မော်လမြိုင်မြို့ သံလွင်မြစ်ကမ်းရှိ အမှိုက်များ ၀န်ကြီးချုပ် ဦးဆောင်၍ တစ်ပတ်အတွင်း ရှင်းလင်းမည်
မွန်ပြည်နယ် မော်လမြိုင်မြို့ သံလွင်မြစ်ကမ်းရှိ အ မှိုက်များကို မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးဆောင်မှုဖြင့် တစ်ပတ် အတွင်း ရှင်းလင်းမည် ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ သတင်းရရှိသည်။
သံလွင်မြစ်ကမ်းရှိ အမှိုက် များကို ရှင်းလင်းပြီးပါက အမှိုက် ပစ်သူများကို တွေ့ရှိလျှင် ပညာပေး အစီအစဉ် ဆောင်ရွက်မည် ဖြစ်ပြီး ဒုတိယ အကြိမ် တွေ့ရှိပါက အရေးယူမည် ဖြစ်ကြောင်း မွန်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာ အေးဇံက ဆိုသည်။
‘‘အမှိုက်ကားတွေလည်း အကုန်လုံး ရောက်လာပြီ၊ အမှိုက်ပုံး တွေရော ရောက်ပြီ။ သံလွင်မြစ် ကမ်းကို ပထမဆုံး အမှိုက် ရှင်းမယ်။ အမှိုက်စရှင်းတဲ့ နေ့မှာ မြို့လူထုတွေကို အသိပေးမယ်။ ရပ်ကျေး အုပ်ချုပ်ရေးမှူး တွေကို ခေါ် မယ်။ လာမယ့် တစ်ပတ် အတွင်း ရှင်းလင်း သွားမယ်။ သံလွင်မြစ် ကမ်းက အမှိုက်တွေက ကြာနေ ပြီးသား အမှိုက်တွေဆိုတော့ တစ်ရက်တည်းနဲ့ ရှင်းလို့ မရဘူး။ လူ အားနဲ့လည်း ရှင်းလို့ မရဘူး။ စက်နဲ့ပါ ကူရှင်းရမယ်’’ ဟု ဒေါက်တာ အေးဇံက ပြောကြားသည်။
မော်လမြိုင်မြို့တွင် အဓိက ဦးစားပေးအဖြစ် အမှိုက် ပြဿနာ ရှင်းလင်းမည် ဖြစ်ပြီး လူထုတွေ အနေဖြင့် သံလွင်မြစ် ထဲသို့ အမှိုက် ပစ်ချခြင်း၊ အညစ်အကြေးများ စွန့် ခြင်းကို ယခုအချိန်က စ၍ ရပ်ဆိုင်း စေလိုကြောင်း ၀န်ကြီးချုပ် က ဆိုသည်။
‘‘အမှိုက်ကလည်း တော်တော် ဒုက္ခပေးတယ်။ မြစ်ထဲကို ပစ်ချတယ်။ အမှိုက်ကား မလာလို့။ တစ်ခါတလေ ကျတော့လည်း ပြည်သူဘက်က လိုအပ်ချက်ရှိ တယ်၊ အမှိုက်ကား လာရင် မပစ် ဘူး၊ အမှိုက်ပုံးမှာ မပစ်ဘူး။ အဆင်ပြေတဲ့ နေရာ ချောင်းတွေ မှာ ပစ်လိုက်တယ်။ အဲဒီလို ပြည် သူဘက်က လိုအပ်ချက်ရှိသလို အမှိုက်ကား ဘက်က ပျက်ကွက် တာတွေလည်း ရှိတယ်။ နှစ်ဦး နှစ်ဖက် ညှိပြီးလုပ်ရင် အမှိုက် ပြဿနာက ဖြေရှင်းနိုင်မယ်’’ ဟု မော်လမြိုင် မြို့ခံမကေဇာခိုင်ဦး က ပြောသည်။
မော်လမြိုင်မြို့တွင် ရပ် ကွက် ၂၉ ခုရှိပြီး ရပ်ကွက် ၂၃ ခု ကိုသာ အမှိုက်သိမ်းဆည်းနိုင်ကာ မြိုင်သာယာ ရပ်ကွက်နှင့် ဖား အောက်ရပ်ကွက်က ကိုယ်ပိုင် အမှိုက် သိမ်းဆည်းခြင်း စနစ်ဖြင့် လုပ်ဆောင်နေခြင်း ဖြစ်သည်။
မော်လမြိုင်မြို့တွင် တစ်နေ့ လျှင် အမှိုက်တန်ချိန် ၁၅၀ ခန့် ထွက်ရှိနေပြီး တန်ချိန် ၆၀ ခန့်ကို သာ သိမ်းဆည်း နိုင်ကြောင်း၊ အ မှိုက်တန်ချိန် ၉၀ ခန့်ကို သိမ်းဆည်းရန် ကျန်ရှိ နေသေးကြောင်း မြို့နယ် စည်ပင်ဌာနမှ သတင်းရရှိသည်။
7Day News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment