မိုဘိုင်းဖုန်းပေါ်က တက္ကစီဝန်ဆောင်မှု
အငှားယာဉ်မောင်း ကို အေးမင်းထွဋ်တစ် ယောက် ဗိုလ်ချုပ် အောင်ဆန်းလမ်းမကြီးအတိုင်း ခရီးသည်ရှာဖွေရင်း ကားမောင်း လာစဉ် ကားစတီယာတိုင်ဘေးရှိ မိုဘိုင်းဖုန်းမှ Noti အသံတစ်ခုထွက်ပေါ်လာသည်။
အဆိုပါမိုဘိုင်းဖုန်းသည် စင် ကာပူနိုင်ငံအခြေစိုက် တက္ကစီဝန် ဆောင်မှုကုမ္ပဏီ Garb က ထုတ် ထားခြင်း ဖြစ်သည်။ Noti သံ မှာ တက္ကစီဝန်ဆောင်မှုရယူလိုသူ တစ်ဦးဦးက ကမ်းလှမ်းလိုက်သံကို ယာဉ်မောင်း ကိုအေးမင်းထွဋ်ထံ အသိပေးခြင်း ဖြစ်သည်။
တက္ကစီငှားရမ်းမည့်သူ နည်း ပါးနေသည့် နေ့လယ်ခင်းနေပူပူ၌ ခရီးသည်၏ ကမ်းလှမ်းမှုကို ရရှိ လိုက်သဖြင့် ကိုအေးမင်းထွဋ်တစ်ယောက် ၀မ်းသာသွားသည်။ တက္ကစီဝန်ဆောင်မှုရယူလိုသည့် တည်နေရာမှာ ၁၅ လမ်း မှတ်တိုင်ဖြစ်နေသည်ကို မိုဘိုင်းအက်ပလီကေးရှင်းပေါ်မှာ မြင်နေရသည်။
ကိုအေးမင်းထွဋ်ခရီးသည်ခေါ်ဆိုမှုကို မိုဘိုင်းဖုန်းပေါ်မှတစ်ဆင့် လက်ခံလိုက်သည်။ အငှားယာဉ်မောင်းတစ်ဦးအနေဖြင့် ခရီးသည်ခေါ်ဆိုမှုကို အက်ပလီကေးရှင်းပေါ်၌ လက်ခံလိုက်သည်နှင့် တစ်ပြိုင်နက်ခေါ်ဆိုသည့် ခရီးသည်၏ မိုဘိုင်းဖုန်းတွင် အငှားယာဉ်နှင့် ပတ်သက်သည့် အချက်အလက်များစုံစုံလင်လင်ရောက်ရှိမည်ဟု ၎င်းက ပြောသည်။
ယာဉ်မောင်းအမည်၊ ယာဉ် အမှတ်၊ ယာဉ်မောင်းသူဖုန်းနံပါတ် ကို တက္ကစီဝန်ဆောင်မှုရယူလိုသူ ၏ အက်ပလီကေးရှင်းထဲသို့ ချက်ချင်း ရောက်လာသည်။ ‘‘ကျွန်တော်ဘာမြင်နေရလဲဆိုတော့ (အက်ပလီကေးရှင်းထဲမှာ) ကားအ၀ါလေး တစ်စီး ကျွန်တော်ရှိတဲ့နေရာကို ရွေ့လာနေတယ်။ ကျွန်တော်သ ဘောကျတာကတော့ ကားမငှား လိုတော့ဘူးဆို အက်ပလီကေးရှင်းကနေ Cancel ပြန်လုပ်လို့ရတယ်။ ကားသမားဆီ ဖုန်းဆက်လို့ရ တယ်။ စာပို့လို့ရတယ်’’ဟု Grab အက်ပလီကေးရှင်းဖြင့် တက္ကစီငှား စီးသူ ဦးပိုင်သူက ပြောသည်။
အင်တာနက်ကွန်ရက်ကို အသုံးပြု၍ အက်ပလီကေးရှင်းပေါ် မှ တက္ကစီငှားရမ်းခြင်းဝန်ဆောင်မှု သည် ဧပြီအစပိုင်းအတွင်း အမေရိကန်အခြေစိုက် Uber ကုမ္ပဏီနှင့် စင်ကာပူအခြေစိုက် Grab ကုမ္ပဏီတို့ အပြိုင်အဆိုင် ၀င်ရောက်လာခဲ့ခြင်းကြောင့် ပြည်သူလူထုစိတ်ဝင်စားမှုနှုန်းမြင့်တက်ခဲ့သည်။
Uber နှင့် Grab မြန်မာနိုင်ငံ သို့ ရောက်ရှိမလာမီကတည်းက အက်ပလီကေးရှင်းဖြင့် တက္ကစီငှား ရမ်းခြင်းဝန်ဆောင်မှုကို Oway Ride က တွင်ကျယ်စွာ ပေးအပ်ခဲ့သည်။ Oway Ride ၀န်ဆောင်မှုမပေးမီ အစောပိုင်းကာလများ၌ Hello Cabs သည် ဖုန်းနံပါတ်တစ်ခုကို Callcenter အဖြစ်ထူထောင်၍ တက္ကစီငှားရမ်းခြင်း ၀န်ဆောင်မှုကို ပေးအပ်ခဲ့သည်။
လက်ရှိအချိန်၌ Hello Cabs သည်လည်း အက်ပလီကေးရှင်း ပေါ်မှ တက္ကစီဝန်ဆောင်မှုကို ရယူနိုင်ပြီ ဖြစ်သည်။ အင်တာနက်ကွန် ရက်ကို အသုံးပြု၍ အက်ပလီကေး ရှင်းဖြင့် တက္ကစီဝန်ဆောင်မှု ရယူလိုပါက Uber ၊ Grab ၊ OwayRide ၊ Hello Cabs အစရှိသည့် ကုမ္ပဏီလေးခုမှ မိမိငှားရမ်းအသုံး ပြုလိုသည့် ကုမ္ပဏီ၏ အက်ပလီ ကေးရှင်းကို မိုဘိုင်းဖုန်းအတွင်း ထည့်သွင်းရန် လိုအပ်သည်။ မြေပုံစနစ်ဖြင့် ဖန်တီးထားသည့် အက် ပလီကေးရှင်းဖြစ်သော်လည်း ဖိုင်ဆိုဒ်သည် ပုံမှန်အက်ပလီကေး ရှင်းအတိုင်း MB 40 ခန့် ရှိသည်။
အက်ပလီကေးရှင်းများ စ တင်အသုံးပြုသည့်အခါ မိမိဖုန်းနံပါတ်ကို ထည့်သွင်း၍ ဦးစွာ Registe ပြုလုပ်ရသည်။ ဖုန်းဖြင့် Registe ပြုလုပ်ရသဖြင့်Confirmation Code လိုအပ်သည်။ လုံခြုံတိကျမှုအရ အသုံးပြုသူကို အတည်ပြုနိုင်ရန် Confir-mation Code ကို ဖုန်းဆီသို့ ကုမ္ပဏီကပို့ပေးခြင်းဖြစ်သည်။
တိုက်ဆိုင်စစ်ဆေးအတည် ပြုသည့် နည်းလမ်းတစ်ခုဖြစ်သော Confirmation Code ကို Registe ပြုလုပ်သည့် မိုဘိုင်းဖုန်းနံပါတ်ထံ ကုမ္ပဏီက ပေးပို့လာမှသာ အက်ပလီကေးရှင်းအတွင်းသို့ ဆက်လက်ဝင်ရောက် အသုံးပြုနိုင်မည်ဖြစ်သည်။ အမည်၊ ဖုန်းနံပါတ်၊ အီးမေးလ်တို့ကို ဖြည့်သွင်းပြီးနောက် အက်ပလီကေးရှင်းထဲသို့ အသုံးပြုသူရောက်ရှိလာသည်။
အငှားတက္ကစီခေါ်ယူသည့် အက်ပလီကေးရှင်းသည် မြေပုံကို အခြေခံရေးဆွဲထားသည်။ မိုဘိုင်း ဖုန်းအတွင်းမှ GPS စနစ်ကို ဖွင့် သည်နှင့် မိမိရောက်ရှိနေသည့် တည်နေရာကို အက်ပလီကေးရှင်းပေါ်၌ အမှတ်အသားတစ်ခုအနေဖြင့် ပြသသည်။ သွားရောက်လိုသည့် တည်နေရာကို အက်ပလီကေးရှင်းပေါ်၌ မြန်မာစာဖြင့်လည်းကောင်း၊ အင်္ဂလိပ်စာဖြင့် လည်းကောင်း ရေးသားလိုက် သည့်အခါ အနီးစပ်ဆုံးတည်နေ ရာများနှင့် အထင်ကရတည်နေရာ များကို အက်ပလီကေးရှင်းက အလိုလိုညွှန်ပြပေးသည်။
သွားရောက်လိုသည့် တည် နေရာကို ရွေးချယ်ပြီးသည့်အခါ အသုံးပြုသူသည် ကားခေါ်ယူခြင်း လုပ်ငန်းစဉ်ကို Booking အနေဖြင့်ခေါ်ယူနိုင်ပြီ ဖြစ်သည်။ မြေပုံပေါ် ၌ ကုမ္ပဏီမှ ကားများသည် တက္ကစီပုံလေးများအဖြစ် တည်ရှိနေပြီး အနီးစပ်ဆုံးသော တက္ကစီထံသို့ အက်ပလီကေးရှင်းမှ Noti အနေ ဖြင့် အငှားကားခေါ်ယူနေကြောင်း အသိပေးသည်။ကုမ္ပဏီတစ်ခုနှင့်တစ်ခု လမ်းကြောင်း၊ ဈေးနှုန်းသတ်မှတ်ခြင်းသည် မတူညီသော်လည်း ပုံမှန်အားဖြင့် တက္ကစီယာဉ်မောင်းနှင့် ခရီးသည်အကြား ဈေးနှုန်းညှိနှိုင်းမှုကို အက်ပလီကေးရှင်းကြောင့် လိုအပ်ခြင်းမရှိတော့ပေ။
Grab အနေဖြင့် ငှားရမ်း သည့် လမ်းကြောင်းကို ပုံသေဈေး နှုန်းတစ်ခုအနေဖြင့် ၀န်ဆောင်မှု စတင်ယူစဉ်ကတည်းက အက်ပလီကေးရှင်းပေါ်တွင် ဖော်ပြပေးသော် လည်း Oway Ride သည် ကားငှားသည်နှင့် ၁,၅၀၀ ကျပ် ဦးစွာ ကောက်ခံပြီး ခရီးစဉ်၏ ၁ ကီလို မီတာကို ၂၇၀ ကျပ်ထပ်မံကောက် ခံသည်။
ခရီးစဉ်တစ်လျှောက် တက္ကစီမောင်းနှင်ရမည့် လမ်းကြောင်းကို အက်ပလီကေးရှင်းပေါ်၌ အပြာ ရောင်အနေဖြင့် ဖော်ပြထား၍ လမ်းကြောင်းမကျွမ်း ကျင်သူများ၊ နိုင်ငံခြားခရီးသွားများအတွက် တက္ကစီယာဉ်မောင်းက လမ်းကြောင်းအမှားဖြင့် ခေါ်ဆောင် မည်ကို ပူပန်ရန်မလိုအပ်ပေ။
‘‘အက်ပလီကေးရှင်းတွေက အရမ်းကောင်းတယ်။ နိုင်ငံခြား ကုမ္ပဏီတွေက အက်ပလီကေး ရှင်းတွေက ပိုကောင်းတယ်။ ပြည် တွင်းက ကုမ္ပဏီတွေရဲ့ အက်ပလီ ကေးရှင်းကတော့ တစ်ခါတလေ မှာ လေးနေတာတွေရှိတတ်တယ်။ ပြည့်စုံပြီး ကောင်းမွန်တယ်လို့ ပြောနိုင်ပါတယ်’’ဟု တက္ကစီငှားရမ်း သည့် အက်ပလီကေးရှင်းများနှင့် ပတ်သက်၍ Developer ကိုကိုရဲ က ပြောသည်။
မိုဘိုင်းအက်ပလီကေးရှင်း နည်းပညာကိုအသုံးပြု၍ တက္ကစီ ငှားရမ်းပြီး ခရီးစဉ်ဆုံးသည့်အခါ ငွေပေးချေမှုစနစ်သည် လက်ရှိအ ချိန်၌ ငွေစက္ကူဖြင့် လက်ငင်းပေး ချေမှုသာ အဓိကဖြစ်နေသည်။ Uber ၊ Grab အစရှိသည့် ကုမ္ပဏီ များသည် ငွေပေးချေမှုစနစ်ကို ဒစ်ဂျစ်တယ်ကတ်စနစ်များဖြင့် ခွင့်ပြု ထားသော်လည်း အများစုမှာ ငွေ စက္ကူဖြင့်သာ ပေးချေသည်။
‘‘ကတ်နဲ့ ငွေပေးချေလို့ရ တယ်ဆိုတာတော့ သိထားတယ်။ ဒါပေမဲ့ ကတ်နဲ့ ငွေပေးချေတာကိုတော့ မကြုံဖူးသေးဘူး’’ ဟု ကိုအေးမင်းထွဋ်က ပြောသည်။ သာမန်ခရီးသွားများအတွက် ငွေပေးချေမှုစနစ်သည် လက်ငင်းအနေဖြင့် ပေးချေမှုများရှိသော်လည်း ကုမ္ပဏီဝန်ထမ်းကဲ့သို့သော ပုံမှန်ဖောက်သည်များသည် ကုမ္ပဏီချင်းချိတ်ဆက်ထားသည့် အကောင့်များမှ ငွေကြေးစီးဆင်းသည်။
‘‘ငွေရှင်းတာက နှစ်မျိုးရှိတာ ပေါ့။ အခုက Cash နဲ့ ပေးနေတဲ့ အသုံးပြုသူတွေလည်းရှိတယ်။ ကျွန်တော်တို့မှာ နောက်ထပ်လုပ် ဆောင်ချက်တစ်ခုက Corporate Feature ဆိုတာရှိပါတယ်။ ဥပမာ ၀န်ထမ်းက မာကက်တင်း ခဏ ခဏထွက်တယ်ဆိုရင် ပိုက်ဆံကို ခဏခဏထုတ်မရှင်းရအောင် ကျွန်တော်တို့နဲ့ B to B Register လုပ်လို့ရတယ်။ ၀န်ထမ်းက ကားငှားစီးရင် ငွေရှင်းစရာမလိုတော့ဘူး။ ကျွန်တော်တို့နဲ့ Register လုပ်ထားတဲ့ ကုမ္ပဏီ ၆၀ ရှိသွားပါပြီ’’ဟု Oway Ride အကြီးတန်း ဒါရိုက်တာ ကိုကျော်မင်းဆွေက ပြောကြားသည်။
အက်ပလီကေးရှင်းဖြင့် တက္ကစီငှားရမ်းခြင်းဝန်ဆောင်မှုသည် မြန်မာနိုင်ငံ၌ ယနေ့ကြုံတွေ့နေရ သည့် ယာဉ်မောင်းနှင့် ခရီးသည် အပြန်အလှန်မယုံကြည်မှုများ၊ ယာဉ်မောင်းနှင့် ခရီးသည်အကြား ရာဇ၀တ်မှုများကို လျော့ကျသွား စေမည်ဟု Oway Ride ဖြင့် သုံး ကြိမ်တိုင်တိုင် ရန်ကုန်မြို့တွင်း ခရီးသွားလာဖူးသူ ကိုမြတ်သူက ပြော သည်။
အက်ပလီကေးရှင်းသည် ယာဉ်မောင်းအမည်၊ ယာဉ်အမှတ်နှင့် ခရီးစဉ်အတွင်း ရောက်ရှိနေ သည့် တည်နေရာများကို ကြည့်ရှု နိုင်သည့်အပြင် နယ်မြေမကျွမ်း ကျင်သူများအတွက် မိတ်ဆွေများ ထံ အထက်ပါအချက်အလက်များ ကို ကြိုတင်ပေးပို့ထားခြင်း ပြုလုပ် နိုင်သည်။
ယာဉ်မောင်းများနှင့် ပတ် သက်၍ ယုံကြည်စိတ်ချရခြင်းကို ကုမ္ပဏီအနေဖြင့် အာမခံထားပြီး ခရီးသည်နှင့် ပတ်သက်၍ ယုံကြည်စိတ်ချခြင်းကိုလည်း အက်ပလီ ကေးရှင်းပြုလုပ်စဉ်က အချက်အ လက်များဖြင့် ပြန်လည်အာမခံနိုင် သည်။ ထို့ကြောင့် ယာဉ်မောင်းနှင့်ခရီးသည်ကြား ပျက်ပြားနေသည့် ယုံကြည်မှုကို အက်ပလီကေးရှင်း ဖြင့် တက္ကစီငှားရမ်းခြင်းက ပြန် လည် တည်ဆောက်နိုင်မည်ဟု ကိုမြတ်သူ ယုံကြည်ခြင်းဖြစ်သည်။
‘‘လုံခြုံရေးအတွက် အက်ပလီကေးရှင်းတက္ကစီတွေက ကောင်း လာတယ်။ နောက်ပြီးတော့ ပုံမှန် လိုမျိုးလိုက်မယ်၊ မလိုက်ဘူးဆိုပြီး ညှိနှိုင်းစရာမလိုတော့ဘူး။ ဈေး လည်းညှိစရာမလိုတော့ဘူး။ အဲ ကွန်းဖွင့်ပါဦးလို့လည်း ပြောစရာ မလိုတော့ဘူး။ အကွာအဝေးတွေ၊ ကြာမြင့်ချိန်တွေဆိုတာလည်း အက်ပလီကေးရှင်းထဲမှာပဲ လွယ် လွယ်လေးကြည့်လို့ရတယ်’’ဟု ကိုကိုရဲက ပြောသည်။
အက်ပလီကေးရှင်းဖြင့် တက္ကစီငှားရမ်းခြင်းဝန်ဆောင်မှုကို ထူ ထောင်ထားသည့် ကုမ္ပဏီများ သည် အငှားတက္ကစီများကို ၀ယ် ပိုင်အနေဖြင့် ၀ယ်ယူတည်ထောင် ထားခြင်းမဟုတ်ဘဲ အကျိုးတူလုပ် ဆောင်လိုသည့် အငှားပိုင်များနှင့် ယာဉ်မောင်းများကို ချိတ်ဆက် ထားခြင်းသာ ဖြစ်သည်။ ကုမ္ပဏီ နာမည်တံဆိပ်ကပ်မည့် ကားများ ၏ ကြံ့ခိုင်မှုကိုစိစစ်ကာ အကျိုး တူရွေးချယ်ပူးပေါင်းခြင်း ဖြစ်သည်။
ကုမ္ပဏီနှင့် ယာဉ်မောင်းများ အကြား သဘောတူညီသည့် ခရီး စဉ်များအလိုက် ရရှိသည့် ငွေကြေးပေါ်၌ ရာခိုင်နှုန်းတစ်ခုသတ်မှတ် ထားခြင်း ဖြစ်သည်။ ‘‘ကျွန်တော် တို့အနေနဲ့ သူတို့ရှာပေးတဲ့အော်ဒါ အပေါ်မှာ ရရှိလာတဲ့ ငွေကြေးရဲ့ ၁၅ ရာခိုင်နှုန်းကို ပြန်ပေးရပါ တယ်’’ဟု Grab ယာဉ်မောင်းတစ် ဦးက ပြောသည်။
အလားတူ ယာဉ်မောင်းနှင့် ကုမ္ပဏီအကြား သဘောတူညီမှု သည် ခရီးစဉ်၌ ရရှိသည့် ငွေကြေး အပေါ် ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင် နှုန်းအထိ အသီးသီးသတ်မှတ်ထားခြင်းဖြစ်သည်။ ‘‘ကျွန်တော်တို့က ယာဉ်မောင်းဆီကနေ ၁၀ ရာခိုင်နှုန်းယူပါတယ်။ ငွေပေးချေမှုကတော့ စနစ်တစ်ခုနဲ့ သွားပါတယ်’’ဟု ကိုကျော်မင်းဆွေက ပြော သည်။
အက်ပလီကေးရှင်းပေါ်မှ တက္ကစီငှားရမ်းခြင်းကို အသစ်ဝင်ရောက်လာသည့် ကုမ္ပဏီနှစ်ခုက စမ်းသပ်ဆဲအနေဖြင့် ၀န်ဆောင်ပေးအပ်နေခြင်းဖြစ်သဖြင့် မြေ ပုံပေါ်တွင် ကားအစီးအရေအတွက် နည်းပါးနေသေးသော်လည်း လည်ပတ်မှုတစ်ခုအနေဖြင့် အရှိန်ရရှိနေသည့် Oway Ride သည် မြေပုံပေါ်၌ ကားအစီးအရေအများပြား တည်ရှိနေသည်။ အသစ်ဝင်ရောက်လာသည့်အက်ပလီကေးရှင်းနှစ်ခုအနက် Uber သည် မြေပုံပေါ်၌ အခုရက်ပိုင်းအတွင်း ကားပြေးဆွဲနေသည်ကို မတွေ့ရသော်လည်း Grab အက်ပလီကေးရှင်းသည် မြေပုံပေါ်၌ကားအစီးရေ အတော်အသင့် ရောက်ရှိနေသည်။
‘‘စမ်းသပ်ဆဲမို့လားတော့ မ သိဘူး။ အက်ပလီကေးရှင်းနဲ့ ခရီး စဉ်လိုက်ရတာ အတော်အဆင်ပြေနေတယ်’’ဟု ကိုအေးမင်းထွဋ်က ပြောသည်။ အလားတူ ‘‘ကားသ မားတွေနဲ့ စကားပြောရတာ အ ဆင်မပြေဘူး။ လမ်းပိတ်တယ်။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ လိုက်ချင်သလိုလို မလိုက်ချင်သ လိုလိုနဲ့ စကားပြောရတဲ့ ဒုက္ခကနေလွတ်ချင်တော့ အက်ပလီကေးရှင်းနဲ့ ကားစီးရတာကို သဘောကျလာတယ်’’ဟု ဦးပိုင်သူက ပြောသည်။
အက်ပလီကေးရှင်းဖြင့် တက္ကစီငှားရမ်းခြင်းသည် ခရီးသည်များ အတွက် အဆင်ပြေသည်ဟု ဆို သော်လည်း လုပ်ငန်းစတင်ခါစ ကုမ္ပဏီများဖြစ်သဖြင့် အဆင်မပြေမှုအချို့ရှိနေခြင်းပင် ဖြစ်သည်။ ‘‘Grab နဲ့ Uber က ကားနည်းသေးတယ်။ ပရိုမိုးရှင်းကာလမို့ထင်တယ်။ ခေါ်လိုက်ရင် Decline လုပ်ဖြစ်ကြတယ်။ Oway က အက်ပလီကေးရှင်းသုံးလို့မရ ဖြစ်နေတတ်တယ်။ Oway နဲ့ Hello Cabs က ဖုန်းဆက်ခေါ်ရတာပို လွယ်တယ်။ ဒါပေမဲ့ ရ၊ မရပြန်ပြောပေးမယ်ဆိုတာချည်းပဲ။ သာကေတကို ဒီတိုင်းငှားရင် မလိုက်လို့ အက်ပလီကေးရှင်းနဲ့ ခေါ်ပြီးငှားတယ်။ သူတို့ကလည်း သာကေတဆိုရင် မလိုက်ပြန်ဘူး’’ဟု အက်ပလီကေးရှင်းဖြင့် ကားငှားစီးနင်းသူ မနန်းညီက ပြောသည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment