Latest News

Sunday, May 21, 2017

ဧရာဝတီတိုင်း အိမ်မဲမြို့တွင် ဂျပန်အစိုးရ အကူအညီဖြင့် ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ပြီးစီး



ပုသိမ်၊ မေလ ၂၀

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်ရှိ သရက်ပင်ကွင်း၊ သပြေကွင်း၊ အင်းတီနှင့် ကြို့ကုန်းကျေးရွာများသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းကို ဂျပန်နိုင်ငံ အစိုးရ၏ GGP အသေးစား ထောက်ပံ့ရေး အစီိအစဉ်နှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ဖောက်လုပ်ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရှိရသည်။

လမ်းရှည် ၆ မိုင် ရှိပြီး ဂျပန်နိုင်ငံမှ ၁,၁၁၀၇၈ ဒေါ်လာ၊ ပြည်သူထည့်ဝင်ငွေ ကျပ်သိန်း
၃၀၀ နှင့် အောက်ခံမြေသားဖို့ခြင်းကို ဒေသခံပြည်သူတို့ လုပ်အားဖြင့် ဆောင်ရွက်ခ့ပြီး လမ်းခင်းသည့် နည်းပညာနှင့် လုပ်ငန်းများကို ဂျပန်နိုင်ငံမှ ကုမ္ပဏီက ဆောင်ရွက်ခဲ့ကြောင်း အိမ်မဲမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်းက ပြောသည်။

“ဒီဒေသရဲ့ အဓိကထွက်ကုန်တွေဖြစ်တဲ့ ရေချိုငါးလုပ်ငန်းနဲ့ လယ်ယာထွက်ကုန်တွေကို အနီးပတ်ဝန်းကျင်ရွာတွေ ပြီးတော့ အိမ်မဲမြို့၊ ပုသိမ်မြို့နဲ့ ရန်ကုန်မြို့တွေကို ပို့ရတာ ပိုကောင်းသွားတယ်။ လူမှုရေး စီးပွားရေးလုပ်ငန်းတွေ ပိုအဆင်ပြေသွားမယ်” ဟု ၄င်းက မှတ်ချက်ပြုသည်။

ထို့အပြင် အိမ်မဲမြို့နယ်ရှိ တာကုန်း၊ တစ်တီတူး၊ ကျုံဒရယ်၊ အုန်းပင်စု၊ ဝဲကြီးကူ ကျေးရွာလမ်းများကိုလည်း နွေမိုးဆောင်း သွားလာနိုင်သည့် လမ်းအဖြစ် လုပ်ဆောင်ရန် ကျန်ရှိနေသေးကြောင်း ဒေသခံ ဦးအောင်ကျော်မိုးက ဆိုသည်။

အဆိုပါလမ်းကို ဂျပန်သံရုံး ဒုတိယအတွင်းဝန် Mr.Yosuke TANAKA က မေလ ၁၇ ရက်နေ့က လာရောက်ဖွင့်လှစ်ပေးပြီး ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မောင်မျိုးထက် (ပုသိမ်)
The Voice
http://thevoicemyanmar.com/news/8682-eyt

No comments:

Post a Comment