Latest News

Thursday, May 4, 2017

ဗာတီကန်စီးတီးနှင့် မြန်မာတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်ရန် သဘောတူ

ဗာတီကန်စီးတီးနှင့် မြန်မာတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်ရန် သဘောတူ

အီတလီနိုင်ငံတွင် ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့ တွေ့ဆုံခဲ့ သည်။

အဆိုတွေ့ဆုံမှုတွင် ဗာတီကန်စီးတီးနှင့် မြန်မာတို့အကြား သံတမန် ဆက်ဆံရေး ထူထောင်ရန် သဘောတူညီမှု ရခဲ့ကြောင်း ရိုက်တာ သတင်းဖော်ပြချက်အရ သိရသည်။

ဗာတီကန်စီးတီးရဲ့ တာဝန်ရှိသူတွေက ထုတ်ပြန်ရာမှာတော့ မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ပုပ်ရဟန်းမင်းကြီး၏ အထူးသံတမန် တစ်ဦး စေလွှတ် ခန့်ထားမည်ဖြစ်ပြီး တစ်zက်တွင် မြန်မာအစိုးရဘက်မှ  ဗာတီကန်စီးတီးတွင် သံရုံး ဖွင့်လှစ်သွားမယ်လို့ သိရသည်။

The Ladies News

No comments:

Post a Comment