ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးသီးနှံတွေ ပျက်စီးဆုံးရှုံးမှုအတွက် အာမခံပေးမယ်
မြန်မာနိုင်ငံမှာ ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးသီးနှံတွေ ပျက်စီးဆုံးရှုံးမှုကို အကာအကွယ်ပေးမယ့်မိုးခေါင်ရေရှားအာမခံလုပ်ငန်းကို ဇွန်လထဲမှာမြန်မာ့အာမခံလုပ်ငန်းက စတင်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
သီးနှံအာမခံလုပ်ငန်းရဲ့ လုပ်ငန်းအမျိုးအစားတစ်ခုဖြစ်တဲ့ မိုးခေါင်ရေရှားအာမခံလုပ်ငန်းကို ရွှေဘိုမြို့နဲ့ ပြည်မြို့တို့မှာ စတင်စမ်းသပ်ဆောင်ရွက်သွားမှာဖြစ်ပြီး အာမခံလုပ်ငန်းနဲ့ ပတ်သက်တဲ့နည်းပညာကို ဂျပန်နိုင်ငံက အာမခံကုမ္ပဏီတစ်ခုဖြစ်တဲ့ စွန်ပိုအာမခံလုပ်ငန်းက ကူညီပံ့ပိုးပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
မိုးခေါင်ရေရှားအာမခံလုပ်ငန်းစနစ်အပြင် ရေကြီးနစ် မြုပ်မှုကာကွယ်ပေးရေးအာမခံလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ အာမခံလုပ်ငန်းတွေကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
သီးနှံအာမခံစနစ်အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် လိုအပ်တဲ့အချက်အလက်တွေ၊ မိုးရေချိန်တွေ၊ရာသီဥတုအခြေအနေတွေကို သုတေသနလုပ်နေတယ်လို့ သိရပါတယ်။
အာမခံပရီမီယံနှုန်းထားကြေးကိုလည်း ဆွေးနွေးမှုများပြုလုပ်နေပြီး အဆိုပါစမ်းသပ်မှုအောင်မြင်ရင်တော့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဆက်လက်အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။
Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment