မြယာကုန်း ပဋိပက္ခမှ ဖမ်းဝရမ်း ထုတ်ထားသည့် သံဃာနှစ်ပါးကို အာမခံ ပေးနိုင်ရန် စီစဉ်မည်
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်း ရပ်ကွက်၊ မြယာကုန်း ပဋိပက္ခဖြစ်စဉ်မှ ဖမ်းဝရမ်း ထုတ်ထားသည့် သံဃာနှစ်ပါး တရား
ရင်ဆိုင် ဖြေရှင်းပေးပါက အာမခံ ပေးနိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသည့် ရဲမှူးချုပ်တစ်ဦးက ပြောကြားသည်။
“တရားစွဲဆိုထားတဲ့ပုဒ်မက အာမခံ မရဘူး၊ ဒါပေမဲ့ တရားစွဲဆိုခံရတဲ့ သံဃာ နှစ်ပါးက ရုံးတော်မှာ စစ်ဆေးခံမယ်ဆို အာမခံ ပေးနိုင်အောင် စီစဉ်ပေးဖို့ ဆောင် ရွက်ထားတယ်၊ လက်ရှိ ဒီအမှုမှာ လင်မယား နှစ်ယောက်ပဲ ဖမ်းမိသေးတယ်၊ ကျန်တဲ့သူတွေက လွတ်မြောက် နေဆဲပါ”ဟု ၎င်းက ဆက်လက် ပြောကြားသည်။
မေလ ၉ ရက်နေ့က မြယာကုန်းတွင် လူစုလူဝေးနှင့် ရုန်းရင်းဆန်ခတ် ပဋိပက္ခ ဖြစ်ခဲ့ပြီးနောက် မြို့နယ်ရဲမှူးက တရားလိုပြု၍ သံဃာနှစ်ပါးနှင့် အရပ်သားငါးဦးကို ပုဒ်မ ၅၀၅ (ဂ)/၃၄ ဖြင့် တရားစွဲဆိုခဲ့ရာ ယင်းအမှု
ကို မြို့နယ်တရားသူကြီးမှ လက်ခံ၍ ဖမ်းဝရမ်း ထုတ်ပေးခဲ့သည်။
ဖမ်းဝရမ်း ထုတ်ခံရသူများမှာ ဦးသုစိတ္တ၊ ဦးပညာဝံသ၊ တင်လင်းထိုက်၊ တင်ဌေးအောင်၊ မြတ်ဖုန်းမော်၊ မအောင်အောင်မြင့် (ခ) မအောင်နှင့် ကိုလတ်တို့ ဖြစ်ပြီး မေလ ၁၁ ရက်နေ့က မအောင်အောင်မြင့်(ခ) မအောင်နှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ကိုလတ်တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
“ဦးသုစိတ္တနဲ့ ဦးပညာဝံသကို ဥူးပဇင်းတို့လည်း အခုထိ အဆက်အသွယ် မရသေးပါဘူး၊ မင်္ဂလာတောင်ညွန့်ဖြစ်စဉ်မှာ လဝကနဲ့
ရဲတွေက မှတ်ပုံတင် သန်းခေါင် စာရင်းတွေကို သေချာ မစစ်ဆေးဘူးလို့ ကြားသိရတယ်၊ သေချာစစ်ဆေးခိုင်းတဲ့ လူက အမှားပြန်
ဖြစ်နေတဲ့ပုံစံ သက်ရောက်နေတယ်၊ ဆင်အကောင်လိုက် မြင်နေတာကို ဆင်ခြေရာ လိုက်ရှာနေသလို ဖြစ်နေပြီ”ဟု မကွေးဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။
ဖမ်းဝရမ်း ထုတ်ခံရသူများမှာ မေ လ ၉ ရက် ညပိုင်းက မြယာကုန်းလမ်းတွင် လူစုလူဝေးနှင့် ရုန်းရင်းဆန်ခတ်ဖြစ်စဉ်တွင် ပါဝင်ခဲ့ သူများဖြစ်ပြီး ယင်းဖြစ်စဉ်ကို ရဲတပ်ဖွဲ့က အင်အား ၃၀ဝ ဖြင့် ထိန်းသိမ်း၍ မိုးပေါ် သေနတ်သုံးချက် ပစ်ဖောက်ကာ လူစုခွဲခဲ့ရသည်။
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment