Latest News

Monday, May 15, 2017

ရန်ကုန်မီးပွိုင့်များ၌ စီစီတီဗီစောင့်ကြည့်မှု စတင်နေပြီဟု နယ်လုံဝန်ကြီးပြောကြား

ရန်ကုန်မီးပွိုင့်များ၌ စီစီတီဗီစောင့်ကြည့်မှု စတင်နေပြီဟု နယ်လုံဝန်ကြီးပြောကြား

ရန်ကုန်မြို့ရှိ မီးပွိုင့်များ တွင် အသစ်တပ်ဆင်ထားသည့် စီစီတီဗီကင်မရာများမှတစ်ဆင့် လုံခြုံရေးနှင့် ယာဉ်စည်းကမ်းချိုး ဖောက်မှုများကို မေလ ၁၅ ရက်က စ၍ စောင့်ကြည့်နေပြီဟု ရန်ကုန် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောသည်။
ရန်ကုန်မြို့တွင် တပ်ဆင် အသုံးပြုမည့် မီးပွိုင့်များ၊ နောက် ဖေးလမ်းကြားများနှင့် အခြား သောနေရာများတွင် လုံခြုံရေး တပ်ဆင်ထားသော စီစီတီဗီ ကင်မရာများ အရည်အသွေးနှင့် အချက်အလက်သိမ်းဆည်းထား သိုပုံ မည်ကဲ့သို့ရှိသည်နှင့် ပတ် သက်၍ မေလ ၁၅ ရက် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုး ရသည် ရန်ကုန်မြို့တွင်း မီးပွိုင့် ၁၅၄ ခုတွင် စီစီတီဗီ ကင်မရာ တပ်ဆင်ခြင်းလုပ်ငန်းကို ၂၀၁၆ ဖေဖော်ဝါရီ၌ စတင်ခဲ့၍ ယခုနှစ် မေလ ၁၅ ရက်၌ စီစီတီဗီကင်မရာများ လည်ပတ်နိုင်ခဲ့ခြင်းဖြစ်သည်။

စီစီတီဗီကင်မရာ တပ်ဆင် ခြင်းကို မီးပွိုင့် ၁၅၄ ခုအနက်  ၁၄၀ တွင် ၂၈၈ လုံး တပ်ဆင်ထား၍ အဆိုပါစီမံချက်အတွက် ကုန်ကျစရိတ်သည် ကျပ် ၁၈ ဒသမ ၉၃ ဘီလီယံဖြစ်ကြောင်း ဗိုလ်မှူးကြီးတင်အောင်ထွန်းက ဆိုသည်။

‘‘စီစီတီဗီတွေက စပြီးလည် နေပြီဖြစ်တာကြောင့် ကျွန်တော် တို့ဝန်ထမ်းတွေကလည်း စောင့် ကြည့်မှတ်တမ်းယူနေပါပြီ’’ဟု ၎င်းက ပြောသည်။

အဆိုပါစီစီတီဗီမှတ်တမ်း များကို ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင် ရှိ ထိန်းချုပ်ရေးစင်တာကနေ၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှ ရဲတပ်ဖွဲ့ဝင်ခြောက်ဦး၊ ယာဉ် ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၁၂ ဦးနှင့် တာဝန်ကျဝန်ထမ်းများက ထိန်းသိမ်းစောင့်ကြည့် နေမည်ဖြစ်သည်။ ထပ်မံကျန်ရှိသည့် မီးပွိုင့် ၁၄ ခုတွင် ဆက်လက်တပ်ဆင်မည်ဖြစ်ပြီး ယာဉ်မရပ်ရဟု သတ်မှတ်ထားသော နေရာ ၃၀၊ စစ် ဆေးရေးဂိတ်နေရာ ၂၀၊ ယာဉ် ကြောကျပ်တည်းမှု စောင့်ကြည့် နေရာ ၃၀ တို့၌ စီစီတီဗီကင်မရာ အလုံးရေ ၆၀ တပ်ဆင်မည်ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံခံရသည့် ဖြစ်စဉ်တွင် သံ သယတရားခံ နေပြည်တော်၌ ပျောက်ဆုံးသွားသည့်နေရာအနီး မှ စီစီတီဗီမှတ်တမ်း ရယူထားနိုင် မှု အားနည်းချက်ရှိခဲ့ခြင်းကြောင့် ရန်ကုန်မြို့၌ ထိုကဲ့သို့ ဖြစ်ပေါ် မည်ကို စိုးရိမ်ကြောင်း ဦးနေဘုန်း လတ်က ဆိုသည်။ လက်ရှိ မီးပွိုင့်များ၌ တပ်ဆင်ထားသော စီစီတီဗီကင်မရာများသည် ရုပ်ထွက်အရည်အသွေးကောင်းမွန်၍ မှတ်တမ်းသိုလှောင်ထားနိုင်မှု ခြောက်လရှိကြောင်း ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြန်လည်ရှင်းလင်းသည်။

7Day News Journal

No comments:

Post a Comment