မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ ...
မကွေးတိုင်းဒေသကြီး ဝကခ ဟောင်း ဦးဘမရ ဟာ DSA အပတ်စဉ် (၂၀) ကပါ ။သူနဲ့ တပတ်စဉ်ထဲဟာ ဘယ်သူတွေလဲ ဆိုတာ ပြောပြစရာ လိုမည်မထင်ပါ ။ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ အိမ်တော်မှာ တာဝန်ထမ်းဆောင်ဘူးသူပါ ။ဦးဘုန်းမော်ရွှေ ရဲ့ ဖခင်ဟာ ဗိုလ်မှူးကြီး စိန်ရွှေ ဖြစ်ပြီး စစ်တက္ကသိုလ် ဒုကျောက်အုပ်ချုပ် ဖြစ်ပါတယ် ။ဦးဘုန်းမော်ရွှေရဲ့ မိခင်ဟာ သားကောင်းမိခင်ဆု ရရှိထားတဲ့ သထုံသူ မလေးနွယ် ဖြစ်ပါတယ် ။သူမဟာ မကွေးတိုင်း ဒေသကြီး ဝန်ုကီးချုပ်ဟောင်း ယခုပြည်သူ့ ဘဏ္ဍာငွေ သန်းပေါင်း (၇) ထောင်ကျော်သုံးစွဲထားသူ ဦးဘုန်းမော်ရွှေ အပါအဝင် သားသုံးယောက်စလုံးဟာ တပ်မတော် အရာရှိကြီးတွေ ဖြစ်ပါတယ် ။ ဦးဘုန်းမော်ရွှေမှာ စုနှင်းရွှေ ဆိုသည့် သမီးလေး တစ်ဦးသာရှိပြီး အသက် (၂၀) ခန့်ရှိမည် ထင်ပါသည် ။
ဦးဘုန်းမော်ရွှေဟာ မကွေးမြို့မှ ကောင်းမွန် ကုမ္မဏီမှာ အစုရှယ်ယာ ( ၄၀ ) ရာခိုင်နှုန်း ပါဝင်ထားသူပါ ။ ကောင်းမွန် ကုမ္မဏီဟာ အောက်ဖော်ပြပါ လုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်ပါတယ် ။
၁ ။ ပုဂ္ဂလိက ဆေးရုံလုပ်ငန်း ( မကွေးမှာ ၄ ခုရှိ)
၂ ။ လမ်းတံတား တိုးဂိတ် လုပ်ငန်း ( လုပ်ကိုင်ဆောင်ရွက်လျှက်ရှိသည့် လမ်းတံတား ကောက်ခံရေး လုပ်ငန်းတွေကတော့ အောင်လံမှ ကျောက်ပန်းတောင်းထိ ၊မကွေး ဧရာဝတီတံတား လေလံ ၊ ရွှေစက်တော် လေလံ ၊ မင်းဘူးခရိုင်အတွင်းရှိ ငဖဲမြို့နယ် ငဖဲ စေတုတ္တရာမြို့နယ်အတွင်းမှ သစ်လုပ်ကွက်များ ၊ မင်းလှမြို့ရှိ ရေနံလုပ်ကွက်များ ....စတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်ပါတယ် ။
၂၀၁၁ မှ ၂၀၁၅ ထိ အစိုးရနှင့်ဆိုင်သော တင်ဒါလုပ်ငန်းများကိုလည်း ကောင်းမွန် ကုမ္မဏီကပဲ လုပ်ကိုင်ခွင့် ရရှိခဲ့တာပါ ။
မန္တလေးမြို့နဲ့ ပြင်ဦးလွင် အပါအဝင် မြို့ကြီးတွေမှာ နန်းတော်တမျှုကြီးကျယ်ခန်းနားသော အိမ်ကြီးရခိုင်များကို ပိုင်ဆိုင်ထားသူပါ ။ ဒါတွေဟာ စာဖတ်သူများ စဉ်းစားတွေးတောင်နိုင်ရန် ဝန်ုကြီးချုပ်ဟောင်း ရဲ့ ပိုင်ဆိုင်မှု နှင့် လုပ်ငန်းများအကြောင်း တစေ့တစောင်းမျှသာ ။
လက်ရှိ မီဒီယားများနှင့် လူမှုကွန်ယက် စာမျက်နှာများတွင် ဖော်ပြနေသော ဦးဘုန်းမော်ရွှေ ကိုယ်ကျိုးအတွက်အသုံးပြုခဲ့သည့် ဒေသဖွံ့ ဖြိုးရေးငွေ သန်းပေါင်း(၇)ထောင်ကျော်ဟာ အားလုံးမဟုတ်သေးဘူးလို့ နီးစပ်သူများက ပြောနေကြပါသေးတယ် ။ စစ်ဆေးတွေ့ရှိထားတဲ့ ကျပ်သန်းပေါင်း (၇)ထောင်ကျော်ဟာ ၂၀၁၁ ခုနှစ် ဧပြီလမှ ၂၀၁၆ ခုနှစ် မတ်လအထိ မင်းလှမြို့နယ် ဒဟတ်ပင် ၊ရေနံမ ၊ ဆိတ်စနု ၊ဒကိုင်း ရေနံတွင်းတွေကနေ ကောက်လို့ ရတဲ့ငွေတွေပဲ ရှိပါသေးတယ် ။ ပခုက္ကူမြို့နယ် အရာတော် ၊ကျွန်းချောင်း ၊တန်းကြီး ၊မြိုင်နယ်ထဲက ဝယ်တောင် ၊ဆူးဝင်း ၊ ရေနံမြေတွေက ထွက်ရှိတဲ့ ရေနံတွင်းမှ ကောက်ခံရရှိတဲ့ ငွေတွေ မပါနိုင်သေးပါ ။ရေနံတစ်စည်ကို ဒေသဖွံ့ ဖြိုးရေးအတွက် ကောက်ခံတဲ့ ငွေက တစ်စည်ကို (၇၀၀၀) ကျပ်ပါ ။ ရေနံတွင်းတွေကနေ မုံရွာ ကျောက်ကာအထိ သယ်ယူခွင့် စာရွက် တစ်ရွက်ရဘို့ ပေးရတဲ့ငွေကြေးက ပျမ်းမျှ သိန်း(၂၀) ကနေ သိန်း (၅၀) ထိ ပေးရပါတယ် ။ သယ်ယူခွင့် စာရွက် တစ်ရွက်ဟာ ရေနံဂါလံ (၃၀၀၀) ကနေ (၃၆၀၀) ထိပဲ သယ်လို့ ရပါတယ် ။ အဲဒီစာရွက် မိတ္တူပွားပြီး ကုန်သယ်တွေက ဆယ်ဆလောက် သယ်ပါတယ် ။မင်းလှ ကနေ မုံရွာကျောက်ကာ အထိ ဌာနဆိုင်ရာတွေကို ရှင်းရသည့် လမ်းကြေးမှာ ဆီတွဲကားတစ်စီးကို ကျပ်သိန်း (၅၀) မှ ကျပ်သိန်း (၆၀) ထိ ကုန်ပါတယ် ။အပြန်ကျရင် ဆီတွဲ ဘောက်ဆာထဲကို ကျွန်းသစ် ခွဲသားတွေ ၊ တမလမ်း ခွဲသားတွေ ထည့်ပြီး ပြန်သယ်သွားကြပါတယ် ။
ဒီလောက်ဆိုရင် ဦးဘုန်းမော်ရွှေဟာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဘဝမှာ မကွေးတိုင်းတစ်တိုင်းတစ်ခုလုံးမှာ ရှိတဲ့ ရေနံတွင်းတွေ ဆီကနေ ဒေသဖွံ့ ဖြိုးရေးငွေတွေ ဘယ်လောက်ကိုယ်ကျိုးအတွက် သုံးခဲ့တယ် ၊ စာဖတ်သူများ စဉ်းစားဆင်ချင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ။
ဦးဘုန်းမော်ရွှေ ဟာ ဒီငွေတွေကို ပြန်ပေးမယ်ဆိုရင် ပြန်ပေးနိုင်ပါတယ် ။ ဒီငွေတွေကို ပြန်ပေးလိုက်ယုံနဲ့ အပြစ်မရှိတော့ဘူးလား ။ အမျိုးသား ရင်ကြားစေ့ရေး ဆိုတာကြီးကို အကြောင်းပြပြီး ဒီလိုနိုင်ငံတော် ဘဏ္ဍာတွေကို ကိုယ်ကျိုးအတွက် သုံးစွဲသူတွေကို ဥပဒေကြောင်းအရ အရေးမယူဘူးဆိုရင် ကျနော်တို့ တိုင်ပြည်ရဲ့ တရားဥပဒေဟာ မေးခွန်းထုတ်ရတော့မှာပါ ။ဒါဟာ မြောက်များစွာထဲက ဖော်ထုတ်နိုင်တာ တစ်ခုထဲပဲ ရှိပါသေးတယ် ။ဒီလို အလားတူဖြစ်ရပ်မျိုးတွေ အခြာအခြား သော ပြည်နယ်နှင့် တိုင်းတွေမှာ ရော မရှိနိုင်ဘူးလို့ ဘယ်သူတွေ ပြောနိုင်မလဲ ။ နောက်ပြီး ဒီငွေတွေဟာနိုင်ငံတော်အတိုင်ပင်ခံ ဒေါ်စုပိုင် ငွေကြေးတွေ မဟုတ်ပါဘူး ။ နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်ပိုင်ငွေကြေးလည်း မဟုတ်ပါ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပိုင်ငွေများလည်း မဟုတ်ပါ ။ နိင်ငံတော်(ပြည်သူများ)ပိုင်သောငွေများဖြစ်ပါသည်။ပြည်သူပိုင်ဆိုင်သောငွေများကိုအလွဲသုံးစားလုပ်၍ကိုယ်ကျိုးအတွက်အသုံးပြုခြင်းကိုနောက်ကြောင်းပြန်အေ၇းမယူ၇အကြောင်းပြ၍အေ၇းမယူပါကအလွဲသုံးစားလုပ်သူနည်းအတူ အေ၇းမယူသူ၌လည်းအပြစ်၇ှိပါတယ် ။ ပြည်သူ့ မျက်နာ ပြည့်သူ့ အကျိုးကြည့်မှာလား ၊ သူခိုးအားပေးလုပ်ပြီး ပြည်သူနဲ့ နိင်ငံတော်ကိုသစ္စာဖောက်က်မှာလား ကြိုက်တဲ့ လမ်းေ၇ွးပါ။ဥပဒေ ချိုးဖောက်သူတွေကို ဥပဒေအတိုင်း အရေးမယူပဲ ခွင့်လွှတ်ပိုင်ခွင့် အစိုး၇နဲ့ NLD ပါတီမှာမ၇ှိပါ။
နောက်ကြောင်း ပြန်လှန်ရင်နောက်ကြောင်းပြန်သွားမယ်လို့ခြိမ်ခြောက်တိုင်း အစိုးနဲ့ ပြည်သူတွေက ကြောက်နေရတော့မှာ လား ။မမျှတတဲ့ဖွဲ့စည်းပုံကိုပြင်ရင်
အသတ်ခံရမယ်လို့ခြိမ်းခြောက်တိုင်း အစိုးနဲ့ ပြည်သူလူထုကြီးက ကြောက်နေရတော့မှာလား ။ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်ထဲရေး
ဝန်ကြီးဌာန၊နယ်စပ်ဒေသဝန်ကြီးဌာနတွေကိုရွေးကောက်ခံအစိုးရနဲ့ပြည်သူတွေကတို့လို့ထိလို့ မရပဲ တသက်လုံး ကြောက်နေကြရတော့မှာလား ။ အဲဒီလို တစ်သက်လုံး မကြောက်ချင်လို့ အာဏာရှင်ကို တွန်းလှန်ုပြီး NLD အစိုးရကို မဲပေးရွေးချယ်ခဲ့ကြတာပါ ။
ကျနော်တို့ ပြည်သူတွေဟာ စစ်တပ်ကို မမုန်းပါ ။ စစ်ဗိုလ်ချုပ်တွေကို မမုန်းပါ ။ အခွင့်အာဏာကို အသုံးချပြီး ဥပဒေချိုးဖောက်ကာ ကိုယ်ကျိုးစီးပွားရှာသော စရိုက်များကို ရွံမုန်းခြင်းပါ ။ ကျနော်တို့နိုင်ငံအတွက် ခေတ်မှီသော တပ်မတော်ကြီး လိုအပ်ပါတယ် ။ ပညာရည်ပြည့်ဝသော စစ်ဗိုလ်ချုပ်ကြီးများ လိုအပ်ပါတယ် ။သူရသတ္တိနဲ့ပြည့်စုံတဲ့ တပ်မတော်သားများလည်း လိုအပ်ပါတယ် ။နိုင်ငံတော်ကို ခုတုံးလုပ်ပြီး မြေပေါ်မြေအောက် ၊ရေပေါ်ရေအောက် သယံဇာတများကို ရောင်းချပြီး တပ်မတော်အင်အားရှိရေးကိုသာ ပြုလုပ်ပြီး ပြည်သူကို မကာကွယ်ပဲ ပြည်သူကို လက်နက်ဖြင့်အနိုင်ကျင့်သော စစ်တပ်မျိုး ကို ကျနော်တို့မလိုချင်ပါ ။ ကိုယ်ကျိုးရှာသော စစ်ဗိုလ်ချုပ်များကို မလိုချင်ပါ ။ တရားခြင်း ၊မတရားခြင်းမစဉ်းစားပဲ ( ရှေ့တန်း စစ်မြေပြင်မှ လွဲပြီး ) အထက်အရာရှိ ခိုင်းသမျှ လုပ်သည့် သူရသတ္တိမရှိသော စစ်သားများကို မလိုချင်ပါ ။
Lu Hla
Subscribe to:
Post Comments (Atom)
No comments:
Post a Comment