Wednesday, May 17, 2017
ဒီပဲယင်းမြို့နယ်မှ လေဘေးသင့်ကျေးရွာများသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေများ ပေးအပ်
ဒီပဲယင်း မေ ၁၇
စစ်ကိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်၌ မေ ၁၆ ရက် ည ၇ နာရီ ၃၀ မိနစ်ခန့်က ကျေးရွာလေးရွာ လေပြင်းတိုက်ခတ်ခံရပြီး လေပြင်းတိုက်ခတ်ခံရမှုကြောင့် လူနေအိမ်များ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းများ အမိုးလန်ပြိုလဲမှုများ ဖြစ်ပေါ်ခဲ့ရာ လူနေအိမ်(၁၄၅)အိမ် အခြားအဆောက်အဦ (၁၄)ခု ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းတို့ ပျက်စီးထိခိုက်ခဲ့ပြီး လူနေအိမ် (၃၀) ပြိုလဲကျခဲ့ကြောင်း သိရသည်။
အဆိုပါ လေးပြင်းတိုက်ခတ်ခံရသော ကျေးရွာများသို့ မေလ ၁၇ ရက် နံနက် ၆ နာရီခွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦဝင်းမြင့်အောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦဝင်းဇော်ထွေး တို့သည် စိုင်ပြင်စံပြကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး လေပြင်း တိုက်ခတ်ခံရသော အိမ်ထောင်စုများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတိုမှ ထောက်ပံ့လှူ ဒါန်းငွေကျပ်(၈၂)သိန်းနှစ်သောင်းနှင့် အိမ်ထောင်စုတစ်စုလျှင် ပုဆိုး လုံချည် ဆပ်ပြာ စွပ်ကျယ် မျက်နှာသုပ်ပဝါ ပစ္စည်း(၅)မျိုး ထောက်ပံ့ပေးအပ်ခဲ့သည်။
ဒီပဲယင်းမြို့နယ်တွင် မေ(၂)ရက်က ပထမအကြိမ် ကျေးရွာတစ်ရွာ လေပြင်းတိုက်ခတ်ခံရပြီး မေ(၅)ရက် ဒုတိယအကြိမ် ကျေးရွာပေါင်း (၁၉) ရွာနှင့် မေ (၁၆) ရက် တတိယအကြိမ်တွင် ကျေးရွာ(၄)ရွာ လေပြင်းတိုက်ခတ်ခံရကြောင်း သိရသည်။
သိန်းထွန်းအောင် (ဒီပဲယင်း-ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဒီပဲယင်းမြို့နယ်မှ လေဘေးသင့်ကျေးရွာများသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေများ ပေးအပ်
Reviewed by timeayeyar
on
4:43 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment