Latest News

Monday, May 1, 2017

ရဲချုပ်ကိုအကြံပေးခန့် 

ရဲချုပ်ကိုအကြံပေးခန့် 

မကြာသေးခင်ရက်ပိုင်းကမှ အသက်၆၀ ပြည့်လို့ ရဲချုပ်တာဝန်ကအငြိမ်းစား ယူလိုက်တဲ့ ရဲချုပ်ဇော်ဝင်းကို ပြည်ထဲရေးဝန်ကြီးဌါန ပြည်ထောင်စုဝန်ကြီးရဲ့ အထူးအကြံပေးအဖြစ် ခန့် အပ်လိုက်တယ်ပါတယ်။

အထူးအကြံပေးခန့် လိုက်တဲ့အတွက်ရဲတပ်ဖွဲ့ ယူနီဖေါင်းချွတ်စရာမလိုဘဲ ဆက်လက် တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။

လစ်လပ်သွားတဲ့ ရဲချုပ်တာဝန်ကိုတော့ ဘယ်သူကိုတာဝန်ပေးမလဲ မသိရ သေးပါဘူး။

ရဲချုပ်တာဝန်က အငြိမ်းယူလိုက်တဲ့ ဦးဇော်ဝင်းဟာ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (OTS- ၆၁ ) သင်တန်းဆင်းဖြစ်သလို့ တာချီလိတ်မြို နယ် ဥက္ကဌ  ကက ( ကြည်း ) စစ်ဦးစီးမှူးဒုတိယတန်း ( G-2 ) စစ်ဦးစီးတက္ကသိုလ် ( ကလော ) မှာ ဗိုလ်မှူးကြီးရာထူးနဲ့ နည်းပြတာဝန်တွေ ထမ်းဆောင်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ ဒုတိယရဲချုပ်ဖြစ်လာသူပါ။

အဲဒီနောက်မှာတော့ ၂၀၁၃ ခုနှစ်မှာရဲချုပ်တာဝန်စတင်ထမ်းဆောင်ခဲ့ပြီး NLD အစိုးရလက်ထက်မှာလည်း နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးအဆင်ပြေသူ လို့ အစိုးရအဖွဲ့ ဝင်အချို့ က ပြောပါတယ်။

BBC

No comments:

Post a Comment