ဘဏ်ကိစ္စ ကောလာဟလ သာဖြစ်
အွန်လိုင်းမှာ ပြန့်နှံ့နေတဲ့ ကမ္ဘောဇဘဏ် ဒေဝါလီခံ ရတော့ မယ်ဆိုတဲ့သတင်း ဟာ သတင်းမှားဖြစ်ကြောင်း အွန်လိုင်းစနစ်သုံး ငွေထုတ် ရာမှာ ကြန့်ကြာမှုတွေဖြစ်ပေါ်လာရာ ကနေ ကောလာဟလ စတင်ဖြစ်ပေါ်လာခဲ့ တာဖြစ်တယ်လို့ ဗဟိုဘဏ်က ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောပါ တယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့ကနေ မေလ ၁ ရက်နေ့အထိ ဘဏ်ပိတ်ရက် ၃ ရက်ဆက်သွားပြီး မေလ ၂ ရက်နေ့ အင်္ဂါနေ့မှာမှ အွန်လိုင်းကနေ ငွေတွေစုပြုံ ထုတ်ရာကနေ အွန်လိုင်းစနစ် ကြန့်ကြာမှုတွေဖြစ်ခဲ့ပြီး ကောလာဟလ စတင်ခဲ့တယ်လို့ ဦးဝင်းသော်က ပြောပါတယ်။
"အခြေခံအချက်က စနေ၊ တနင်္ဂနွေ၊ တနလာင်္ ၃ ရက်ပိတ်တယ် ဖွင့်ရက်မှာ ဘဏ်မှာငွေထုတ်တဲ့သူများတာ ထုံးစံပေါ့ ဘဏ်တွေက အားလုံးက အွန်လိုင်းစနစ်နဲ့သွားတာဆိုတော့ အဲ့နေ့က အင်တာနက်လိုင်းက လိုင်းကြပ် တယ်၊ ဟိုဘက်ဒီဘက် ပို့တာမှာ အကြောင်းကြားစာကမရောက်ဘူး။ ပိုက်ဆံထုတ်မယ့်သူက ရောက်တယ် ဘယ်သူက ဘယ်သူကို ဘယ်လောက်လွဲတယ်ဆိုတာ ကြန့်ကြာနေတယ် လူကစောင့်ရတာ များသွားတော့ ငွေထုတ်လို့မရဘူးဆိုတဲ့ စကားက သွားပြန့်သွားတာပေါ့"
ဘဏ်တွေမှာလုံလောက်တဲ့ပမာဏ ငွေထုတ်မပေးနိုင်ဘူးဆိုတာ ကောလာဟလဖြစ်ပြီး ဗဟိုဘဏ်အနေနဲ့ လိုအပ်တဲ့ထုတ်ငွေတွေရရှိအောင် အဆင့်ဆင့်ဆောင်ရွက်ပေးထားတယ်လို့ ပြောပါတယ်။
ဘဏ်တွေမှာ လက်ကျန်ငွေ၊ ချေးငွေ ဘယ်လောက်ရှိရမယ်ဆိုပြီး အချိုးကျရှိအောင် ဗဟိုဘဏ်က ထိန်းချုပ် ထားပြီး ဘဏ်တွေမှာထားရှိရ တဲ့ ငွေကြေးပမာဏက အကန့်အသတ်ရှိတဲ့အတွက် လုံလောက် တဲ့ ငွေကြေးမရှိတော့ဘူးဆိုရင် ချိတ်ဆက်ထားတဲ့ ဘဏ်အချင်းချင်းငွေချေး ယူနိုင်ပြီး ဗဟိုဘဏ်ကနေလည်း ထုတ်ယူနိုင်အောင် ဆောင်ရွက်ပေးထား တယ်လို့ပြောပါတယ်။
အခုဖြစ်ပေါ်ခဲ့တဲ့ ကောလာဟလနဲ့ပတ်သက်ပြီး လတ်တလောမှာ အွန်လိုင်းစနစ်ချွတ်ယွင်းချက်ကြောင့်လား ဘဏ်စနစ်အားနည်းချက်ကြောင့် လားဆိုတာကို စိစစ်နေတယ်လို့ ပြောပါတယ်။
photo: KBZ Bank Facebook
RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment