Latest News

Thursday, May 11, 2017

ရာသီဥတုပူ၍ ဆောက်လုပ်ရေးလုပ်သားများကို လုပ်ခတိုးမြှင့်ခေါ်ယူမှုများရှိလာ

ရာသီဥတုပူ၍ ဆောက်လုပ်ရေးလုပ်သားများကို လုပ်ခတိုးမြှင့်ခေါ်ယူမှုများရှိလာ

ရာသီဥတုအပူရှိန်ကြောင့် လုပ်ငန်း ခွင်ဝင်ရောက်သည့် အလုပ်သမား ရှားပါးခြင်း၊ လုပ်အားလျော့ကျ လာခြင်းစသည့် ဖြစ်စဉ်များရှိလာ ၍ လုပ်ခတိုးမြှင့်ခေါ်ယူမှုများရှိ လာကြောင်း ရန်ကုန်မြို့တွင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်အ ချို့ထံမှ သိရသည်။

‘‘အရင်က အလုပ်ကြမ်းသ မားတစ်ဦးကို ခုနှစ်ထောင်ပေးရ ရင် အခုကိုးထောင်လောက်အထိ ပေးပြီး ခေါ်နေရတယ်။ နေကအ ရမ်းပူတော့ ပုံမှန်လုပ်နေကျသူ တွေတောင် ဒီရက်ပိုင်းအတွင်း နားကြတာရှိတယ်’’ ဟု ကမာရွတ်မြို့နယ် ဆောက်လုပ်ရေးလုပ်ငန်း ခွင်တစ်ခုမှ အလုပ်သမား ကန် ထရိုက် ကိုအောင်သက်ပိုင်က ပြောကြားသည်။

လုပ်ခတိုးပေးပြီး ဆောက် လုပ်ရေးလုပ်သားများ ခေါ်ယူလာ သော်လည်း လိုအပ်သည့်အရေအ တွက် ရရှိရန်ခက်ခဲနေသည်ဟု လှိုင်မြို့နယ်မှ အလုပ်သမား ကန်ထရိုက် ဦးဌေးအောင်က ပြော သည်။

‘‘ဆောက်လုပ်ရေးအလုပ်သ မားက ပုံမှန်အခြေအနေမှာကို ရှား နေတာ။ အခုလိုရာသီဥတုပူတော့ ပိုဆိုးတာပေါ့’’ဟု ဦးဌေးအောင်က ပြောသည်။

ရန်ကုန်မြို့တွင်း ဆောက် လုပ်ရေးလုပ်ငန်းခွင် အချို့သည် သင်္ကြန်အပြီး နောက်ပိုင်းကစ၍ ရာသီဥတု ပူပြင်းလာခြင်းကြောင့် ဟုဆိုကာ နေ့ခင်းအလုပ်ချိန်များ ကို တစ်နာရီခန့်နားချိန်ပိုပေးလာ ကြောင်း သိရသည်။

အချို့သောလုပ်ငန်းခွင်များ ၌ နားချိန်ကိုသီးခြားသတ်မှတ် ပေးထားခြင်းမရှိဘဲ အလုပ်သမား အချင်းချင်းနားလည်မှုဖြင့် အနား ယူကာ လုပ်ကိုင်နေသည်ဟု လှိုင် မြို့နယ်ရှိ ကန်ထရိုက်တိုက် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ပန်းရန်အလုပ်သမား ကိုသိန်းက ပြောကြားသည်။

‘‘နေတအားပူတော့ ဓာတ် ဆားရည်ကိုလည်း အချိန်ပြည့် ဆောင်ထားရတယ်။ လုပ်ခက တော့ တချို့တိုးပေးတာလည်းရှိ တယ်။ ကျွန်တော်တို့ကျတော့ အစ ကတည်းက ပုတ်ပြတ်နဲ့လုပ်နေ တာဆိုတော့တိုးမရဘူး’’ ဟုကို သိန်းကပြောသည်။

ရန်ကုန်မြို့၏ နေ့အပူချိန် သည် မေလဆန်းက ၃၈ ဒီဂရီခန့်ရှိနေပြီး အပူရှိန်အန္တရာယ်ကို သတိထားကာကွယ်ရန် အစိုးရက သတင်းထုတ်ပြန်ထားသည်။


7Day News Journal

No comments:

Post a Comment