၆၆ဃနဲ့ အရေးယူခံရရင် အာမခံပေးဖို့ အကြံပြုထား
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ကို အာမခံပေးဖို့ အကြံပြုထားကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံး အမြဲအတွင်းဝန် ဒေါ်နုနုယဉ်က ဒီနေ့ အစိုးရ ၁နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနက ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်ဖို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးထံ ဥပဒေအကြံတောင်းထားတာနဲ့ ပတ်သက်ပြီး သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ အမြဲ တမ်းအတွင်းဝန် ဒေါ်နုနုယဉ်က အခုလိုပြောဆိုလိုက်တာပါ။
ဆက်သွယ်ရေး ကွန်ယက်တစ်ခုခုကို အသုံးပြုပြီး လူပုဂ္ဂိုလ်တဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်ထက်ပြုခြင်း၊ မတရားတားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းစတဲ့ ပြစ်မှုတခုခုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက ထိုသူကို ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်၂ ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည်လို့ ပြဌာန်းပါရှိပါတယ်။
အစိုးအရသစ် တစ်နှစ်ပြည့်သတင်းစာရှင်းလင်းပွဲကို ပြန်ကြားရေး ဝန်ကြီးဌာနမှာ ဒီကနေ့ ပြုလုပ်ရာမှာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့စတဲ့ ဌာန တွေက ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေနဲ့လည်း နိုင်ငံဝန်ထမ်းတွေရဲ့ အပေါ်မှာ ပြည်သူလူထုရဲ့ အမြင် စစ်တမ်းကို လာမယ့် စက်တာဘာလနဲ့ အောက်တိုဘာလထဲမှာ ပထမဆုံးအကြိမ်း စမ်းသပ် ကောက်ခံသွားမှာဖြစ်ကြောင်းလည်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက ပြောကြားခဲ့ပါတယ်။
Photo: Win Naung Toe/RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment