Latest News

Thursday, May 4, 2017

တရုတ်ကို မြောက်ကိုရီးယား အပြစ်တင်

တရုတ်ကို မြောက်ကိုရီးယား အပြစ်တင်

မြောက်ကိုရီးယားအစိုးရပိုင် မီဒီယာတွေက တရုတ်ပြည်ကို မနေ့က ဝေဖန်ပြစ်တင်လိုက်ပါတယ်။  တရုတ်မီဒီယာတွေက မြောက်ကိုရီးယားကို ပိုမိုပိတ်ဆို့အရေးယူဖို့ ဒီရက်ပိုင်းအတွင်း မဆင်မခြင် ဝေဖန်ရေးသား ဖေါ်ပြနေကြတာတွေဟာ တရုတ်အစိုးရရဲ့ အာဘော်ဖြစ်ပြီး ကျိုးကြောင်းကိုက်ညီခြင်းမရှိတဲ့အတွက် ၂ နိုင်ငံဆက်ဆံရေးကို ထိခိုက်စေလိမ့်မယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနကကြေညာပါတယ်။

ဒီအတောအတွင်းမှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက် တီလာဆန်က  မြောက်ကိုရီးယားနိုင်ငံရဲ့ နူကလီယာအစီအစဉ် ရပ်ဆိုင်းရေးအတွက် တရုတ်ပြည်နဲ့ ပူးပေါင်းဖြေရှင်းနိုင်ဖို့ မျှော်လင့်ကြောင်း၊ ဒါပေမယ့် အဲဒီလို ဆောင်ရွက်လို့ မရရင် ပိတ်ဆို့မှုတွေတိုးချဲ့တဲ့နည်းကို အသုံးပြုရဖွယ်ရှိကြောင်း မနေ့က ပြောပါတယ်။ ကိုရီုးယားကျွန်းဆွယ်ကို နူကလီယာကင်းမဲ့ဇုံဖြစ်အောင်ပြုလုပ်ဖို့ တရုတ်ပြည်က ကတိပေးထားပြီးဖြစ်ပေမယ့် အဲဒီကတိ ဘယ်လောက်တည်မလဲဆိုတာ စောင့်ကြည့်ရမှာပဲလို့ ဆိုပါတယ်။ RFA

No comments:

Post a Comment