ဒေါ်အောင်ဆန်းစုကြည် ဘယ်လ်ဂျီယံဘုရင်၊ ဥရောပကောင်စီဥက္ကဋ္ဌတို့နှင့် သီးခြားစီတွေ့ဆုံ
ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့သို့ ရောက်ရှိနေ သော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဘယ်လ်ဂျီယံဘုရင် ဖိလစ်နှင့် ဘရပ်ဆဲလ် နန်းတော်တွင် မေလ ၂ ရက်က တွေ့ဆုံခဲ့ ကြောင်း ဥရောပအခြေစိုက် မီဒီ ယာများက ဖော်ပြခဲ့သည်။
ထို့အပြင် အတိုင်ပင်ခံပုဂ္ဂိုလ် သည် ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် ရှာမစ်ရှဲလ်နှင့် တွေ့ဆုံခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဥရောပနိုင်ငံသုံးခုသို့ တရားဝင်ခရီးသွားရောက်ရာ မေလ ၁ ရက်တွင် ဥရောပသမဂ္ဂ (အီးယူ) ဌာနချုပ် တည်ရှိရာ ဘယ်လ်ဂျီ ယံနိုင်ငံ ဘရပ်ဆဲလ်မြို့သို့ ရောက်ရှိခဲ့သည်။
မေလ ၂ ရက်၌ပင် ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပ ကောင်စီဥက္ကဋ္ဌ ဒေါ်နယ်တုစ်နှင့် ဘရပ်ဆဲလ်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် သည် ဘယ်လ်ဂျီယံ၊ အီတလီ နှင့် ဗြိတိန်နိုင်ငံသို့ တရားဝင်ခရီး သွားရောက်ရန် ဧပြီ ၃၀ ရက်ည က ရန်ကုန်မြို့မှ လေကြောင်းခရီး ဖြင့် ထွက်ခွာခဲ့ကာ ၁၀ ရက်ခန့် ကြာမြင့်မည်ဖြစ်သည်။
7Day News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment