Latest News

Tuesday, May 9, 2017

ကလေးမြို့နယ်ရှိ အကျဉ်းထောင်၊ဆေးရုံ၊တရားရုံးနှင့်ရဲအချုပ်ခန်းများအား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ လာရောက် စစ်ဆေး

ကလေးမြို့နယ်ရှိ အကျဉ်းထောင်၊ဆေးရုံ၊တရားရုံးနှင့်ရဲအချုပ်ခန်းများအား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ လာရောက် စစ်ဆေး


ကလေး၊ မေ ၉

စစ်ကိုင်းဒေသကြီး၊ကလေးမြို့ နယ်အတွင်းရှိ အကျဉ်းထောင်၊အကျဉ်းစခန်း၊ရဲအချုပ်ခန်း၊တရားရုံးအချုပ်ခန်းနှင့်ဆေးရုံအချုပ်ခန်းများအား မေလလ၉ရက် နံနက်ပိုင်း၌ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်မှ ကြည့်ရှုစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်၊ဒေါက်တာမြင့်ကြည် တို့ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် တမူး၊ကလေး၊မုံရွာမြို့များရှိ အကျဉ်းထောင်/စခန်း၊အချုပ်ခန်းများအား ကြည့်ရှုစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

လူ့အခွင့်အရေးကော်မရှင်စစ်ဆေးရေးအဖွဲ့သည် မေလ၁၁ရက်၊၁၂ရက်နေ့များတွင်လည်း မုံရွာမြို့နယ်အတွင်းရှိ အကျဉ်းထောင်၊အချုပ်ခန်းများအား ကြည့်ရှုစစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

စည်သူထွန်း
CentralNewsMyanmar
KalaymyoNews

No comments:

Post a Comment