Latest News

Thursday, May 11, 2017

ဧရာဝတီတိုင်းဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ဖောင်ဒေးရှင်းကို လှူဒါန်းခဲ့ခြင်းသာဖြစ်ဟု တိုင်းနယ်လုံဝန်ကြီးဟောင်းပြော

ဧရာဝတီတိုင်းဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ဖောင်ဒေးရှင်းကို လှူဒါန်းခဲ့ခြင်းသာဖြစ်ဟု တိုင်းနယ်လုံဝန်ကြီးဟောင်းပြော

ဥပဒေနှင့်ညီ၊ မညီ သက်ဆိုင်ရာအစိုးရအဖွဲ့ စစ်ဆေးပါက ပေါ်ပေါက်လာမည်ဟု လွှတ်တော်အမတ်ပြော

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဟောင်းက ဒေသဖွံ့ဖြိုး ရေးရန်ပုံငွေများကို ရယူထားခြင်း မရှိဘဲ ၂၀၁၆ မတ်လတွင် ဧရာဝတီပညာ၊ ကျန်းမာဘက်စုံဖွံ့ဖြိုးတိုး တက်ရေးဖောင်ဒေးရှင်းသို့ လွှဲပြောင်းလှူဒါန်းလိုက်ခြင်းသာဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရ နယ်လုံဝန်ကြီးဟောင်း ဦးမောင်မောင်ဝင်းက ပြောသည်။


‘‘ဧရာဝတီဘက်စုံဖွံ့ဖြိုးတိုး တက်ရေးဆိုတာ အရင်တုန်းက ရှိ ခဲ့ပါတယ်။ ဒီဖောင်ဒေးရှင်းကနေ ဧရာဝတီပညာ၊ ကျန်းမာဘက်စုံ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းအသစ်ကို ငွေတွေ လွှဲပြောင်းလှူဒါန်းလိုက် တာပါ။ လွှဲပြောင်းတဲ့အချိန်မှာ လည်း ငွေကျပ် ၅ ဒသမ ၂ ဘီလီ ယံလောက် တကယ်ရှိပါတယ်။ အလှူငွေအနေနဲ့ လက်ခံခဲ့တာ ဖြစ်ပါတယ်’’ဟု ဦးမောင်မောင် ၀င်းကပြောသည်။

ဖောင်ဒေးရှင်းအတွက် အ လှူငွေများကို လုပ်ငန်းရှင်များနှင့် အလှူရှင်အချို့က လှူဒါန်းခဲ့ သည်ဟုဆိုသည်။

မေလ ၁၁ ရက် နံနက်တွင် ဧရာဝတီ ပညာ၊ ကျန်းမာဖောင် ဒေးရှင်းရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ကျပ် ခုနစ်ဘီလီယံနှင့် ငါးဘီလီယံကြားကို ယခင်အစိုးရက ဖောင် ဒေးရှင်းအား ပေး၍ သုံးစွဲနေသည် ဟုဆိုသော သတင်းများထွက်ပေါ် နေမှုအပေါ် ယင်းကဲ့သို့ ရှင်းလင်း ပြောကြားရခြင်းဖြစ်ကြောင်း အ ငြိမ်းစားဗိုလ်မှူးကြီး မောင်မောင် ၀င်းက ပြောသည်။

ယခင် အစိုးရလက်ထက် တွင် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင် ဦးဆောင်၍ ဧရာဝတီ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းကို ၂၀၁၃ ၌ ဖွဲ့ စည်းခဲ့သည်။ အဆိုပါ ဖောင်ဒေး ရှင်း၏ သက်တမ်းသည် ၂၀၁၇ဒီဇင်ဘာအထိ ရှိသော်လည်း ၂၀၁၆ ဖေဖော်ဝါရီတွင် ထပ်မံဖွဲ့စည်းခဲ့သည့် ဧရာဝတီပညာ၊ ကျန်းမာဖောင်ဒေးရှင်းသည် ရည်ရွယ်ချက်ခြင်း တူညီသဖြင့် ထိုငွေများကို ၂၀၁၆ မတ်လ၌ လွှဲပြောင်းလှူဒါန်းခဲ့ကြောင်း ယခင်အစိုးရလက်ထက်က စီမံဘဏ္ဍာဝန်ကြီးဖြစ်သူ ဦးဝင်းကိုကိုကပြောကြား သည်။

‘‘အရေးအကြောင်းကြုံလာ ရင် အစိုးရ ကျောထောက်နောက် ခံပြုတဲ့ အဖွဲ့အစည်းတစ်ခုခုမှာ ပိုက်ဆံမရှိရင် ဒေသကို ကူညီ စောင့်ရှောက်၊ လုပ်စရာရှိတာ တွေလုပ်လို့မရဘူးဆိုတာ သိလာ တယ်။ အစိုးရက ငွေကြေးစု ဆောင်းကိုင်ဆောင်ထားခွင့်မရှိ ဘူးဆိုတဲ့ ဥပဒေလည်းရှိတယ်။ ဒါနဲ့တင် ဖောင်ဒေးရှင်းတစ်ခု ထူ ထောင်မယ်။ ဧရာဝတီတိုင်းရဲ့ အ ကျိုးကို လိုလားတဲ့ လုပ်ငန်းရှင် တွေရဲ့ ထည့်ဝင်ငွေတွေနဲ့ ထူ ထောင်မယ်ဆိုပြီး ဧရာဝတီဖွံ့ဖြိုး တိုးတက်ရေးဖောင်ဒေးရှင်းကို ထူ ထောင်ခဲ့တာ’’ဟု ဦးဝင်းကိုကိုက ဆိုသည်။

ထို့အပြင် ထိုငွေကြေးများ အပေါ် အစိုးရအဖွဲ့အနေဖြင့် သော်လည်းကောင်း၊ ဖောင်ဒေး ရှင်းအနေဖြင့်သော်လည်းကောင်း မဟုတ်တာမလုပ်ခဲ့သည်ကို ရဲရဲ ကြီးအာမခံကြောင်း၊ စည်းစနစ် တကျသာ ဖွဲ့စည်းခဲ့ပြီး၊ စည်း စနစ်တကျသာ ပညာ၊ ကျန်းမာ ဖောင်ဒေးရှင်းသို့ လွှဲပြောင်းပေးခဲ့ ကြောင်း ဦးဝင်းကိုကိုက ပြော ကြားသည်။

အဆိုပါဖောင်ဒေးရှင်းရုံးသို့ လွန်ခဲ့သည့် ရက်အနည်းငယ်က ပြည်ထဲရေးဝန်ကြီးဌာနမှ စာတစ် စောင်ရောက်ရှိလာကြောင်း၊ ဖောင်ဒေးရှင်း၏ ဆောင်ရွက်ချက် များ၊ ငွေစာရင်းများ၊ ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြရန် ရောက်ရှိလာခြင်းဖြစ် သည်ဟု ဆိုသည်။ ရောက်ရှိလာ ရခြင်းမှာလည်း ဧရာဝတီတိုင်းဒေ သကြီးအစိုးရအဖွဲ့က နိုင်ငံတော် သမ္မတရုံးသို့ တင်ပြမှုအပေါ် ပြည် ထဲရေးဝန်ကြီးဌာနက စိစစ်ခြင်း သာဖြစ်ကြောင်း ဦးမောင်မောင် ၀င်းက ပြောသည်။

‘‘ကျွန်တော်တို့ ဒီအစိုးရကို ဘာလို့မလှူလဲ။ ဒီငွေတွေက အစိုးရကိုလှူဒါန်းထားတဲ့ ဘဏ္ဍာငွေ ကြေး တစ်ခုမှမပါခဲ့တဲ့အတွက်အစိုးရကို မလှူခဲ့တာ။ မပေးခဲ့တာ။ မလွှဲခဲ့တာသာဖြစ်ပါတယ်’’ ဟု ဦးဝင်းကိုကိုကပြောသည်။

ဖောင်ဒေးရှင်းအလှူငွေလွှဲ ပြောင်းစဉ် ကျပ် ၅ ဒသမ ၂ ဘီလီ ယံရှိသော်လည်း ယခုအခါ ကျပ်၃ ဒသမ ၄၉ ဘီလီယံနှင့် ရရန် ၁  ဒသမ ၄၇ ဘီလီယံရှိပြီး စုစုပေါင်း ငါးဘီလီယံခန့် ရှိသည်ဆိုသည်။ ဖောင်ဒေးရှင်းငွေဖြင့် အကျိုးတူ ဖက်စပ်လုပ်ငန်းများ၌ ထည့်ဝင်ထားခြင်းလည်းရှိပြီး ဘဏ်အတိုး နှင့် ရင်းနှီးထားသော လုပ်ငန်းများ မှ စုစုပေါင်းဝင်ငွေ တစ်နှစ်လျှင် ကျပ်သိန်း ၄၀၀၊ ၅၀၀ ရှိသည်ဟု ဆိုသည်။

‘‘ကျွန်တော်တို့ ဘာတွေလုပ် လဲဆိုရင် သဘာဝဘေးနဲ့ပတ် သက်တာတွေ၊ ဥပမာ မနှစ်က ရေဘေးမှာ သိန်း ၅၀၀ လောက် လှူ ဒါန်းဖြစ်တယ်။ နောက် ဟိုတစ် လောက စက်လှေမှောက်တဲ့နေ ရာမှာ ပါသွားတဲ့သူတွေကို တစ် ယောက်တစ်သိန်းထောက်ပံ့ပေး ခဲ့တယ်။ နောက် တိုင်းထဲက တ ချို့သော ဖွံ့ဖြိုးရေးလုပ်ငန်းလေး တွေကိုလည်း ထောက်ပံ့ပေးခဲ့ တယ်’’ဟု ဦးမောင်မောင်ဝင်းက ပြောသည်။

၂၀၁၆ ဇူလိုင် ၁ ရက်က ဖျာပုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးဇေယျာမင်းသိန်းက ယခင်အစိုးရလက်ထက် တိုင်းဒေ သကြီးဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဖောင်ဒေးရှင်းထူထောင်ကာ ဆောင် ရွက်ခဲ့ခြင်းကိစ္စနှင့် ပတ်သက်ပြီး ဧရာဝတီတိုင်းလွှတ်တော်တွင် မေးမြန်းခဲ့ရာ ယခင်အစိုးရအဖွဲ့မှ ရန်ပုံငွေလွှဲပြောင်းပေးခြင်းမရှိခဲ့ ကြောင်း လူမှုရေးဝန်ကြီး ဒေါက် တာလှမြတ်သွေးက ပြောကြားခဲ့ သည်။

‘‘သူတို့မှန်တယ်၊ မမှန်ဘူးဆို တာကို သက်ဆိုင်ရာအစိုးရအဖွဲ့ က စစ်ဆေးမယ်ဆိုရင် ပေါ်လာမှာပဲခင်ဗျ။ ဒီဟာသည် ဥပဒေနဲ့ ညီ ညွတ်ခြင်းရှိ၊ မရှိဆိုတာကတော့ သက်ဆိုင်ရာအစိုးရအဖွဲ့ကနေ စစ်ဆေးလို့ရှိရင် ပေါ်ပေါက်လာ မှာပဲ’’ဟု တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးဇေယျာ မင်းသိန်းက ဦးမောင်မောင်ဝင်း၏ သတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်၍ ပြောကြားသည်။

ထို့အပြင် ယင်းကဲ့သို့ ကောက် ခံရရှိထားသည့် ရန်ပုံငွေများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့် ပြုချက်မရရှိဘဲ သုံးစွဲခွင့်ရှိ၊ မရှိကို ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီး ဦးဝင်းဌေးက ‘‘သူတို့သ တင်းစာရှင်းလင်းပွဲနဲ့ ပတ်သက် ပြီး ဘာမှပြန်ပြောလို့မရသေးဘူး။ ကျွန်တော်တို့က ဒီအချိန်မှာ ပြော လို့ရှိရင် ဟိုရောက်ဒီရောက်တွေ ဖြစ်မှာစိုးလို့။ အစိုးရအဖွဲ့က ညှိ ပြီးတော့မှ ပြန်ပြောမယ်။ ဒီကိစ္စ ကို ကျွန်တော်တို့က မသေချာဘဲ နဲ့ ပြောလို့မရဘူးပေါ့နော်။ အကျိုး အကြောင်းကို စိစစ်ပြီးတော့မှ ပြောလို့ရမယ်’’ဟု ပြန်လည်ပြော ကြားသည်။

7Day News

No comments:

Post a Comment