Latest News

Wednesday, May 31, 2017

စစ်တုရင်ကစားသော စက်ရုပ် ထိုင်ဝမ်နည်းပညာပြပွဲတွင် လူကြိုက်များခဲ့

စစ်တုရင်ကစားသော စက်ရုပ် ထိုင်ဝမ်နည်းပညာပြပွဲတွင် လူကြိုက်များခဲ့

အာရှ၏ အကြီးဆုံး နည်းပညာပြပွဲ Computex ကို ထိုင်ဝမ်မြို့တော် တိုင်ပေတွင် ကျင်းပခဲ့ရာ စစ်တုရင်ကစားသော စက်ရုပ်က ပြပွဲကို ဖမ်းစားသွားခဲ့သည်။ ထိုင်ဝမ် သမ္မတ ဆန်အင်းဝမ်က အာရှ၏ ဆီလီကွန် ဗေးလီးစီမံကိန်းကို ဆောင်ရွက်နေပြီး ထိုင်ဝမ်စီးပွားရေးကို မြှင့်တင်ရန် ကြိုးပမ်းနေချိန်တွင် နှစ်စဉ်ကျင်းပနေကျ နည်းပညာပြပွဲ စတင်ခဲ့ခြင်းဖြစ်သည်။

လူနှင့်အရွယ်တူ စက်ရုပ်က စစ်တုရင်ကစားပွဲတွင် ကစားပြခဲ့ပြီး စက်ရုပ်၏ အသိဥာဏ်တု အလုပ်လုပ်ပုံက ပြပွဲကို ဖမ်းစားနိုင်ခဲ့သည်။ ယင်းစက်ရုပ်အား စက်ပစ္စည်းများ တပ်ဆင်မှုမှသည် စောင့်ရှောက်မှုပေးသော လုပ်ငန်းများ ဆောင်ရွက်သည်အထိ နယ်ပယ်စုံ၌ အသုံးချရန် မျှော်လင့်ကြောင်း ရင်းနှီးမြှုပ်နှံသူများက ပြောကြားခဲ့သည်။

အသိဥာဏ်တုအပြင် ပိုင်းခြားသိမြင်သော အမြင်စနစ် ပါဝင်သောကြောင့် ထိုစက်ရုပ်သည် လူက သောက်နေသော ကော်ဖီခွက်တွင် ကော်ဖီမည်မျှ ကျန်သည်ကို စစ်ဆေးသိရှိနိုင်စွမ်းရှိသည်။ ထိုင်ဝမ်တွင် Pepper စက်ရုပ်များကို လုပ်ငန်းခွင်များ၌ မိတ်ဆက်သုံးစွဲ နေပြီဖြစ်သည်။ ယမန်နှစ်က တိုင်ပေရှိ အာမခံကုမ္ပဏီ တစ်ခုနှင့် ဘဏ်နှစ်ခုတွင် Pepper စက်ရုပ်များကို စတင်အသုံး ပြုခဲ့သည်။

ယခုနှစ် Computex ပြပွဲတွင် နည်းပညာ ကုမ္ပဏီများက Virtual Reality နည်းပညာကို ဖျော်ဖြေရေးနှင့် ဂိမ်းကဏ္ဍများတွင် အသုံးချရန် နည်းလမ်းသစ်များကို ဖော်ထုတ် ပြသခဲ့ကြသည်။

Eleven Media Group

No comments:

Post a Comment