Tuesday, May 2, 2017
ရုတ်တရက် စိတ်ဖောက်ပြန်ကာသူတစ်ဦးက ဘုန်းကြီးအား ဓါးဖြင့် လိုက်ခုတ်၍ ဒဏ်ရာရရှိ
ဝမ်ပုံ မေ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)အုပ်စု၊ ဝမ်ပုံ ရွာ၊ ဇေယျသုခတပ်ဦးကျောင်းဝင်းအတွင်း၌ ရုတ်တရက် စိတ်ဖောက်ပြန်သူ တစ်ဦးက ကျောင်းထိုင်ဘုန်းကြီးအား ဓါးဖြင်လိုက်ခုတ်သည့် ဖြစ်စဉ် မေ ၁ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဝမ်ပုံနယ်မြေရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ မေ ၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာ ဇေယျသုခတပ်ဦးကျောင်းတွင် နံရံ အချောကိုင် ရန်အတွက် ဘုန်းကြီးကျောင်း အနောက်ဖက်တွင် ကိုမင်းမင်းနှင့် အတူ ကိုရင် မာနိတ၊ ကိုရင် သောဘဏ၊ ကိုရင် သောဘိတ တို့နှင့်အတူ ဘိလပ်မြေဖျော်နေစဉ် ကျောင်းရှေ့မှ ကျောင်းထိုင်ဆရာတော် ဦးဝိဇယ၊ သက်တော် (၄၀ နှစ်)၊ ဝါတော် (၂)ဝါ၏ (ငါ့အား ဓါးနဲ့ခုတ်နေတယ် ကယ်ပါအုံး၊ ကယ်ပါအုံး)ဟု အော်ဟစ်အကူအညီတောင်းခံသံကြားရသဖြင့် ကိုမင်းမင်းမှ ကိုရင်များနှင့်အတူ ကျောင်းရှေ့သို့ ထွက်၍ ကြည်ရှု့ရာ ဆရာတော်အား လူတစ်ဦးမှ ဓါးအရှည်တစ်ချောင်းကိုင်ပြီး လိုက်ခုတ်နေသည်ကို တွေ့မြင်ရသည်။
ဓားဖြင့်လိုက်ခုတ်သူက ကိုမင်းမင်းနှင့် ကိုရင်များအားတွေ့ရှိသောအခါ ဘုန်းကြီးကျောင်းအပြင်သို့ ဓါး ကိုင်၍ ထွက်ပြေးသွားသည်ကို တွေ့မြင်လိုက်ရကြောင်း၊ ထို့နောက် ဆရာတော်အား ကြည့်ရှု့ရာ ဦးခေါင်းအနောက်နှင့် ယာနားရွက်တို့ ပြတ်ရှ ဒဏ်ရာ တစ်ချက်စီရရှိပြီး ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့ပြီး ဆရာတော်အား ဝမ်ပုံဆေးရုံသို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ကျောင်းထိုင်ဆရာတော်အား ဓါးဖြင့် ခုတ်သူမှာ ကျစော (၄၅ နှစ်)၊ ဝမ်ပုံရွာနေသူဖြစ်ကြောင်း သိရှိရပြီး ကျောင်း ဝင်းအတွင်း ဆင်ဝင်အောက်သို့ ဝင်ရောက်လာပြီး အလစ်ဝင် ရောက်၍ ဆရာ တော်အား နောက်မှ အရိုးအသွား(၁၆)လက်မခန့်ရှိ၊ ဗျက် နှစ်လက်မခန့်ရှိ ထင်းခုတ်ဓါးမဖြင့် ဦးခေါင်းအား ခုတ်ခဲ့ကြောင်း သိရှိရသဖြင့် ကိုမင်းမင်းမှ တရားလို ပြုလုပ်တိုင်တန်းခဲ့သည်။
အမှုမှ ဆရာတော်အား ဓါးဖြင့်ခုန်သူ ကျစော (၄၅ နှစ်)၊ ဝမ်ပုံရွာနေ သူ အား ဝမ်ပုံနယ်မြေရဲစခန်းက (ပ) ၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၄၅၂/၂၉၅-က ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
မြင့်မိုရ်(တာချီလိတ်)
https://www.facebook.com/mjin.mou.1
ရုတ်တရက် စိတ်ဖောက်ပြန်ကာသူတစ်ဦးက ဘုန်းကြီးအား ဓါးဖြင့် လိုက်ခုတ်၍ ဒဏ်ရာရရှိ
Reviewed by timeayeyar
on
4:54 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment