Latest News

Friday, May 5, 2017

စီအိုင်အေက ကင်မ်ဂျုံအန်ကို သတ်ဖြတ်ရန် ကြံစည်နေဟု မြောက်ကိုရီးယားပြော

စီအိုင်အေက ကင်မ်ဂျုံအန်ကို သတ်ဖြတ်ရန် ကြံစည်နေဟုြေေမြောက်ကိုရီးယာြးေ
ပာ

မြောက်ကိုရီးယားက အကြမ်းဖက်သမားတွေကို ရှာဖွေချေမှုန်းသွားမယ်လို့ လုံခြုံရေးဝန်ကြီးဌာနက ပြောပါတယ်။

အမေရိကန် စီအိုင်အေနဲ့ တောင်ကိုရီးယား ထောက်လှမ်းရေးအေးဂျင့်တွေက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို သတ်ဖြတ်ရန် ကြံစည်နေကြောင်း မြောက်ကိုရီးယားအစိုးရသတင်းမှာ ဖော်ပြပါတယ်။ အမေရိကန် စီအိုင်အေနဲ့ တောင်ကိုရီးယား ထောက်လှမ်းရေးဌာနက ကျောထောက်နောက်ခံပြုထားတဲ့ အကြမ်းသမားအုပ်စုတစ်ခုက ဇီဝဓာတုပစ္စည်းသုံးပြီး တိုက်ခိုက်ရန် နိုင်ငံအတွင်းဝင်ရောက်ခဲ့တယ်လို့ မြောက်ကိုရီးယား လုံခြုံရေးဝန်ကြီးဌာနက ဆိုပါတယ်။

မြောက်ကိုရီးယားက အကြမ်းဖက်သမားတွေကို ရှာဖွေချေမှုန်းသွားမယ်လို့ လုံခြုံရေးဝန်ကြီးဌာနက ပြောပါတယ်။ စီအိုင်အေနဲ့ တောင်ကိုရီးယား ထောက်လှမ်းရေးတို့က ခေါင်းဆောင်ကြီးကို ထိခိုက်စေရန် လျှို့ဝှက်ကြံစည်နေကြကြောင်း မြောက်ကိုရီးယား အစိုးရသတင်းဌာန KCNA က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ KCNA သတင်းမှာ ကင်မ်ဂျုံအန်အမည်ကို အတိအလင်း ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိပေမဲ့ ခေါင်းဆောင်ကြီးဆိုတဲ့ အသုံးအနှုန်းမှာ ၎င်းကို ရည်ညွှန်းခြင်းဖြစ်ကြောင်း သိရပါတယ်။

စီအိုင်အေနဲ့ တောင်ကိုရီးယား ထောက်လှမ်းရေးတို့က ရေဒီယိုသတ္တိကြွပစ္စည်းနဲ့ အလွန်သေးငယ်တဲ့ အဆိပ်သင့်ပစ္စည်း အပါဝင် ဇီဝဓာတုပစ္စည်းများသုံးပြီး တိုက်ခိုက်သွားရန် ကြံစည်နေတယ်လို့ KCNA က ပြောပါတယ်။ အဆိုပါ တိုက်ခိုက်မှုခံရပါက ၆ လမှ ၁၂ လအကြာမှသာ သက်ရောက်မှုဖြစ်စေနိုင်ကြောင်းလည်း KCNA သတင်းမှာ ဖော်ပြခဲ့တဲ့ မြောက်ကိုရီးယား လုံခြုံရေးဝန်ကြီးဌာန ထုတ်ပြန်ချက်က ဆိုပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုများ ဆက်လက် မြင့်တက်နေစဉ်အတွင်း မြောက်ကိုရီးယားက အဆိုပါ သတင်းကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း မြောက်ကိုရီးယားအရေးကို ဖြေရှင်းသွားမှာဖြစ်ပြီး နျူကလီးယားလက်နက်များ အကောင်အထည်ဖော်နေမှုကို ရပ်တန့်စေမယ်လို့ ကတိပြု ပြောကြားထားပါတယ်။
Source & Photo: The Guardian, USA Today:Duwun

No comments:

Post a Comment