[အပူဒဏ်ကြောင့် ကျန်းမာရေးပြဿနာများဆိုင်ရာ နှိုးဆော်ချက်]
နွေရာသီတွင် ရာသီဥတုပူပြင်းမှုကြောင့် ချွေးထွက်လွန်ကာ ခန္ဓာကိုယ်အတွင်းရှိ ရေနှင့် ဓာတ်ဆားဓာတ်များဆုံးရုံးမှု ပိုမိုများပြားတတ်ပါသည်။ ပြည်သူလူထုအနေဖြင့် အပူဒဏ်ကြောင့်ဖြစ်ပွားတတ်သော ကျန်းမာရေးပြဿနာများတွေ့ရှိ ပါက ဆောင် ရွက်ရမည့်လုပ်ငန်းစဉ်များကို သိရှိလိုက်နာနိုင်ပါရန် နှိုးဆော်အပ်ပါသည်။
အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (ံHeat exhaustion) ခံစားရပါက အောက်ဖော်ပြပါ ရောဂါလက္ခဏာများ ပေါ်ပေါက်နိုင်ပါသည်။
- ပျို့ခြင်း (သို့) ဂနာမငြိမ်ဖြစ်ခြင်း
- ခေါင်းမူးနောက်ခြင်း
- ကြွက်သားများ ကြွက်တက်ခြင်းနှင့် အားပျော့ခြင်း
- မူးမိုက်ခြင်း
- ခေါင်းကိုက်ခြင်း
- နုံးချည့်ခြင်း
- ရေဆာခြင်း
- ချွေးအလွန်အကျွံထွက်ခြင်း
- ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်း
ရောဂါပိုမိုပြင်းထန်ဆိုးရွားလာ၍ အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) ခံစားရပါက အောက်ဖော်ပြပါရောဂါလက္ခဏာများ ပေါ်ပေါက်နိုင်ပါသည်။
- အရေပြားပူ၍ခြောက်သွေ့ခြင်း (သို့) ချွေးအလွန်အကျွံထွက်ခြင်း
- စိတ်ရှုပ်ထွေးခြင်း
- သတိလစ်ခြင်း
- တက်ခြင်း
- ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်ခြင်း
အဆိုပါလက္ခဏာများခံစားရပါက ဦးစွာဆောင်ရွက်ရန်-
(၁) အရိပ်ရ၍အေးမြသော၊ လေဝင်လေထွက်ကောင်းသော နေရာသို့ ပြောင်းရွှေ့ထားပါ။
(၂) ရေနှင့်ဓာတ်ဆားရည်များကို တိုက်ကျွေးပါ။
(၃) ရေအေးပတ်တိုက်ပါ။ (နဖူး၊ လည်ပင်း၊ ချိုင်းကြားနှင့် ပေါင်ခြံတို့ကို ရေအေး ပတ်ရွှဲရွှဲတိုက်ပေးခြင်းဖြင့် ခန္ဓာကိုယ်တွင် အပူချိန်အမြန်ကျ စေပါသည်။)
နီးစပ်ရာဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနများသို့ အမြန်ဆုံးပို့ပေးပါ။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
Subscribe to:
Post Comments (Atom)
No comments:
Post a Comment