Latest News

Friday, May 19, 2017

အင်္ဂပူတွင် လူတဦး မိုးကြိုးထိမှန်သေဆုံး၊ လေပြင်းကြောင့် နေအိမ်များပြိုကျပျက်စီး

အင်္ဂပူတွင် လူတဦး မိုးကြိုးထိမှန်သေဆုံး၊ လေပြင်းကြောင့် နေအိမ်များပြိုကျပျက်စီး

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ တလိုင်းကွင်းကျေးရွာအုပ်စုထဲက တမံကြီးကျေးရွာမှာ မေ ၁၉ ရက်နေ့ ညနေ ၆ နာရီလောက်က လေပြင်းတိုင်ခတ်ခဲ့လို့ လူနေအိမ်တွေ ပျက်စီးခဲ့ပြီး လူတဦးလည်း မိုးကြိုးပစ်ခံရကာ သေဆုံးသွားပါတယ်။

“လေက ညနေပိုင်းမှာတိုက်တာပါ။ နာရီဝက်လောက်ကြာပါတယ်။ နေအိမ်တွေ ကတော့ အမိုးလန်တာတွေနဲ့ ပြိုကျတာဖြစ် ပွားခဲ့ပါတယ်။ လူကတော့ တဦးမှာထိခိုက်မူမရှိပါဘူး။ မိုးကြိုးပစ်ခံရတာက ကွင်းလှအုပ်စု နနတ်ကွင်းကျေးရွာက အမျိုးသမီးတဦးကတော့ သေဆုံးသွားခဲ့ပါတယ်လို”  တလိုင်ကွင်းဒေသခံ ဒေါ်ထိုက်ထိုက်ဦးက ပြောပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၅ လုံး အမိုးလန်ပြီး ၂ လုံး ပြိုကျသွားခဲ့ပါတယ်။ ၇ သိန်းကျော်ဖိုးလောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အင်္ဂပူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး စာရင်းဇယားတွေအရ သိပါတယ်။

“ခုလဘေးကိစ္စကိုတော့ ဖြစ်ပွားပြီချင်း ဟသာင်္တခရိုင် လူပြန်ကယ် ဦးစီးဌာနကို တင်ပြထားပါတယ်။ တရက်နှစ်ရက်အတွင်း ဆုံးရှုံးနစ်နာမှုတွေကို ကူညီထောက်ပံ့ နိုင်ဖို့ စီစဉ်နေတယ်” လို့ အင်္ဂပူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်က ဒီဗွီဘီကို ပြောပါတယ်။

သတင်း-သန်းထိုက်မြင့်၊ ဓာတ်ပုံ-အင်္ဂပူထွေအုပ်
DVB

No comments:

Post a Comment