ဧရာဝတီတိုင်းဒေသကြီးက ယခင်အစိုးရဟောင်းသုံးစွဲခဲ့ တဲ့ ရန်ပုံငွေကျပ်သိန်းပေါင်း ၅သောင်းကျော်နဲ့ ပတ်သတ်ပြီး ပြည်သူတွေအတွက် ကြိုးပမ်းဆောင်ရွက်နေပါတယ်လို့ ဝန်ကြီးချုပ်မန်းဂျော်နီကမေလ(၁၈)
ရက်နေ့ ကပြောသည်။
"မမှန်မကန် စွပ်စွဲတဲ့ ပုံစံလည်းမဖြစ်ချင်ဘူး။သူတို့ လည်း ဒုက္ခမရောက်စေချင်ဖူး။အဆင့်တစ်ခုအထိတော့ ကြိုးစားနေတယ်ပြည်သူတွေအတွက်လုပ်နေပါတယ်။ပြည်သူတွေအတွက်ဆိုတာကဒါအစိုးရရဲ့ သုံးရမယ့်ငွေဟုတ်လားမဟုတ်လား။ သူတို့ ဆက်ပြီးတော့ ဘာလုပ်မလဲ။ ငါတို့ ကြိုးစားနေတယ်။ အဆင့်တစ်ခုတော့ရောက်နေပါပြီ ။" ဟု ၄င်းကပြောသည်။
အသေးစိတ်အချက်လက်များကို ရရှိပြီဆိုပါက မီဒီယာများမှတစ်ဆင့် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို
လည်းပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း လည်းဝန်ကြီးချုပ်ကဆက်ပြောသည်။
အဆိုပါကိစ္စနင်ပတ်သတ်ပြီး ဒေသခံ ပြည်သူအချို့ ကလည်း စိတ်ဝင်တစ်စားစောင့်ကြည့်နေကြသလို
ပွင့်လင်းမြင်သာစွာသိရှိလိုကြောင်းလည်းပြောသည်။
"အစိုးရတစ်ရပ်အနေနဲ့ ကပြည်သူ့ ဘဏ္ဍာကို အလွဲသုံးစားလုပ်ခဲ့ တယ်မှန်ကန်ရင်တော့ ထိထိရောက်ရောက်ဆောင်ရွက်စေချင်ပါတယ်" ဟု ပုသိမ်ဒေသခံ ကိုမင်းစိုးကပြောသည်။
အစိုးရအဖွဲ့ ဟောင်းမှ ဒေသဖွံ့ ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်းပေါင်းငါးသောင်းမှ ခုနစ်သောင်းကျော်အထိပေး
သွင်းရန် ကျန်ရှိနေသည် ဟု လက်ရှိအစိုးရအဖွဲ့ ကမီဒီယာများကို မူလကထုတ်ဖော်ပြောဆိုထားသည်။
ယခင်အစိုးရအနေဖြင့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေအား ရယူထားခြင်းမရှိဘဲ ၂၀၁၆ ခုနှစ်က လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း မေလ ၁၁ ရက်တွင် မီဒီယာများသို့ နယ်လုံဝန်ကြီးဟောင်း ပညာကျန်းမာဖောင်ဒေးရှင်းဥက္ကဋ္ဌ
ဦးမောင်မောင်ဝင်းကတုန်းပြန်ပြောဆိုခဲ့ သည်။
တိုင်းဒေသကြီးအစိုးရ ဖွဲ့စည်းထူထောင်ထားသည့် ဧရာဝတီဘက်စုံဖွံဖြိုးရေး ဖောင်းဒေရှင်းမှ ဧရာဝတီ
ပညာကျန်းမာဘက်စုံဖွံဖြိုးတိုးတက်ရေးဖောင်းဒေရှင်းသို့ အလှူငွေ ၅.၂ဘီလီယံအား ၂၀၁၆ခုနှစ်တွင် ပေးအပ်လှူဒါန်းခဲ့သည်ဟု ဦးမောင်မောင်ဝင်းကဆိုသည်။
မကွေးဝန်ကြီးဟောင်း ရန်ပုံငွေကိစ္စစစ်ဆေးပေါ်ပေါက်ခဲ့ ပြီးနောက် ယခုအခါ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဟောင်း၏ ရန်ပုံငွေ သုံးစွဲမှု ပေါ်ပေါက်လာခဲ့ ခြင်းဖြစ်သည်။
Myo Min Paing
No comments:
Post a Comment