Friday, May 26, 2017
ကျောင်းရောက်မလာသော အသက် (၅) နှစ်ပြည့်ပြီး ကလေးငယ်များကို အိမ်တိုင်ရာရောက် လိုက်လံခေါ်ယူမည်
ကျောင်းရောက်မလာသော အသက် (၅) နှစ်ပြည့်ပြီး ကလေးငယ်များကို အိမ်တိုင်ရာရောက် လိုက်လံခေါ်ယူမည်
၂၀၁၇-၁၈ ပညာသင် နှစ် ဇွန်လကျောင်းဖွင့်ချိန်အထိ အခြေခံပညာ ကျောင်းများသို့ ရောက်ရှိမလာသော အသက် (၅) နှစ်ပြည့်ပြီး ကလေးငယ်များကို သက်ဆိုင်ရာအခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများက အိမ် တိုင်ရာရောက် လိုက်လံခေါ်ယူ ပြီး ကျောင်းအပ်နိုင်ရန် ကူညီပေး မည်ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ သိရသည်။
ပညာရေးဝန်ကြီးဌာနအနေ ဖြင့် ယခုပညာသင်နှစ်တွင် သူ ငယ်တန်း တက်ရောက်ရမည့် အသက် (၅) နှစ်ပြည့်ပြီးသည့် ကလေးငယ်အရေအတွက်ကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း ၍ မတ်လနှင့် ဧပြီအတွင်း စာ ရင်းကောက်ယူထားသည်။
ယင်းစာရင်းအရ သတ်မှတ် နယ်မြေကျောင်းများသို့ ကျောင်း ဖွင့်ချိန်အထိ ရောက်ရှိမလာသော ကလေးငယ်များကို လိုက်လံခေါ် ယူပြီး ကျောင်းတက်ရန် ထောက်ပံ့ကူညီမှုများလိုအပ်ပါက ဆောင် ရွက်ပေးမည်ဖြစ်သည်။
‘‘ဇွန်လ ၁ ရက်နေ့ ကျောင်းဖွင့် တဲ့အထိ ကျောင်းအပ်ရမယ့် ကလေးက လာမအပ်ဘူးဆိုရင် ဆရာမတွေက ကလေးအိမ်ကို လိုက်သွားမယ်။ နေမကောင်းလို့ လား၊ ခရီးလွန်နေလို့လား၊ ဒါမှ မဟုတ် ငွေကြေးအဆင်မပြေလို့ လားပေါ့။ အခမဲ့ပညာရေးဆို တော့ ကျောင်းမှာကတော့ ဘာမှ မလိုဘူး။ ဒါပေမဲ့ ကလေးကတစ် နေ့ ငွေ ၁,၀၀၀ နဲ့ မိဘကို အလုပ် လုပ်ပေးနေရတာမျိုးဆိုရင် မိဘ က ကျောင်းမလွှတ်ဘူး။ အဲဒီလို မျိုးတွေဆို အလှူရှင်ရှာပြီး အဲဒီ ငွေ ၁,၀၀၀ ပေးမယ်။ ကလေး ကျောင်းတက်ပါစေပေါ့။ အဲဒီလို စီစဉ်ပေးမယ်’’ဟု ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလဲ့ က ပြောကြားသည်။
အဆိုပါအစီအစဉ်ကို တစ် နိုင်ငံလုံးရှိ အခြေခံပညာကျောင်း များတွင် ဇွန်လဒုတိယပတ်အထိ ဆောင်ရွက်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုပညာသင်နှစ်၌ သူငယ်တန်းတက်ရောက်ရမည့် ကလေးငယ်ဦးရေ တစ်သိန်းငါးသောင်းခန့်ရှိသည်။
ကျောင်းနေအရွယ်ကလေး တိုင်း ကျောင်းသို့ ရောက်ရှိလာ ရေးနှင့် ကျောင်းထွက်သူပပျောက် ရေးစီမံချက်အနေဖြင့် ယင်းအစီ အစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး မူလတန်း အဆင့်တွင် ကျောင်းထွက်သူ လုံးဝမရှိစေရေးနှင့် အလယ်တန်း၊ အထက်တန်းအဆင့်များသို့ အ ဆင့်ဆင့် ဆက်လက်ပညာသင်ယူ နိုင်ရေး မိဘများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် ပညာရေးဝန်ကြီးဌာနက တိုက် တွန်းထားသည်။
7Day News
ကျောင်းရောက်မလာသော အသက် (၅) နှစ်ပြည့်ပြီး ကလေးငယ်များကို အိမ်တိုင်ရာရောက် လိုက်လံခေါ်ယူမည်
Reviewed by Ar Ti
on
8:43 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment