နေပြည်တော်တွင် ကျပ်သိန်း ၁၅,၀၀၀ ခန့် တန်ဖိုးရှိ ခင်းလက်စလမ်းပိုင်း စံချိန်စံညွှန်းမမီ၍ ပြန်ခင်းခိုင်း
နေပြည်တော် ပုဗ္ဗသီရိ နှင့် တပ်ကုန်းကို ဆက်သွယ်သည့် အမှတ်(၃)လမ်းပိုင်း လမ်းခင်းရာတွင်စံချိန်စံညွှန်းမမီ၍ ခင်းခဲ့သည့် ကုမ္ပဏီ များကို ပြန်လည်ပြုပြင်ခိုင်းထား ကြောင်း နေပြည်တော် စည်ပင်သာ ယာရေးကော်မတီမှ သတင်းရရှိသည်။
‘‘ဒီကုမ္ပဏီဘက်က လိုက်နာ အားတော်တော်ကို အားနည်း တယ်။ အားနည်းလို့ အခုလို လမ်း မညီမညာတာတွေဖြစ်တယ်။ ဖြစ် လို့ ပြည်သူတွေက တိုင်ကြားလို့ ဆင်းကြည့်တယ်။ ဆင်းကြည့် တော့ လုံးဝစံချိန်စံညွှန်းမမီတာ တွေ့တယ်’’ဟု နေပြည်တော် ကောင်စီ အမှတ်(၉) မဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးမောင်မောင်ဆွေက ပြောသည်။
ထိုသို့ တွေ့ရှိမှုကို နေပြည် တော်ကောင်စီသို့ တိုင်ကြားခဲ့ပြီး နောက် မေလ ၄ ရက်က သက် ဆိုင်ရာ နယ်မြေလွှတ်တော်ကိုယ် စားလှယ်များ၊ နေပြည်တော် ကောင်စီမှ တာဝန်ရှိသူများ၊ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် အင်ဂျင်နီယာဌာနမှူးများတွေ့ဆုံ ညှိနှိုင်းကြသည်ဟု ၎င်းက ဆိုသည်။
‘‘ပထမဆုံးကတော့ ညှိနှိုင်း တာပေါ့နော်။ QC လက်ခံနိုင်တဲ့ အထိဆိုတာ ဘာကို ဆိုလိုတာလဲ ဆိုတော့ ပြည်သူ့ငွေ သိန်း ၁၅,၀၀၀ နီးပါး ကုန်ကျတဲ့လမ်း၊ ကုန်ကျတာတန်တဲ့အထိ ပြင်ပေးနိုင်မလား၊ ပြင်ပေးနိုင်မယ်ဆိုရင်တော့ ပြင်ပေးပါ။ မပြင်ပေးနိုင်ရင် ဥပဒေကြောင်းအရ ဆက်လုပ်မယ်။ ဒါ ဒုတိယအပိုင်းပေါ့။ လောလောဆယ်ကတော့ ပြင်ပေးပါမယ်လို့ ပြောထားတယ်’’ ဟု ဦးမောင်မောင်ဆွေကပြောသည်။
တပ်ကုန်း အမှတ်(၃) လမ်း ပိုင်းကို A1, TZTN နှင့် Royal Lotus ကုမ္ပဏီတို့က သက်ဆိုင်ရာ လမ်းပိုင်းအလိုက် ကန်ထရိုက်ရရှိ ထားသည်။
Royal Lotus ကုမ္ပဏီအနေ ဖြင့် တပ်ကုန်း အမှတ်(၃) လမ်း၊ (၄/၆) မိုင်မှ(၉/၄)မိုင်ကြား ထပ်ပိုး ကျောက်ကတ္တရာခင်းခြင်းလုပ် ငန်း (အရှည် ၂၅,၀၈၀ ပေ၊ အကျယ်၁၈ ပေ ၊ ထု ကိုးလက်မ) အတွက် ခွင့်ပြုငွေကျပ် သန်း ၅၀၀ ခန့် (၄၉၈ ဒသမ ၂၈၄ သန်း)ဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် နေပြည်တော် စည်ပင်သာယာ ရေးကော်မတီ ငွေလုံးငွေရင်း ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ယင်းလမ်းပိုင်းတွင် စိုက်ထူထားသည့် ဆိုင်း ဘုတ်များ၌ ဖော်ပြထားသည်။
‘‘အခုပြန်ပြင်မှာ ကောင်း အောင်ပြန်လုပ်ပေးရမှာပေါ့။ သူ တို့ဘာသာ ဒီဇိုင်းက ကွန်ကရစ် ပေါ်မှာ ထပ်ခင်းတယ်ဆိုတော့ မ ကြုံဖူးဘူး။ ဒီဇိုင်းက’’ ဟု Royal Lotus ကုမ္ပဏီ ပရောဂျက်မန်နေဂျာ ဦးငွေတိုးက ပြောသည်။
အလားတူ A1 ကုမ္ပဏီကလည်း တပ်ကုန်းအမှတ် (၃)လမ်း၊ (၀/၀)မိုင်မှ(၄/၆)မိုင်ကြား ထပ်ပိုး ကျောက်ကတ္တရာခင်းခြင်းလုပ် ငန်း (အရှည် ၂၅,၀၈၀ ပေ၊ အကျယ် ၁၈ ပေ၊ ထု ကိုးလက်မ) အတွက် ခွင့်ပြုငွေကျပ် သန်း ၅၀၀ ခန့် (၄၉၈ ဒသမ ၂၈၄ သန်း) ဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ငွေလုံးငွေရင်း (ဖြည့် စွက်) ရန်ပုံငွေဖြင့် ဆောင်ရွက် ခြင်းဖြစ်ကြောင်း ယင်းလမ်းပိုင်း တွင် စိုက်ထူထားသည့် ဆိုင်း ဘုတ်များ၌ ဖော်ပြထားသည်။
TZTN ကုမ္ပဏီက လုပ်ကိုင် သည့် လမ်းပိုင်းနှင့် ငွေပမာဏတို့ အတိအကျမသိသော်လည်း အ ထက်ပါ ကုမ္ပဏီနှစ်ခု၏ လမ်းမိုင် နှင့် ငွေပမာဏတို့ အတူတူဖြစ်နိုင်သည်ဟု ဦးမောင်မောင်ဆွေက ဆက်လက်ပြောကြားသည်။ ယင်းလမ်းပိုင်းကို မအပ်သေးမီ ယခုကဲ့သို့ အရည်အသွေးမပြည့်မီခြင်းကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဦးမောင်မောင်ဆွေက ပြောသည်။
‘‘မအပ်ရသေးဘူး။ လက်ရှိ လုပ်နေတုန်း၊ ပိုက်ဆံက ၅၀ ရာခိုင်နှုန်း ထုတ်ပြီးသွားပြီ။ မအပ် ရသေးခင်မှာ တွေ့လို့စစ်တာ’’ဟု ၎င်းက ပြောသည်။
ယခုအခါ ကန်ထရိုက်ရရှိ ထားသည့် စာချုပ်ပါ မူလအရည် အသွေးအတိုင်း ပြန်လည်ပြုပြင် ပေးရန် ကုမ္ပဏီများဘက်က အာမခံထားမှုကို စောင့်ကြည့်ပြီး မပြည့်မီဘဲ စာချုပ်ပါအချက်အလက်များ ဖောက်ဖျက်ပါက ဆက်လက်ဆောင်ရွက်မှုများ ပြုလုပ်မည်ဟု နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူက ပြောသည်။
မေလ ၅ ရက် မွန်းလွဲ ၃ နာရီ ခန့်က နေပြည်တော်ကောင်စီမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များက လမ်းပိုင်ကို ပြန်လည်ပြုပြင်ရန် လိုအပ်ချက်များကို သွားရောက် စစ်ဆေးခဲ့ပြီး ကုမ္ပဏီ တာဝန်ရှိသူများအား မှာကြားခဲ့သည်ဟု သိရ သည်။
7Day News
Saturday, May 6, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment