Latest News

Monday, May 29, 2017

ချောင်းသာ ကို ကယ်တင်ပါ


ချောင်းသာ ကို ကယ်တင်ပါ ။
Myo Min Paing
ချောင်းသာ ဟာ ကမ္ဘာကျော် အပန်းဖြေ ကမ်းခြေ တစ်ခုပါ ။
ရန်ကုန် ကနေ ပုသိမ်ကို ကားဖြင့် သုံးနာရီခွဲ ခန့် မောင်းပြီး ပုသိမ်ကနေ
(၁)နာရီကျော်ကြာမောင်းရင် ချောင်းသာဆိုတဲ့  ကမ်းခြေကိုရောက်ပါပြီ။
ကမ်းခြေဆိုတော့ ကမ်းခြေ မှာအပန်းဖြေရင်း ပင်လယ်ရေကူးဖို့ ကိုက
ခရီးသွားတွေ အတွက် အရေးပါပါတယ်။
ဒီတော့ ဒီကမ်းခြေက ခရီးသွားတွေအတွက် အမြဲတမ်း လန်းဆန်းနေစေဖို့ 
အပန်ဖြေနိုင်စေဖို့  ဆွဲဆောင်နိုင်ရမယ်လို့  ယုံကြည်ပါတယ်။
ချောင်းသာကမ်းခြေကို ၁၉၉၄ ခုနှစ်မှစတင်ကာ ကမ်းခြေခရီးသွားလုပ်ငန်းကို
အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး၁၉၉၆ခုနှစ် မြန်မာ့ခရီးသွား နှစ်တွင်
ပြည်တွင်း ပြည်ပ ခရီးသွားများအပန်းဖြေလာ ရောက်မှုကြောင့်
ပိုမိုလူသိများလာခဲ့သလို ၂ဝ၁ဝ ပြည့်နှစ် နောက်ပိုင်းတွင်
ယာဉ်စီးရေတိုးချဲ့ပြေးဆွဲမှုနှင့် ခရီးသွား လုပ်ငန်းများ ဝန်ဆောင်မှု
တွေလည်း တိုးချဲ့ လာခဲ့ ပါတယ်။
ချောင်းသာကမ်းခြေဟာဆိုရင် ငွေဆောင်ကမ်းဖြေလောက် ကမ်းခြ မရှည်သော်လည်း
ကမ်းခြေ ပြန့် ပြူးမှုနဲ့ ရေတိမ်မှုကြောင့် ရေကူးသူတွေကို
အန္တရာယ်ဖြစ်စေမှု ငွေဆောင်လောက်စိုးရိမ်စရာမရှိပါဘူး။
ဘာ့ကြောင့်လဲဆိုရင် ငွေဆောင် သည်ကမ်းခြေရှည်လျားသော်လည်း ဒီရေအတက်အကျနဲ့ 
ကမ်းခြေပြန့် ပြူးမှုမရှိတာကြောင့် ဒီရေဆွဲမှုနဲ့ အတူ
ရေနက်ပိုင်းထဲကိုရောက်ရှိပြီး အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
ဒါဟာချောင်းသာရဲ့ အားသာချက်ကို ပြောနေရတာဖြစ်ပေမဲ့  မည်သူမဆို ဘယ်နေရာ
ဘယ်ဒေသ မှာမဆို အသိ သတိ ကင်းလွတ်ရင်တော့ အသက်ဘေးအန္တရာယ်က
ငွေဆောင်ချောင်းသာတင် မဟုတ်ပါဘူး ရေမနက်တဲ့  ချောင်းမှာလဲ
ရေနစ်သေနိုင်တာပါပဲ။
ဒါနဲ့ ကျွန်တော် ချောင်းသာကိုရောက်တဲ့ အခါမှာတော့ ကမ်းခြေ
ဟိုတယ်တစ်ခုကိုရွေးချယ်ခဲ့ ပါတယ်။ရေကျနေတဲ့ အချိန် နဲ့ ကြုံတာမို
့ကမ်းခြေကို ဆင်းသွားတဲ့ အခါမှာတော့ ကမ်းခြေ အစပ်က အမှိုက်တွေက
ဆီးကြိုနေပါတယ်.။
ခရီးသွားတွေက ချောင်းသာ ကမ်းခြေ မလတ်ဆတ်တော့ ဘူးလို့ ပြောတာကို
ကိုယ်တိုင် ကြုံတွေ့ တဲ့  အခါ သူတို့ ပြောတာတွေကို လက်ခံလာခဲ့ ပါတယ်။
ရေကျနေချိန် အမှိုက်တွေ စုပုံနေသလို ရေတက်လာတော့လည်း
ပင်လယ်ကမ်းစပ်ကအမှိုက်တွေ ဒီရေတဲ့ အတူထပ်ပါလာပြန်ပါတယ်
ပုလင်းကွဲကအစ ပုစွန်ကင် ငါးကင် မှာအသုံးပြုတဲ့  တုတ်ချောင်းတွေက
ထိုးထိုးထောင်ထာင်နဲ့  ကြိုနေသလို ဘီယာဘူးခွံ နဲ့  အုန်းသီးခွံတွေကလည်း
ဟိုနေရာဘောလော ဒီနေရာဘောလော ကမ်းခြေနေရာအများစုမှာ အဆိုအမှိုက်တွေ
စုပုံနေတာပါပဲ။
ဒါနဲ့ ရေကျချိန် ရေဆင်းကူးတဲ့ အခါ လူတစ်ရပ်လောက်မြုပ်တဲ့ အထိ
ပင်လယ်ထဲဆင်းပေမဲ့ ပင်လယ်ရေက ကြည်လင်မနေပဲ သဲရေ ရွ့ံ့ရေများနှင့်အတူ
အမှိုက်မှုံတွေကသာ လူကိုရိုက်ခက်နေပါတယ်။
ပြောရရင်တော့ ဒီလို ရွ့ံရေ သဲရေအမှုံတွေကြားမှာ ခရီးသွားတွေ ရေကူးနေတာဟာ
တစ်ချိန်က သိခဲ့ တဲ့  သန်းရှင်းလတ်ဆတ်တဲ့ ကမ်းခြေချောင်းသာဆိုတာကို လူတွေ
က မေ့လို့ မရသေးတာကြောင့် သာဖြစ်မယ်လို့  ထင်မှတ်ရပါတယ်။
ကမ်းခြေနေရာတော်တော်များများမှာ အမှိုက်တွေ စုပုံနေတာမြင်တော့
ကျွန်တော်ရင်ထဲရှုပ်ထွေးလာစေသလို လက်ရှိ အစိုးရသစ်လက်ထက်စစချင်းမှာ
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကဦးဆောင်ပြီး
အမှိုက်ကောက်နေပုံတွေကိုလည်း ဘာမဆိုင် ညာမဆိုင်မြင်ယောင်မိပါတယ်။
ဒါနဲ့ ကျွန်တော် ကမ်းခြေမှာလမ်းလျောက်ရင်း ပုလင်းကွဲတစ်ခုနဲ
့သစ်သားချောင်းတစ်ခုကို ကောက်ရင်းအမှိုက်ပုံးထဲ ထည့်လိုက်ပါတယ်
။အမှိုက်ထည့်ဖို့ အမှီုက်ပုံးရှိရာကိုပင်အတော်ပင် သွားရပါသေးတယ်။
ကိုယ့် ကောက်တာ မို့ ကိုယ် ဂုဏ်ယူပြောတာ မဟုတ်ပါဘူး
ခရီးသွားဧည့်သည်တွေတိုင်း ကိုယ်တွေ့ တဲ့ အမှိုက်တစ်ခုကို အမှိုက်ပုံးထဲ
ကောက်ယူထည့်ရင် အဆင်ပြေမလားလို့ တွေးမိပါတယ်။
အမှန်တော့ ဒီအလုပ်ဟာကမ်းခြေ ကို စနစ်တကျ ကြီးကြပ်ကွပ်ကဲပြီး
သက်ဆိုင်ရာတာဝန်ရှိသူတွေက လုပ်ရမယ့်အလုပ်ပါ။
ဒီလိုကမ်းခြေမှုအမှိုက်တွေရှိနေတာ နှစ်ကာလာကြာပြီဖြစ်သော်လည်း
လျော့ကျသွားအောင်ဘယ်အစိုးရဘယ်တာဝန်ရှိသူကမှမလုပ်နိုင်တာကြောင့်
ကျွန်တော်က ပြည်သူတွေကို အားကိုးမိတာပါ။
ဘာ့ကြောင့်လဲဆို ကမ်းခြေသာယာလှပရေးဆိုပြီး ဒေသခံတွေ အကြိမ်ကြိမ်
ဆန္ဒပြနေတာလည်းကြားနေရပါတယ်။
အမှန်တော့ လက်ရှိ အစိုးရလွတ်တော် နဲ့ ကိုယ်စားလှယ်တွေဆိုတာ
ပြည်သူတွေရွေးကောက်တင်မြှောက်ထားပြီး ပြည်သူ့ ကပေးတဲ့ လစာ စားနေကြတာပါ။
ကမ်းခြေ တွေ ဆိုရင်လည်းအစိုးရအတွက် ဘဏ္ဏာတွေကို အများအပြားရှာပေးနေသလို
ဒီထက်ပိုမိုကောင်းမွန်တဲ့ ကမ်းခြေတွေ ဖြစ်အောင်
ဆွဲဆောင်မှုပိုရှိလာအောင်ဆောင်ရွက် သင့်တယ် လို့  ထင်မှတ်မိပါတယ်။
ချောင်းသာကမ်းခြေ ဒီလောက်တောင်စိုးနေလျော့လားဆိုပြီး လည်း
စိတ်ပျက်စရာမရှိပါဘူးချောင်းသာကနေ
၁၅မိနစ်လောက်ကားဖြင့်မောင်းရင်ကျောက်မောင်နှမဆိုတဲ
့ကမ်းခြေကိုရောက်ပါတယ်.။
အဲ့ ဒီနေရာရောက်တဲ့ အခါမှာတော့ ပင်လယ်ရေပြင်က ကြည်လင်နေသလို လတ်ဆတ်တဲ
့လေကလည်ဆီးကြိုနေပါတယ်.။
အဲ့ ဒိနေရာလေးကတော့ အတော်ပဲ သက်တောင့် သက်သာရှိတဲ့ ကမ်းခြေ
နေရာလေးတစ်ခုအနေနဲ့ ရှိနေသေးတာကိုတော့ ညွန်းပါရစေ။
သို့ သော်လည်းပဲ ကျောက်မောင်နှမ ရဲ့ ကျောက်တုံးတွေကြား ပင်လယ်ရေထဲမှာ
ပုံထားတဲ့  အုန်းခွံ နဲ့ များပြားလှတဲ့  အမှိုက်တွေဟာ တော့ လတ်ဆတ်နေတဲ
့အဲ့ ဒီကမ်းခြေကို အကျည်းတန်စေပါတယ်။
ပိုထူးခြားတာကတော့ အဲ့ ဒီကျောက်မောင်နှမ ကမ်းခြေ မှာ
ဒီဘက်ချောင်းသာကမ်းခြေပင်မ နေရာမှာမမရှိတဲ့  သုံးဘီးဆိုင်ကယ်ကြီးတွေနဲ
့အတူ အပျော်စီး မြင်းတွေ လည်းအများအပြားရှိနေပါတယ်။
ဒိနေရာမှာ မြင်းတွေကို စီးဖို့ မြင်းစီးကလေးတွေ ဆွဲဆောင်နေတာကိုတော့
သဘောမကျတာအမှန်ပါပဲ ။
ဘယ်လိုဆွဲဆောင်နေလဲဆိုရင် မြင်းစီးကလေးတွေဟ ကမ်းခြေမှာ
မြင်းတွေကိုအကြောင်းမရှိ အကြောင်းရှာ ရိုက်မောင်းပြီး
ကြမ်းကြမ်းတမ်းတမ်း စီးပြနေတာကိုပါပဲ၊
ဒီလို လုပ်နေတော့ သြစတေးလျကို မလေးရှားကနေတင်ပို့ တဲ့ 
အမဲသားတွေကိုသြစတေးလျက မယူပဲပြန်ပို့ တဲ့ အကြောင်းသတိယမိတယ်။
ဘာ့ကြောင့် ပြန်ပို့ ခဲ့တာလဲဆိုရင် နွားတွေကို သတ်တဲ့ အခ
ါနောက်ဆုံးအသက်ထွက်ချိန် ငြင်သာ မှုရှိတဲ့  စက်တွေကို အသုံးမပြုလို့ 
ပြန်ပို့ ခဲ့ တဲ့ အကြောင်းဖြစ်တယ်။
ပြောခြင်တာက တိရစ္ဆာန်တွေကို သက်တောင် နောက်ဆုံးအချိန်မှာသူတို
့ငြင်သာစွာအသက်ထွက်နိုင်အောင်သူများနိုင်ငံတွေက ဆောင်ရွက်ကြတော့ ဒီမှာ
အကြာင်းမဲ့ နှိပ်စက်နေတာကို သဘာမကျတာပါ။
ဒီလို ကမ်းခြေ ကို ကမ္ဘာ့နိုင်ငံအသီးသီးကလလည်းလာရောက် အပန်းဖြေနေတာကြောင့်
ကျွန်တော်တို့ မြန်မာနိုင်ငံက သူတွေက တိရစ္ဆာန်တောင် အကြောင်းမဲ့ရိုက်နေတဲ
့ဆိုတဲ့ အတွေးတွေးမြင်သွားမှာကို ကျွန်တော်တစ်ဦးတစ်ယောက်အမြင်နဲ
့တွေးပူမိတာပါ။
ကမ်းခြေ ဟိုတယ်တွေမှာ ၂၄ နာရီ မီးမရသေးတာကလည်း ခရီးသွားတွေအတွက်
အပြည့်အေ၀၀န်ဆောင်မှုမပေးနိုင်သေးတာလို့ ပဲ မြင်ပါတယ်။
ဘယ်လောက်အထိဆိုးလဲဆို မီးကို အချိန်နဲ့ ပေးတဲ့ အပြင် အဲကွန်းကအကန်
့အသတ်နဲ့ ပေးတဲ့  မီးထက်ကို ထပ်ကန့် သတ်ထားပါတယ်။
မီးရရှိမှုအကန့် အသတ်ကြောင့် ကမ်းခြေဟော်တယ်တွေမှာ ခြင်လုံဇကာတွေတပ်ပြီး
ပြတင်းတံခါးတွေကို အမြဲလိုလိုဖွင့် ထားတတ်ပါတယ်.။
နေ့ လည် ပိုင်း ထမင်းသွားစာရင်တော့ စားသောက်ဆိုင်က ၀န်ထမ်းတွေက
ကိုယ်ပိုင်လေကို လူ့ စွမ်းအားနဲ့  ရင်းပြီး
ယပ်တောင်ခတ်ပြီးဖန်တီးပေးပါတယ်။
ဒီလိုအခြေနေတွေကို ကမ်းခြေကို လာရောက်တည်းခိုတဲ့ 
ငွေကြေးတတ်နိုင်သူတွေနဲ့  အလယ်အလတ်တန်းစား သုံစွဲနိုင်သူတွေ
ခံစားဖူးမှာပါ။
အဲကွန်းခန်းတွေမလိုဘူး သဘာ ၀အတိုင်းနဲ့  ကမ်းခြေမှာအပန်းဖြေကျတဲ
့ရက်ရှည်လာရောက်လည်ပတ်သူတွေနဲ့  ငွေကြေးမတတ်နိုင်သူတွေ အတွက်
ကမ်းခြေမှာနေရာလေးတွေ လုံးချင်းအိမ်လေးတွေ ဖန်တီးပေးထားပါတယ်။
ငွေကြေးသက်တောင့် သက်သာနဲ့ ရက်ရှည်နေနိုင်မှာဖြစ်ပေမဲ့  ကမ်းခြေက
စုပုံနေတဲ့ အမှိက်တွေကတော့ မည်သူ့ ကိုမဆို
ကမ်းခြေကနေဆီးကြိုနေပါတယ်။ကြည်လင်မှုမရှိတော့နဲ့  ပင်လယ်ရေတွေနဲ့ အတူ
ကမ်းခြေက ပြန်တက်တဲ့ အခါ သဲတွေနဲ့ ရွံ့တွေအမှိုက်တွေ က အဖော်မွန်အဖြစ်နဲ
့ ကပ်ပါလာခဲ့ တာကို ခရီးသွားတော်တော်များများခံစားဘူးမှာပါ။
ကျွန်တော် နဲ့ အတူ တည်းခိုတဲ့ ရန်ကုန်က မိသားစုကတော့
ရေကူးရတာမလတ်ဆတ်တော့လို့  လေးရက်လောက်နေဖို့  အားခဲ့ ထားပေမဲ
့နှစ်ရက်တည်းနဲ့  ပြန်ခဲ့ ကြပါတယ်။
ကမ္ဘာကျော် အပန်းဖြေကမ်းခြေတစ်ခုမှာ လူဦးရေအများစုအတွက်
အလုပ်အကိုင်တွေဖန်တီးပေးထားသလို နိုင်ငံတော်အတွက်လည်း အခွန်ငွေတွေ
များစွာရှာပေးထားပါတယ်.။
ဒီလိုပဲဟော်တယ်လုပ်ငန်းရှင်တွေအတွက်လည်း ဒီကမ်းခြေဟာ အသက်သွေးကြောပါ
။တစ်လောကတော့ ဟော်တယ်တစ်ချို့ က ကမ်းခြေမှာရေဆိုးတွေလွတ်ခဲ့ တာကို
ဒေသခံတွေ ၀ိုင်းဝန်းကန့် ကွက်ခဲ့ ကြတာသတိထားမိပါတယ်။
ဒီတော့ တတ်နိုင်သူတွေတာဝန်ရှိသူတွေက ဒီကမ်းခြကို ကယ်တင်ရပါ့ လေ့ မယ်။
လက်လှမ်းမှီသလောက်ခရီးသွားဝင်ရောက်မှုကိုပြောပြရင် ချောင်းသာ
အပန်းဖြေစခန်းသို့ ၂ဝ၁၄-၂ဝ၁၅ ခုနှစ် တွင် ပြည်တွင်း ခရီးသည် ၁၅၄၆၄၂ ဦး၊
ပြည်ပခရီးသည် ၉၆ဝ၃ ဦးနှင့် ၂ဝ၁၅ ဧပြီလမှ စက်တင်ဘာလအထိ ပြည်တွင်းခရီးသည်
၄၄၈၂၉ ဦး၊ ပြည်ပခရီးသည် ၂၇ဝ၁၃ ဦးဝင်ရောက်လည်ပတ်ခဲ့ ပါတယ်.။(ကိုးကားမြန်မာ့အလင်း)
အချိန်မှီ ပြုပြုမှု နဲ့ တူ ကောင်းမွန်တဲ့ အစီအစဉ်တွေကို ရေရှည်အတွက်
သက်ဆိုင်ရာတာဝန်ရှိသူတွေကမှ မစောင့်ရှောက်ရင် မကယ်တင်ရင်
အချိန်ကာလကြာမြင်လာတဲ့ အခါ ကျွန်တော်တို့ လူသားတွေ စိတ်ထဲက အသိအမှတ်ပြု
လက်ခံထားတဲ့  ကမ်းခြေချောင်းသာဆိုတာကို မေ့ လျော့ သွားပါလေ့ မယ်။
Myo Min Paing

No comments:

Post a Comment