတွေ့ရ တယ်။ အဲဒီမှာ အန်တီကို နှောင့် ယှက်တဲ့သူတွေက အယောက်နှစ် ဆယ်၊ သုံးဆယ်လောက်တော့ရှိ တယ်။ အဲဒီကနေပြီးတော့ စလာ တာ။ ကျွန်တော်တို့တွေကို လာကြိုတဲ့သူတွေကို ခဲနဲ့ထု တာတို့၊ ကားနဲ့တိုက်တာတို့တွေ လုပ်လာတယ်။ မှန်ပိတ်ထားတဲ့ ကားတွေကို ခဲနဲ့ထုတယ်။ မှန်ဘာ မှမဖြစ်လို့တော်သေးတယ်’’ဟု ဦးကျော်စိုးလင်းက ခရီးစဉ်တွင် စတင် နှောင့်ယှက်မှု ကြုံရပုံကိုပြောကြားသည်။

 ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အဖွဲ့သည် စစ် ကိုင်းတိုင်းဒေသကြီး ဘုတလင်ကို ရောက်သည့်အခါ ဒေါ်အောင် ဆန်းစုကြည် လိုက်ပါလာသော လမ်းကြောင်းကို နှောင့်ယှက်မှု များ ပြုလုပ်မည်ဆိုသည့် သ တင်းပင်ဖြစ်သည်။ ထိုသတင်းများကြောင့် မန္တလေးတိုင်း ဒေသ ကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီဝင်များ၊ သံဃာတော် များ၊ ကျောင်းသားလူငယ်များ သည် ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံရန် လိုက်လာခဲ့ကြ၏။

၂၀၀၃ ခုနှစ်က အထက်မြန်မာပြည် စည်းရုံးရေး ခရီးစဉ်အတွင်း မိုးကုတ်မြို့သို့ ဒေါ်အောင်ဆန်းစုကြည် လူထုအားမိန့်ခွန်းပြောကြားနေစဉ် (ibiblio.org)

‘‘ကျွန်တော်တို့ ဘုတလင် ကနေ စထွက်ပြီးပြီးချင်းပဲ အ နောက်ကနေ လူတွေအပြည့်နဲ့ ကားတွေ တသီတတန်းကြီး နောက်ကနေ ကပ်လိုက်လာကြ တယ်။ ကျွန်တော်တို့ ဒီလိုဆက် သွားရင်းနဲ့ ကြည်ရွာကိုရောက်တယ်။ ကြည်ရွာကိုရောက်တဲ့ အ ခါမှာ ဘုန်းကြီးနှစ်ပါးကဝင်လာပြီး တားတယ်။ အန်တီ့ကို ကျွန်တော်ကပြောတယ်။ အန်တီအခြေအနေက ပိုပိုဆိုးလာတယ်။ ကျွန် တော်တို့ မနားတာကောင်းတယ် ဆိုပြီး ဆက်သွားဖို့ပြောတဲ့အခါ ကျတော့ အန်တီက သူဆက်သွား မယ်ပြောတယ်။ အဲဒါနဲ့ကျွန်တော် ဆက်မောင်းတယ်။ ဘုန်းကြီးက ဇွတ်တားတယ်။ ဟောပြောပေးဖို့ ဆိုပြီးတော့။ အန်တီက ရပ်ပေးပါ ပြောလို့ ရပ်လိုက်တယ်။ ရပ်လိုက် တာနဲ့ ကျွန်တော်ယာဉ်တန်းတွေ ကို နောက်ကလိုက်လာတဲ့ အဖွဲ့ တွေက အကုန်ဆင်းလာတယ်။ ကျွန်တော်တို့ ကားတွေက ဆက် သွားလို့မရတော့ဘူး’’ဟု ဦးကျော် စိုးလင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ယင်းအခြေအနေများ ကြုံ တွေ့နေသော်လည်း ယာဉ်မောင်း ကိုကျော်စိုးလင်းအား ကားမောင်း ထွက်ရန် လုံးဝပြောဆိုခြင်းမရှိ သောကြောင့် ဦးတင်ဦး (ထို အချိန်က အင်န်အယ်လ်ဒီဒုဥက္ကဋ္ဌ) က လာရောက်ပြောဆိုရာတွင် လည်း ကားကို မောင်းထွက်ခိုင်း ခြင်းမရှိခဲ့ကြောင်း ယင်းအချိန်က ဒေါ်အောင်ဆန်းစုကြည်ကို အနီး ကပ်လုံခြုံရေးယူခဲ့သူ ဦးသီဟ (မိ တ္ထီလာ အင်န်အယ်လ်ဒီ လူငယ်) က ပြောပြသည်။

‘‘အတိတ်ကအဖြစ်အပျက် တွေ ပြန်ပြောရရင် တော်တော် စက်ဆုပ်ရွံရှာဖို့ကောင်းတယ်။ ကျွန်တော်တို့လူတွေ သွေးသံရဲရဲနဲ့ အတော်လေးခံနေရတယ်။ ဒါပေ မဲ့ အန်တီရဲ့မှာကြားချက်တွေက ဘာမှတုံ့ပြန်မဆောင်ရွက်ပါနဲ့ဆို လို့ ကျွန်တော်တို့ ဘာမှမတုံ့ပြန်ဘဲ နေလာခဲ့ရတာ’’ဟု ဦးသီဟက ပြောသည်။

ထိုအချိန်တွင် ဒေါ်အောင် ဆန်းစုကြည်သည် မည်သည့် စကားမျှမပြောဘဲ တွေဝေနေ သည့်ပုံ ပေါက်နေသည်ဟု ဦးကျော်စိုးလင်းက ပြောသည်။ ကားကို မောင်းထွက်သွားလျှင် အရိုက်ခံရသည့်သူများကို ပစ် ထားပြီး ကိုယ်လွတ်ရုန်းသည့်ပုံ ပေါက်မည်ဆိုသည့် တွေဝေစဉ်း စားခြင်းမျိုး ဖြစ်နိုင်သည်ဟု ဦး ကျော်စိုးလင်းက မှတ်ချက်ပြု ပြောသည်။

‘‘ကျွန်တော်ကတော့ လူငယ် ပီပီ သူသေကိုယ်သေ လုပ်မယ်ဆို ပြီးတော့ ဆုံးဖြတ်ချက် ချလိုက် တယ်။ ကိုယ့်လူတွေသိအောင်လို့ လီဘာသုံးချက်ကို အသားကုန် နင်းလိုက်တယ်။ တစ်ချက်ချင်း နင်းတာ။ ကျွန်တော် စထွက်တော့ မယ်ဆိုတာ အသိပေးလိုက်တယ်။ အဲဒီမှာ သူတို့က ဘေးကနေ ကျွန် တော်တို့ ကားကို စရိုက်တယ်။ ကျွန်တော်တို့ကားမှန်တွေအကုန် လုံးကွဲသွားပြီ။ ကျွန်တော်က ဘယ်သူ့မှမတိုက်ဘဲနဲ့ ဟိုဘက် ရှောင်၊ ဒီဘက်ရှောင်နဲ့ တတ်နိုင် သလောက် ကားတွေ၊ လူတွေကို ကျော်ထွက်ပြီးတော့ မောင်းလိုက် တဲ့အခါကျတော့ လွတ်သွားတယ်’’ ဟု ဦးကျော်စိုးလင်းက ပြောသည်။

 ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လုံခြုံရေး ၁၆ ဦး စီး နင်းလိုက်ပါလာသည့်ကားသည် အနောက်မှ လိုက်လံရိုက်နှက်နေ သော လူအုပ်ကြီးကိုကျော်လွန်ခဲ့သော်လည်း ရှေ့တွင် ကားသုံးစီးဖြင့် ပိတ်ရပ်တားဆီးခံလိုက်ရပြီး လမ်းမပေါ်တွင်လည်း တုတ်များကို ကိုင်ဆောင်ထားသူများက အရန်သင့် စောင့်နေကြကြောင်း တွေ့မြင်ကြရပြန်၏။

‘‘အဲဒီတုန်းမှ သိလိုက်တာ ကျွန်တော်တို့ကို ပထမသတ် ကွင်း၊ ဒုတိယသတ်ကွင်းဆိုပြီး လုပ်ထားတာ။ အဲဒီမှာ ကျွန်တော် က သူတို့ကိုကြောက်ပြီးတော့ ဆက်မမောင်းဘူးဆိုရင် ကျွန် တော့်ဘေးမှာပါတဲ့သူတွေဟာ ဆွဲ ချပြီး အရိုက်ခံရမှာသေချာတယ်။ အဲဒီမှာ ကျွန်တော်က အဲဒီလူတွေ ကို တည့်တည့်ဝင်တိုးတာ။ တိုး တော့ လူတွေရှဲသွားတယ်။ အဲဒီ လိုမောင်းနေရင်း ကျွန်တော့်ချို စောင်းကို ဘာမှန်းမသိတဲ့အရာ တစ်ခု လာမှန်တယ်။ သွေးတွေ ထွက်လာတယ်။ ကျွန်တော်ထိ သွားပြီဆိုတော့ အန်တီကရလား မေးတယ်။ ရတယ်ဆိုပြီး ဆက် မောင်းတယ်။ သူတို့က သံဆူးကြိုး တွေနဲ့ကာထားတာ။ သံဆူးကြိုး တွေနဲ့ တိုက်ဖျက်ပြီးတော့ ဆက် မောင်းမယ်လုပ်တော့ ကားတွေနဲ့ ထပ်ပိတ်ထားတယ်။ ကံကောင်း ချင်တော့ ကားတွေကြားထဲမှာ လူ သွားလမ်းလုပ်ထားတာက ကျွန် တော့်ကားနဲ့ကွက်တိပဲ။ အဲဒီမှာ ထွက်သွားပြီးတော့ လွတ်သွား တယ်’’ဟု ဦးကျော်စိုးလင်းက ဖြစ်ရပ်ကို အသေးစိတ်ပြန်လည် ပြောပြသည်။

၂၀၁၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် မိုးကုတ်မြို့သို့ သွားရောက်စဉ် (ibiblio.org)

ထိုအဆင့်မှ လွတ်မြောက် သွားသော်လည်း ရဲတပ်ဖွဲ့ဝင်များ က သေနတ်ဖြင့် ချိန်ထားသဖြင့် ကားဖြင့်တိုက်၍ မောင်းထွက်ရာ ရဲများက ဒိုင်ဗင်ထိုးတိမ်းရှောင် လိုက်ရာ တစ်ဦးမျှ ထိုခိုက်မှုမရှိခဲ့ ဘဲ ၎င်းတို့လည်း လွတ်မြောက် လာခဲ့ကြောင်း ဦးကျော်စိုးလင်း က ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ကယ်တင်ခဲ့ရ သည့် ရုပ်ရှင်ဆန်ဆန် အဖြစ် အပျက်များကို ပြန်လည်ပြောပြ သည်။

ထိုအဖြစ်အပျက်များ လွန် မြောက်ပြီးသောအခါ ဒေါ်အောင် ဆန်းစုကြည်အား လိုက်ပါစောင့် ရှောက်ခဲ့သည့် ဦးကျော်စိုးလင်း အပါအဝင် ၁၇ ဦးတို့သည် ဖမ်း ဆီးထောင်ချခြင်း ခံခဲ့ရလေသည်။

အဆိုပါဖြစ်စဉ်များသည် နှစ်ပေါင်းအားဖြင့် ၁၄ နှစ်ကာလ သို့ ရောက်ရှိလာပြီဖြစ်သည်။ယင်း ဖြစ်စဉ်နှင့်ပတ်သက်၍ အသက် အန္တရာယ်ကို ရန်ရှာခံရသည့် ဒေါ်အောင်ဆန်းစုကြည်သည် အ မုန်းအာဃာတမထားဘဲ အမျိုး သားရင်ကြားစေ့ရေးကိုသာ ဦး တည်ဖြတ်သန်းခဲ့ပြီး ဒီပဲယင်း အရေးအခင်းနှင့် ပတ်သက်၍ အဓိကလက်သည်တရားခံဟု ယူ ဆခံရသူ၏ နာရေးကိုပင် သွားရောက် သတင်းမေးမြန်းခဲ့သည်။

‘‘ကျွန်တော်တို့ခေါင်းဆောင် က သူကိုယ်တိုင်လည်း စေ့စပ်ဖျန် ဖြေရေး၊ ငြိမ်းချမ်းရေးဆိုတဲ့ နှလုံး သားကို ကျင့်သုံးတယ်။ သူများကို လည်း အမြဲတမ်းတိုက်တွန်း တယ်။ သူပြောခဲ့တဲ့စကားရှိပါ တယ်။ ကျွန်တော်တို့စွဲနေအောင် မှတ်ထားတာ။ အတိတ်ရဲ့အချုပ် အနှောင်အထဲမှာ အပိတ်အ လှောင် မခံဘူးဆိုတာ။ နောက် ကြောင်းကို ပြန်ကြည့်တယ်ဆိုတာ သင်ခန်းစာယူဖို့အတွက်ပဲ။ အဲဒီ နောက်ကြောင်းထဲမှာ နစ်မြုပ်နေ ဖို့မဟုတ်ဘူး။ အဲဒီနောက်ကြောင်း တွေကို သင်ခန်းစာယူပြီးတော့ ရှေ့မှာ လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေကို ဆက်လုပ်သွားဖို့ပဲ။ အမုန်းတရားတွေကို လက်စားချေ မှုတွေနဲ့ ဆိုလို့ရှိရင် နိုင်ငံကိုတည် ဆောက်လို့မရဘူး။ စေ့စပ်ဆွေး နွေးမှုတွေနဲ့ ညှိနှိုင်းမှုတွေနဲ့ပဲ နိုင်ငံ ကို တည်ဆောက်လို့ရမယ်လို့ အမြဲပဲ ဆုံးမတယ်’’ဟု နိုင်ငံရေး ဆောင်းပါးများ ရေးသားသူ ဦး ထင်လင်းဦး (Wisdom Villa)က ဒီပဲယင်းဖြစ်စဉ် (၁၄)နှစ်ပြည့်တွင်ပြောသည်။

 ဒေါ်အောင်ဆန်းစုကြည် သည် အမုန်းများကို ဖြေလျှော့ပြီး ရင်ကြားစေ့ရေးလမ်းကြောင်းကို သွားနေသည် ဆိုသော်လည်း ဒီပဲ ယင်းကိစ္စ ဖြစ်ပျက်ခဲ့ခြင်းတွင် ဦးစီးလုပ်ဆောင်ခဲ့သည့်သူများ အနေဖြင့် ကိုယ်တိုင်ဖွင့်ဟဝန်ခံ သွားကြရန်လည်း လိုအပ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်မှ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးထွန်းကြည်ကဆိုသည်။

‘‘ဒေါ်အောင်ဆန်းစုကြည်က သူ့ကို လုပ်ကြံမှုနဲ့ပတ်သက်ပြီး အာဃာတတရားတွေ တစ်ခုမှမရှိ ဘူး။ ဒါပေမဲ့ သူမတုံ့ပြန်သော်ငြား လည်း ကျူးလွန်ခဲ့တဲ့သူတွေအနေ နဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအနေ နဲ့ ဒီကိစ္စတွေကိုတော့ ဝန်ခံတာ မျိုး၊ တောင်းပန်တာမျိုး လုပ်သင့် တယ်။ အဲဒီအချိန်တုန်းက အ သက်ဆုံးရှုံးသွားတဲ့သူတွေ၊ ဘဝ ပျက်သွားတဲ့သူတွေအတွက် တာ ဝန်ယူမှု၊ တာဝန်ခံမှုနဲ့အတူ နစ်နာ သူတွေအတွက် လုပ်ဆောင်ပေး သင့်တယ်လို့ထင်တယ်’’ဟု ၎င်း က သုံးသပ်ပြောကြားသည်။

၂၀၀၃ ခုနှစ် မေလ ၃၀ ရက် က ဒီပဲယင်းအရေးအခင်းဖြစ်စဉ် ကြီးသည် တစ်နိုင်ငံလုံးရှိ ပြည်သူ များကို တုန်လှုပ်စေခဲ့သည်။ အဆိုပါဖြစ်စဉ်သည် အာဇာနည် ၁၉ ဦးပြီးပါက ဒုတိယနိုင်ငံတော် လုပ်ကြံမှုကြီးဟုပင် သတ်မှတ်ပြောကြားရသည်အထိ ဖြစ်ခဲ့သည်။

ယင်းဖြစ်စဉ်ဖြစ်ရပ်များကို သမိုင်းတွင် ကျန်ရစ်စေရန် မှတ် တမ်းအဖြစ် ထားရှိရန်လိုအပ်မည် ဖြစ်ကြောင်း ဦးထင်လင်းဦးက အကြံပြုသည်။

နောင်လာမည့် အစိုးရ အဆက်ဆက်တွင် အတိုက်အခံ၊ ယှဉ်ပြိုင်ဘက်များကို မတရား လုပ်ကြံသတ်ဖြတ်ကြိုးစားသည် ဆိုသည့်ကိစ္စများသည် သမိုင်း တွင် အရုပ်ဆိုး အကျည်းတန်သည့် ကိစ္စများဖြစ်သောကြောင့် မလုပ် သင့်၊ မလုပ်အပ်သော ကိစ္စများ ကို ပြည်သူတို့ သိရှိစေရန် ဒီပဲ ယင်း နှစ်ပတ်လည်ပွဲများကိုဆက် လက် ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက တိုက်တွန်းပြောကြားသည်။

ဒီပဲယင်းလုပ်ကြံမှုကြီးတွင် ထိခိုက်မှုမရှိခဲ့သည့် ဒေါ်အောင် ဆန်းစုကြည်သည် ယခုအခါ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ် တိုင်းပြည်ကို ဦးဆောင်နေ ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ၌ အင်တိုက်အားတိုက် ဆောင် ရွက်နေပြီဖြစ်သည်။   ။

7Day News

No comments:

Post a Comment