Latest News

Tuesday, May 30, 2017

မုံရွာ-မန္တလေးကားလမ်း ချောင်းရေကျော်စဉ် ဖြတ်ကူးသော ဒိုင်နာယာဉ်တစ်စီးတိမ်းမှောက်

မုံရွာ-မန္တလေးကားလမ်း ချောင်းရေကျော်စဉ် ဖြတ်ကူးသော ဒိုင်နာယာဉ်တစ်စီးတိမ်းမှောက်

မုံရွာ-မန္တလေးကားလမ်း တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ ခြင်းကြောင့် မြင်းမူမြို့နယ် အလ္လ ကပ္ပကျေးရွာအနီး ချောင်းရေ ကျော်နေစဉ် ဖြတ်ကူးသော ဒိုင်နာ ယာဉ်တစ်စီး မေလ ၂၈ ရက်ညက တိမ်းမှောက်ခဲ့သည်။

‘‘ကားလမ်းပေါ် ရေကျော်နေတဲ့အချိန် ဖြတ်ကူးတဲ့ ဒိုင်နာက သဲနစ်ပြီး ရေတိုက်စားလို့ လဲကျ တိမ်းမှောက်ခဲ့တာပါ။ ယာဉ်ပေါ် လိုက်ပါလာသူတွေ ထိခိုက်ဒဏ် ရာရတာမရှိပါဘူး။ တိမ်းမှောက် သွားတဲ့ယာဉ်ကို ရွှေတောင်ကုမ္ပ ဏီက စက်ယန္တရားတွေ အကူ အညီနဲ့ ရှာဖွေကယ်ဆယ်ရေးတပ် ဖွဲ့ဝင်တွေ ပူးပေါင်းရှင်းလင်းဖယ် ရှားခဲ့တာ မနက် ၉ နာရီမှာ ပြီးစီး ပါတယ်’’ဟု တိုင်းဒေသကြီးမီး သတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

မေလ ၂၉ ရက် နံနက်က မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် အလ္လကပ္ပကျေးရွာအနီး ချောင်းရေကျော်နေရာတွင် ရေအနက် သုံးပေခွဲခန့်ရှိ၍ မော်တော်ယာဉ် သွားလာမှုကို ယာယီပိတ်ထားရ သည်။  ချောင်းရေဖြတ်သန်းစီးဆင်း သော နေရာတွင် ရွှေတောင်ဖွံ့ဖြိုး တိုးတက်ရေးကုမ္ပဏီက အရှည် ၂၄၀ ပေ၊ အကျယ် ၄၈ ပေရှိ တံတားတည်ဆောက်ရေးလုပ်ငန်း များ ဆောင်ရွက်နေ၍ လမ်းလွှဲမှ ယာဉ်များသွားလာချိန်၌ ချောင်း ရေကျဆင်းခြင်းကြောင့် ယာဉ်များ သွားလာရေးအခက်ကြုံခဲ့ခြင်းဖြစ် သည်။

ချောင်းရေကျော်နေရာတွင် တည်ဆောက်နေသည့် တံတား သည် လက်ရှိ ကွန်ကရစ်လောင်း ခြင်းလုပ်ငန်းများ ပြီးစီး၍ ဇွန်လဆန်း၌ နှစ်လမ်းသွားအဖြစ်စတင် အသုံးပြုနိုင်မည်ဖြစ်ကာ လေးလမ်းသွားတံတားအဖြစ် ဇူလိုင်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးမည်ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ လမ်းပန်းနှင့် စက်မှုဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောသည်။

7Day News Journal

No comments:

Post a Comment