Monday, May 15, 2017
ဘတ္ထရီလှည့်လည် ခိုးယူသူများအား သုဝဏ္ဏ၀တီတွင် ဖမ်းဆီးရမိ
သထုံ မေ (၁၅)
နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် မသင်္ကာသူအားခေါ်ယူစစ်ဆေးရာမှ မြို့တွင်းလှည့်လည်၍ ဘတ္ထရီခိုးယူနေသော အဖွဲ့အား မွန်ပြည်နယ် သထုံမြို့နယ် ၊ သုဝဏ္ဏ၀တီမြို့၊ ကျိုက္ကော်ရပ်ကွက်တွင် မေလ (၁၄) ရက် ညပိုင်းက ဖေါ်ထုတ်ဖမ်းဆီးရမိသည်။
ဖြစ်စဉ်မှာ သုဝဏ္ဏ၀တီမြို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးစိုးနှင့် နယ်မြေခံရဲစခန်းက တပ်ဖွဲ့ဝင်များ သည် နယ်မြေလုံခြုံရေး လှည့်ကင်းဆောင်ရွက်နေစဉ် ကျိုက္ကော်ရပ်ကွက် အပေါ်တန်းပိုင်း၊ ရွှေမြင့်မိုရ်လမ်းမပေါ် တွင် မသင်္ကာသူ ဆောင်းဦးကို (ခ) မဲလေးအား ပီနှံအိတ်ငယ်နှင့်အတူ ကွဲကြေနေသည့်တံဆိပ်မပါသော အစိမ်းရောင် (၅) လက်မ ရေစုပ်စက်မော်တာတစ်လုံးနှင့် အတူတွေ့ရှိရသဖြင့်စစ်ဆေးရာ ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသည့်အပြင် တစ်အိမ်အိမ်မှ ခိုးယူလာကြောင်းယူဆရသဖြင့် သိမ်ဆိပ်နယ်မြေရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့သည်။
ဆက်လက်စစ်ဆေးဖေါ်ထုတ်ချက်အရ ဆောင်းဦးကိုနှင့် အပေါင်းပါများသည် သုဝဏ္ဏ၀တီမြို့နင့် သထုံမြို့နယ်အတွင်း ညအိပ်ရပ်နားထားသော မော်တော်ယာဉ်များမှ ဘတ္ထရီများခိုးယူကြောင်း သိရှိရသဖြင့် ၄င်းတို့ ရောင်းချခဲ့သောဘတ္ထရီ (၂၂)လုံးအား သထုံမြို့ နောင်ကုလားကျေးရွာရှိ ဆိုင်တစ်ဆိုင်မှပြန်လည်သိမ်းဆည်းရမိခဲ့သည်။
ဘတ္ထရီများလှည့်လည်ခိုးယူခဲ့သော ဆောင်းကိုဦး (ခ) မဲလုံး (၁၉) နှစ်၊ အောင်ဝင်းသိန်း (ခ) ၀င်းသိန်းအောင် (၁၇) နှစ်၊ ကျော်သက်ထွေး (ခ) ဖိုးပိန် (၂၀)နှစ်၊ သန်းဇော်ထွေး (၁၇) နှစ်၊ အောင်အောင် (ခ) ရဲသွေးအောင် (ခ) ကိုကိုအောင် (၁၅) နှစ်တို့အား သိမ်ဆိပ်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားသည်။
သထုံခရိုင်ရဲတပ်ဖွဲ့
ဘတ္ထရီလှည့်လည် ခိုးယူသူများအား သုဝဏ္ဏ၀တီတွင် ဖမ်းဆီးရမိ
Reviewed by timeayeyar
on
4:45 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment