လေဘေးကြောင့် နှစ်လအတွင်း လူ ၁၀ ဦးသေဆုံးပြီး နေအိမ်အဆောက်အအုံ ၆,၀၀၀ ကျော် ပျက်စီး
မိုးကြိုးပစ်ခံရမှုကြောင့် လူသေဆုံးမှုမပါဘဲ လေဘေး ကြောင့် နှစ်လအတွင်း လူ ၁၀ ဦး သေဆုံး၍ နေအိမ်အဆောက်အအုံ ၆,၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ သတင်းရ ရှိသည်။
မြန်မာနိုင်ငံ ဒေသအနှံ့တွင် မတ်လ ၆ ရက်က စတင်ကာ လေ ပြင်းနှင့် မိုးကြိုးအန္တရာယ် ရင်ဆိုင် ခဲ့ရသည်။ လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၏ မတ်လ ၆ ရက်မှ မေလ ၇ ရက်အထိ ပြုစု ထားသော စာရင်းအရ လေပြင်း တိုက်ခတ်၍ သစ်ပင်ပိခြင်း၊ အိမ် ပြိုခြင်းတို့ကြောင့် လူ ၁၀ ဦး သေ ဆုံးပြီး ၁၃ ဦးဒဏ်ရာရခဲ့သည်။
ယင်းကာလအတွင်း အိမ် ခြေ ၆၀၀ ခန့် လုံးဝပြိုကျကာ ၅,၆၀၀ ကျော် ပျက်စီးခဲ့ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာကိုကိုနိုင် က ပြောသည်။ သာသနိက အ ဆောက်အအုံ ၁၀၀ ကျော်ပျက်စီး ခဲ့သည်။
ဒေါက်တာကိုကိုနိုင်က ‘‘ဒီ စာရင်းက မိုးကြိုးကြောင့် သေဆုံး မှုမပါသေးဘူး။ လေပြင်းဒဏ် ကြောင့် သေဆုံးတဲ့စာရင်းပါ။ လေပြင်းကတော့ ဆက်တိုက်ဆို သလိုဖြစ်နေသလို လေပြင်းကာ ကွယ်ရေး ပညာပေးပိုင်းလည်း ဆက်တိုက်လုပ်နေပါတယ်’’ဟု ဆိုသည်။
လေပြင်းဒဏ်ကို နေပြည် တော်၊ စစ်ကိုင်း၊ မကွေး၊ ဧရာ ၀တီတိုင်းဒေသကြီး၊ ရခိုင်နှင့်ချင်း ပြည်နယ်တွင် အများဆုံးကြုံတွေ့ ခဲ့ပြီး မကွေးတိုင်းဒေသကြီးပခုက္ကူ မြို့၌ မေလ ၇ ရက် တစ်ရက်တည်း တွင် အိမ်ခြေ ၁၈၇ လုံး ပြိုကျခဲ့ပြီး ၁,၄၀၀ ကျော် ပျက်စီးခဲ့သည်။
ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဦးစီးဌာန၏ စာရင်းတွင် မိုးကြိုးကြောင့် သေ ဆုံးသူမပါသော်လည်း မိုးကြိုး ဒဏ်ရင်ဆိုင်ခဲ့ရသော ဒေသများ ထံမှ 7Day က ရရှိသော စာရင်း များအရ နှစ်လအတွင်း မိုးကြိုး ကြောင့် လူသေဆုံးမှု အနည်းဆုံး ၂၀ ဦးခန့်ရှိနေသည်။
မကွေးတိုင်း ဒေသကြီး ပေါက်မြို့တွင် မေလ ၆ ရက်က မိုးကြိုးပစ်ခံရ၍ လူလေးဦးတစ် ပြိုင်နက်သေဆုံးမှု ဖြစ်ပွားခဲ့သည်။
မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ်တွင် တောင်ယာ၌ လွှတ်ထားသော နွားအုပ်စု မိုးကြိုးပစ်ခံရကာ တစ်ကြိမ်တည်း ၁၁ကောင် သေဆုံးမှု မေလ ၅ရက်က ဖြစ်ပွားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးကျောက်တံခါးမြို့တွင် မိုးကြိုးပစ်ခံရ၍ လူတစ်ဦးနှင့် နွားနှစ်ကောင် သေဆုံးခဲ့သည်။ မတ်လနှင့် ဧပြီအတွင်း စစ်ကိုင်း၊ မကွေးနှင့်ရခိုင်ပြည်နယ်တို့တွင် မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးသူ ၁၅ ဦးခန့်ရှိခဲ့ သည်။ယခုရက်ပိုင်းအတွင်း လေထုမတည်ငြိမ်မှုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံဒေသအနှံ့၌ လေပြင်းနှင့် မိုးကြိုးအန္တရာယ် အထူးသတိပြုရန် မိုးလေ၀သပညာရှင်ဒေါက်တာထွန်းလွင်နှင့် မိုး/ဇလဌာနက ဆက်တိုက်သတိပေးနေသည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment