Latest News

Friday, May 5, 2017

အိန္ဒိယက မြန်မာပြည်ကို ရေနံပိုက်လိုင်း တည်ဆောက်ဖို့ စဉ်းစား

အိန္ဒိယက မြန်မာပြည်ကို ရေနံပိုက်လိုင်း တည်ဆောက်ဖို့ စဉ်းစား

အိန္ဒိယအစိုးရက အာသံပြည်နယ်ကနေ မြန်မာပြည်အလယ်ပိုင်းကို ရေနံပိုက်လိုင်းတစ်ခုတည်ဆောက်ဖို့ စဉ်းစားနေတယ်လို့ မနေ့က သတင်းရပါတယ်။ 

NRL လို့ အတိုကောက် ခေါ်တဲ့ အိန္ဒိယအစိုးရပိုင် Numarligarh Refinery Limited ဖက်စပ်ရေနံကုမ္ပဏီဟာ အာသံပြည်နယ်မှာအခြေစိုက်ပြီး လက်ရှိမှာ မြန်မာပြည်ကို ရေနံထွက်ပစ္စည်းတွေ ကားလမ်းက တင်ပို့ရောင်းချနေပါတယ်။  ဒါပေမဲ့ အာသံပြည်နယ်က မြန်မာပြည်အလယ်ပိုင်းကို ကားလမ်းနဲ့ ၉၃၈ ကီလိုမီတာသွားရပြီး တကယ်လို့ ကျီးကန်းပျံ တဖြောင့်တည်း ရေနံပိုက်လိုင်းတည်ဆောက်မယ်ဆိုရင် ၅၅၃ ကီလိုမီတာပဲ ဝေးတဲ့အတွက် အိန္ဒိယကုမ္ပဏီအတွက် အကျိုးများစွာ ဖြစ်ထွန်းပါလိမ့်မယ်။

အိန္ဒိယအစိုးရပိုင် အကြီးဆုံးရေနံကော်ပိုရေးရှင်ဖြစ်တဲ့ IOC (Indian Oil Corporation)  ကလည်း အခုလက်တလောမှာတင် မြန်မာပြည်မှာ ဓါတ်ဆီဆိုင်တွေဖွင့်ခွင့်ရရှိရေးအတွက် အဆိုပြုထားပါတယ်။ တကယ်လို့ အဲဒီအဆိုပြုချက်အတိုင်း ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ရေနံထွက်ပစ္စည်း လက်လီဆိုင်တွေ ဖွင့်ခွင့်ရမယ်ဆိုရင် ရေနံပိုက်လိုင်းက ပို့ဆောင်ခြင်းအားဖြင့် ပိုမိုအမြတ်အစွန်းရမှာ ဖြစ်ပါတယ်။ RFA

No comments:

Post a Comment