ဦးကိုနီလုပ်ကြံမှု နဂါးလေးကို တရားလိုပြသက်သေတင်မည်
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ရှေ့နေဦးကိုနီကို လုပ်ကြံရာမှာ ပါဝင်တဲ့ ကြည်လင်း၊ ဇေယျာဖြိုး၊ အောင်ဝင်းဇော်နဲ့ အောင်ဝင်းထွန်းတို့ ၄ ဦးကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာရှိတဲ့ မြောက်ပိုင်းခရိုင်တရားရုံးမှာ ဒီကနေ့ ၂၆ ရက်နေ့မှာ ၈ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
ဒီနေ့ရုံးချိန်းမှာ ဦးကိုနီကို သေနတ်နဲ့ပစ်ပြီး ထွက်ပြေးသွားတဲ့ ကြည်လင်းကို ဝိုင်းဝန်းဖမ်းဆီးရာမှာ သေဆုံးခဲ့တဲ့ အငှား ယာဉ်မောင်း ကိုနေဝင်းရဲ့မိသားစုဘက်ကနေ လိုက်ပါဆောင်ရွက်မယ့် ရှေ့နေဦးရောဘတ်စန်းအောင်နဲ့ ဒေါ်ခင်မိုးမိုးတို့ကို လက်ခံလိုက်ပါတယ်။
ရှေ့နေဦးကိုနီလုပ်ကြံမှုနဲ့ ပတ်သက်ပြီး နဂါးလေး -ခေါ်- အောင်နိုင်မြင့် ကို တရားလိုပြသက်သေအဖြစ် ထည့်သွင်းဖို့ကိစ္စတွေကို ဥပဒေအရာရှိနဲ့ ဆွေးနွေးခဲ့တယ်လို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
ဒီနေ့ရုံးချိန်းမှာ လက်နက်မှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က လက်နက်သိမ်းဆည်းရာမှာ ပါဝင်တဲ့ အရပ်သားတဦးကို စစ်ဆေးခဲ့ပါတယ်။
ဒါ့အပြင် ဦးကိုနီကို လုပ်ကြံမှုမှာပါဝင်ပြီး လွတ်မြောက်နေဆဲ ဖြစ်တဲ့ တရားခံ အောင်ဝင်းခိုင် ကို ရဲတပ်ဖွဲ့အနေနဲ့ ဖမ်းဆီးဖို့ နဲ့ နေပြည်တော် ပရဆေးဥယျဉ်နားမှာလည်း ရှာဖွေဖို့ ညွှန်ကြားချက်ပေးခဲ့ပါတယ်။
ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပက်သက်လို့ သက်သေအယောက် ၈ဝ ကျော် စစ်ဆေးဖို့ရှိတယ်လို့ သိရပါတယ်။
RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment