ညောင်တုန်းမြို့ မြစ်ကမ်းပါး ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ
မိုးမကျမီ အချိန်မီပြီးစီးရေး ဆောင်ရွက်လျက်ရှိ
ညောင်တုန်း မေ ၆
ဧရာဝတီမြစ်ရေ ရေကြောင်း ထိုးလာ ခြင်း၊ ပန်းလှိုင်မြစ်ရေတိုက်စားခြင်း တို့ကြောင့် ညောင်တုန်း (၂၁)လမ်း မြစ်ကမ်းပါးရေကာတာမှာ မတ်လ အစောပိုင်းက မြစ်ကမ်းပါး ကွဲအက်နိမ့်ကျမှုများ ဆက်တိုက်ဖြစ် ပေါ် လာသောကြောင့် မြို့မပျက်စီး ရေး၊ မြစ်ကမ်းဘေး တာတမံအနီး တွင် နေထိုင်သောသူများ မိုးရာသီတွင် ရေဘေးအန္တရာယ် ကင်းဝေးစွာ နေထိုင်နိုင်ရေးအတွက် မြစ်ကမ်းပါးထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မိုးမကျမီ အချိန်မီ ပြီးစီးနိုင်ရေးအတွက် မေ ၅ ရက်ကစတင်ကာ အင်တိုက်အားတိုက် ပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရေဘေးအန္တရာယ် အထူးစိုးရိမ်ရ သော (၂၁/ ၂၂)လမ်း ကမ်းနားတာ အနီးတွင် သံကူကွန်ကရစ်ဘိုးပိုင်များ တည်ဆောက်ခြင်း၊ ပေ ၂၅ဝ အရှည် ကျောက်စီမြေထိန်းနံရံများ တည် ဆောက်ခြင်းနှင့် အခြားရေဘေး အန္တရာယ်စိုးရိမ်ရသော (၂၄)လမ်းမှ (၂၇)လမ်းရှိ မြစ်ကမ်းတစ်လျှောက်တွင် လည်း သံကူကွန်ကရစ် ဘိုးပိုင်များ တည်ဆောက်ခြင်း၊ ကျောက်စီမြေထိန်း နံရံများ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မြို့ပတ်တာ ပြုပြင်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်ခြင်း၊ မြေသား ထိန်းနံရံများတည်ဆောက်ခြင်း၊ (၁၂)လမ်းကမ်းနားတာအနီး၌ ကွန်ကရစ် ဘိုးပိုင်များ တည်ဆောက်ခြင်း၊ ကျောက်စီနံရံများတည်ဆောက်ခြင်း၊ ကွန်ကရစ်နံရံများတည်ဆောက်ခြင်း လုပ်ငန်းများ စသည့် မြစ်ကမ်းပါး ထိန်းသိမ်း ကာကွယ်ရေးလုပ်ငန်းများကို အကြီးစားဆောင်ရွက် ခဲ့ခြင်းများ ကြောင့် မြို့နေပြည်သူများ ရေဘေး စိုးရိမ်မှုကင်းဝေးခဲ့ရပြီး ရေဘေး အန္တရာယ်မှ ကင်းဝေးခဲ့ရသည်။
မိုးမကျမီ ဧရာဝတီမြစ်ရေမတက် ခင် မြစ်ကမ်းပါးထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ မိုးရာသီရောက်ရှိတော့မည် ဖြစ်သဖြင့် တည်ဆောက်ရေး လုပ်ငန်းများကို အမြန်ဆုံးပြီးစီးရေးအတွက် မြို့နေ ပြည်သူလုထုက အထူးလိုလားလျက် ရှိနေကြသည်။
ထွန်းကျော်(ညောင်တုန်း)
Saturday, May 6, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment