Latest News

Thursday, May 18, 2017

သာကေတရှိ ဈေးဆိုင်တစ်ဆိုင် မေ့ဆေးသုံး၍ ပစ္စည်းအလစ်သုတ်ခံရဟုဆို

သာကေတရှိ ဈေးဆိုင်တစ်ဆိုင် မေ့ဆေးသုံး၍ ပစ္စည်းအလစ်သုတ်ခံရဟုဆို

သာကေတမြို့နယ် ၁၀ တောင်ရပ်ကွက် သလ္လာဝတီ ၄ လမ်းရှိ ကုန်စုံဆိုင်တွင် ဆိုင်ရှင် အမျိုးသမီးတစ်ဦးတည်းရှိနေစဉ် မေ့ဆေးစပရေးအသုံးပြု၍ တစ် နေ့တာ ကုန်ပစ္စည်းရောင်းရငွေ များ၊ ငွေဖြည့်ကတ်များနှင့် ဖုန်း တစ်လုံးကိုခိုးယူမှု မေလ ၁၈ ရက်ည ၁၀ နာရီက ဖြစ်ပွားခဲ့သည်။

‘‘ယောက်ျားလား၊ မိန်းမ လားလဲမသိဘူး၊ ၀င်လာတာ သိတယ်။ စပရေးဖျန်းလိုက်တဲ့ အသံကြားတော့ အနံ့စူးစူးကြီးရ တာ။ နောက်ဘာမှန်းမသိတော့ ဘူး’’ဟု ဆိုင်ရှင်မဌေးက ပြော ကြားသည်။

ညအချိန်ဖြစ်သောကြောင့် လမ်းတွင် လူရှင်းနေပြီး ပတ်ဝန်း ကျင်ရှိလူများလည်း မသိရှိလိုက် ဟုဆိုသည်။

လွန်ခဲ့သော ရက်ပိုင်းက လည်း ယင်းရပ်ကွက်ရှိ ဇေယျဝ တီ ၁ လမ်း၌ အမျိုးသမီး လစဉ် သုံးပစ္စည်းသုံးချင်၍ဆိုကာ အမျိုး သမီးတစ်ဦး အိမ်ထဲသို့ဝင်ခွင့် တောင်း၍ ကူညီခဲ့ရာ အိမ်ရှေ့ ကုန်စုံဆိုင်ရှိ ငွေများ၊ အိမ်ထဲရှိငွေ များ ယူသွားခဲ့ကြောင်း ဇေယျဝတီ ၁ လမ်းနေ အသက် (၅၃)နှစ် အရွယ် အမျိုးသမီးက ပြောကြား သည်။


7Day News Journal

No comments:

Post a Comment